သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားတိုက္ေလယာဥ္ အီရန္ဝယ္မည္


Sukhoi Su-35 jet fighter 

{{Zawgyi/Unicode}}

အီရန္က ႐ုရွားထုတ္ Su 35 ဂ်က္တိုက္ေလယဥ္ေတြဝယ္ယူဖို႔ သေဘာတူညီခ်က္ရခဲ့တယ္လို႔ အီရန္အစိုးပိုင္သတင္းဌာနက စေနေန႔မွာေၾကညာခဲ့ပါတယ္။

အီရန္နဲ႔႐ုရွားၾကား ဆက္ဆံေရးေတြတိုးျမင့္လာေနၿပီး အီရန္လုပ္ ဒ႐ုန္းလက္နက္ေတြကိုလည္း ႐ုရွားက ယူကရိန္းက်ူးေက်ာ္စစ္အတြင္း အသုံးျပဳေနပါတယ္။

SU 35 ဂ်က္တိုက္ေလယာဥ္ေတြဟာ နည္းပညာအရ အီရန္အတြက္သင့္ေလ်ာ္ၿပီး ဝယ္ယူဖို႔ေနာက္ဆုံးအဆင့္ စာခ်ဳပ္ၿပီးၿပီလို႔ ကုလသမဂၢဆိုင္ရာ အီရန္ကိုယ္စားလွယ္အဖဲြ႔ကေျပာတာကို ကိုးကားၿပီး အီရန္အစိုးရပိုင္ IRIB သတင္းဌာနက ေျပာပါတယ္။ ဒါေပမယ့္ ဒီကိစၥနဲ႔ပတ္သက္ၿပီး ႐ုရွားဘက္ကအတည္ျပဳခ်က္ကိုေတာ့ ဒီသတင္းမွာ ေဖၚျပခဲ့ျခင္းမရွိပါဘူး။

ဒါ့ျပင္ အီရန္အေနနဲ႔ အျခားႏိုင္ငံေတြကပါ တိုက္ေလယဥ္ေတြဝယ္ယူသြားမယ္လို႔ ဒီကိုယ္စားလွယ္အဖဲြ႔က ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့ ဘယ္ႏိုင္ငံေတြကေန ဝယ္ယူမယ္ဆိုတာကိုေတာ့ ေဖၚျပခဲ့ျခင္းမရွိပါဘူး။

႐ုရွားက ယူကရိန္းကိုက်ဴးေက်ာ္ခဲ့တဲ့အတြက္ အေနာက္ႏိုင္ငံေတြက ဖိအားေပးေနခ်ိန္မွာပဲ ၿပီးခဲ့တဲ့ဇူလိုင္လထဲတုန္းက ႐ုရွားသမၼတ ဗာလာဒီမာပူတင္ဟာ အီရန္ႏိုင္ငံကိုသြားေရာက္ခဲ့ၿပီး အီရန္ေခါင္းေဆာင္ အရာတိုလာ အလီ ခါမီနီနဲ႔ ေတြ႔ဆုံခဲ့ပါတယ္။

အီရန္ဟာ ႐ုရွားကို ေမာင္းသူမဲ့ဒ႐ုန္းယာဥ္ေတြေထာက္ပံ့ခဲ့တာကို အတည္ျပဳခဲ့ေပမဲ့ ဒီဒ႐ုန္းလက္နက္ေတြဟာ ႐ုရွားက ယူကရိန္းကိုမက်ဴးေက်ာ္မီကတည္းက တင္ပို႔ဖို႔ သေဘာတူခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

၂၀၁၈ ခုႏွစ္တုန္းကေတာ့ အီရန္ဟာ သူ႔ရဲ႕ေလတပ္အတြက္ Kowsar တိုက္ေလယဥ္ေတြထုတ္လုပ္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။

႐ုရွားတိုက္ေလယာဥ္ အီရန္ဝယ္မည္.mp3
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္

================

{{Unicode}}

ရုရှားတိုက်လေယာဉ် အီရန်ဝယ်မည်

အီရန်က ရုရှားထုတ် Su 35 ဂျက်တိုက်လေယဉ်တွေဝယ်ယူဖို့ သဘောတူညီချက်ရခဲ့တယ်လို့ အီရန်အစိုးပိုင်သတင်းဌာနက စနေနေ့မှာကြေညာခဲ့ပါတယ်။

အီရန်နဲ့ရုရှားကြား ဆက်ဆံရေးတွေတိုးမြင့်လာနေပြီး အီရန်လုပ် ဒရုန်းလက်နက်တွေကိုလည်း ရုရှားက ယူကရိန်းကျူးကျော်စစ်အတွင်း အသုံးပြုနေပါတယ်။

SU 35 ဂျက်တိုက်လေယာဉ်တွေဟာ နည်းပညာအရ အီရန်အတွက်သင့်လျော်ပြီး ဝယ်ယူဖို့နောက်ဆုံးအဆင့် စာချုပ်ပြီးပြီလို့ ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်အဖွဲ့ကပြောတာကို ကိုးကားပြီး အီရန်အစိုးရပိုင် IRIB သတင်းဌာနက ပြောပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားဘက်ကအတည်ပြုချက်ကိုတော့ ဒီသတင်းမှာ ဖေါ်ပြခဲ့ခြင်းမရှိပါဘူး။

ဒါ့ပြင် အီရန်အနေနဲ့ အခြားနိုင်ငံတွေကပါ တိုက်လေယဉ်တွေဝယ်ယူသွားမယ်လို့ ဒီကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံတွေကနေ ဝယ်ယူမယ်ဆိုတာကိုတော့ ဖေါ်ပြခဲ့ခြင်းမရှိပါဘူး။

ရုရှားက ယူကရိန်းကိုကျူးကျော်ခဲ့တဲ့အတွက် အနောက်နိုင်ငံတွေက ဖိအားပေးနေချိန်မှာပဲ ပြီးခဲ့တဲ့ဇူလိုင်လထဲတုန်းက ရုရှားသမ္မတ ဗာလာဒီမာပူတင်ဟာ အီရန်နိုင်ငံကိုသွားရောက်ခဲ့ပြီး အီရန်ခေါင်းဆောင် အရာတိုလာ အလီ ခါမီနီနဲ့ တွေ့ဆုံခဲ့ပါတယ်။

အီရန်ဟာ ရုရှားကို မောင်းသူမဲ့ဒရုန်းယာဉ်တွေထောက်ပံ့ခဲ့တာကို အတည်ပြုခဲ့ပေမဲ့ ဒီဒရုန်းလက်နက်တွေဟာ ရုရှားက ယူကရိန်းကိုမကျူးကျော်မီကတည်းက တင်ပို့ဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်တုန်းကတော့ အီရန်ဟာ သူ့ရဲ့လေတပ်အတွက် Kowsar တိုက်လေယဉ်တွေထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG