Burma Act က ဥပဒေ အဖြစ် ပြဌာန်းပြီးဖြစ်လို့ ငွေကုန်ကြေးကျ မများဘဲ လက်တွေ့လုပ်နိုင်တဲ့ အရေးယူမှုတွေကို ဆောင်ရွက်ဖို့ သမ္မတထရမ့် အစိုးရ အဖွဲ့ကို တိုက်တွန်းသွားမယ်လို့ Burma Research Institute က ပြောပါတယ်။ ဦးဆောင်သူ ဇိုသုန်းမှုန်ကို ကိုငြိမ်းချမ်းအေးက ဗွီအိုအေစတူဒီယိုထဲမှာ တွေ့ဆုံ မေးမြန်းထားပါတယ်။
ကနေဒါနိုင်ငံက သံမဏိနဲ့ အလျူမီနီယံ သွင်းကုန်တွေအပေါ် အမေရိကန်က အခွန် ၂ ဆတိုးပြီး ၅၀ ရာခိုင်နှုန်းကောက်ခံမှာဖြစ်ကြောင်း သမ္မတ Donald Trump က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတထရမ့် အဆိုပြုထားတဲ့ ဂါဇာဒေသခံ ၂.၃ သန်း တခြားတိုင်းပြည်တွေမှာ သွားရောက် အခြေချနေထိုင်ရေး အစီအစဥ်ကို အစ္စရေး သဘောထားတင်းမာသူတွေက ကြိုဆိုကြပါတယ်။ ပါလက်စတိုင်းတွေကတော့ ဒီအစီအစဥ်ကို လက်မခံပါဘူး။ VOA သတင်းထောက် Linda Bradstein ဂျေရုစလင်က ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်ရဲ့ ကုန်သွယ်ဖက်တွေအပေါ် သမ္မတ Donald Trump အခွန်တွေတိုးမြှင့်လိုက်တာကြောင့် မရေမရာ အခြေအနေတွေ ပေါ်ပေါက်နေပြီး၊ ရှေ့လာမယ့် လတွေမှာ စီးပွားရေး ကျဆင်းနိုင်ခြေရှိနိုင်တာကို သမ္မတက လက်ခံဖို့တွန့်ဆုတ်နေချိန်မှာပဲ အဓိကစတော့ရှယ်ယာ ဈေးကွက် ၃ ခုမှာ တနင်္လာနေ့က အစုရှယ်ယာဈေးတွေ ထိုးကျသွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ အမေရိကန် အရာရှိတွေ ဒီနေ့ Saudi Arabia နိုင်ငံမှာ ယူကရိန်း အရာရှိတွေနဲ့ စတင် တွေ့ဆုံဆွေးနွေးနေပြီး ရုရှားနဲ့ တစိတ်တပိုင်းအားဖြင့် အပစ်အခတ်ရပ်စဲမယ့် အစီအစဉ်ကို ယူကရိန်းဘက်က တင်ပြမယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်သမားရေးဝန်ကြီးအဖြစ် Lori Chavez-DeRemer ကို ခန့်ထားရေး အထက်လွှတ်တော်က မနေ့က တနင်္လာနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။
နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိတဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကို သမ္မတထရမ့်အစိုးရက သီတင်း ၆ ပတ်အတွင်း ရှင်းလင်းနေတာတွေ ပြီးဆုံးသွားပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က တနင်္လာနေ့မှာပြောပါတယ်။
ရုရှား ယူကရိန်းစစ် အမြန်အဆုံးသတ်နိုင်ရေး သမ္မတ Donald Trump က ကြိုးပမ်းနေတဲ့တချိန်တည်းမှာ ခုသီတင်းပတ်အတွင်း အမေရိကန်နဲ့ ယူကရိန်းခေါင်းဆောင်တွေ ဆော်ဒီအာရေးဘီယားမှာ စစ်ပွဲအဆုံးသတ်နိုင်ရေး ဆွေးနွေးကြမှာပါ။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ဒီနေ့ Saudi Arabia နိုင်ငံကို Jeddah မြို့ကို ရောက် သွားပြီး သမ္မတ Donald Trump ဖိအားပေးတိုက်တွန်းနေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ရှိပါတယ်။
သမ္မတအိမ်ဖြူတော်အနီး အထူးလုံခြုံရေးတပ်ဖွဲ့က အမျိုးသားတဦးကို တနင်္ဂနွေနေ့ကပစ်ခတ်ခဲ့တာကို ဝါရှင်တန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ အသေခံဖို့ ရည်ရွယ်ထားပုံရသူတဦးအင်ဒီယားနားပြည်နယ်ကနေ ဝါရှင်တန်မြို့တော်ကို သွားဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကကြိုတင်သတင်းပေးထားကြောင်း Secret Service ပြောခွင့်ရကပြောပါတယ်။
ဟာမတ်စ်အဖွဲ့က ဖမ်းထားတဲ့ ဓားစာခံတွေအရေး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆွေးနွေးမှုတွေဟာ အလွန်အကျိုးရှိပြီး လာမယ့် သီတင်းပတ်တွေအတွင်း ဓားစာခံတွေ လွတ်မြောက်ရေးကို ဦးတည်နိုင်တယ်လို့ ဓားစာခံအရေးဆိုင်ရာ အမေရိကန်သမ္မတရဲ့ အထူးကိုယ်စားလှယ် Adam Boehler က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်