သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းခိုလှုံခွင့် အစီအစဉ် အကောင်ထည်ဖော်မှုနှေးကွေး


မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေအတွင်း ထွက်ပြေးလာသူတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ထိုင်း စစ်သားတွေ စောင့်ကြည့် လက်ခံ နေတဲ့ မြင်ကွင်း။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန (AP သတင်းဌာနမှတဆင့်)
မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေအတွင်း ထွက်ပြေးလာသူတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ထိုင်း စစ်သားတွေ စောင့်ကြည့် လက်ခံ နေတဲ့ မြင်ကွင်း။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန (AP သတင်းဌာနမှတဆင့်)

ထိုင်းနိုင်ငံမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ ခိုလှုံခွင့် အစီအစဥ် တနှစ် ပြည့်ချိန်မှာ လူ ၁၀ ဦးထက်နည်းတဲ့ ပမာဏကိုသာ ခိုလှုံခွင့်ပေးထားတယ်လို့ ပြောကြောင်း ထိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ အရင် အပတ်က တွေ့ဆုံခဲ့တဲ့ အကူအညီပေးရေးအဖွဲ့ဝင်တွေက ဗွီအိုအေကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် ပြည်ပက နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် စိစစ်တာတွေ တိုးလုပ်နေချိန်မှာ ဒုက္ခသည်တွေကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ ခိုလှုံခွင့်အစီအစဉ်အကောင်အထည်ဖော်မှုပိုင်းမှာ တိုးတက်မှု အလွန်နှေးကွေးနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ ခိုလှုံခွင့် အစီအစဥ် တနှစ် ပြည့်ချိန်မှာ ခိုလှုံခွင့်ရသူ အနည်းငယ်ပဲ ရှိတယ်လို့ ဆိုပါတယ်။ အရွယ်ရောက်ပြီးသူတွေနဲ့ သူတို့ရဲ့ကလေးငယ်တွေ အပါအဝင် လူ ၁၀ ဦးထက်နည်းတဲ့ ပမာဏကိုသာ ခိုလှုံခွင့်အစီအစဉ်နဲ့ အပြည့်အဝစစ်ဆေးပြီးနောက်ပိုင်း ခိုလှုံခွင့်ပေးထားတယ်လို့ ပြောကြောင်း ထိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ အရင် အပတ်က တွေ့ဆုံခဲ့တဲ့ အကူအညီပေးရေးအဖွဲ့ဝင်တွေက ဗွီအိုအေကို ပြောပါတယ်။ ခိုလှုံခွင့် လျှောက်ထားသူတွေထဲက ၁ ဦးကို ပယ်ချခဲ့ပြီး ကျန် လျှောက်ထားသူ ၂၀၀ ဝန်းကျင်ကိုတော့ စိစစ်ဆဲ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောတယ် ဆိုပါတယ်။

ကုလသမဂ္ဂကတော့ ထိုင်းနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံသူ ၅,၀၀၀ ဝန်းကျင်ရှိတယ်လို့ ခန့်မှန်းထားပြီး အမှန်တကယ် အရေအတွက်မှာ ဒီထက် ပိုများဖွယ်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ခိုလှုံခွင့် အစီအစဉ်ကို ဦးဆောင်နေတဲ့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ လက်အောက်က လူဝင်မှုကြီးကြပ်ရေး ဌာန၊ အမျိုးသားလုံခြုံရေးကောင်စီ နဲ့ နိုင်ငံခြားရေးဌာန တို့ကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် တစုံတရာ တုံ့ပြန်တာ မရှိပါဘူး။

လူ့အခွင့်အရေး အဖွဲ့တွေကတော့ ခိုလှုံခွင့် လျှောက်ထားဖို့ အရည်အချင်းပြည့်မီသူ အများအပြားဟာ ထိုင်း ရဲတပ်ဖွဲ့ ဆီမှာ လာရောက် လျှောက်ထားဖို့ တွန့်ဆုတ်နေကြတာက အခက်အခဲ ဖြစ်နေတယ်လို့လည်း ထောက်ပြကြပါတယ်။

ထိုင်းနိုင်ငံဟာ ဒုက္ခသည်တွေကို တရားဝင် အသိအမှတ်ပြုမထားပါဘူး။ တရားဝင် ပြည်ဝင်ခွင့်ဗီဇာ နဲ့ နိုင်ငံကူးလက်မှတ်မပါဘဲ နိုင်ငံတွင်းဝင်ရောက်သူ‌ အားလုံးကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအဖြစ် သတ်မှတ်ပါတယ်။ ဒါကြောင့် မနှစ် စက်တင်ဘာလမှာ ထိုင်းအစိုးရက “အကာအကွယ်ပေးထိုက်သူ” တွေကို ခိုလှုံခွင့် ပေးနိုင်မယ့် နိုင်ငံတော် စိစစ်ရွေးချယ်ရေး ယန္တရား တရပ်ကို ထူထောင်ခဲ့ပြီး အခြားနိုင်ငံတွေက “နှိပ်စက်ညှဉ်းပန်း ခွဲခြား ဆက်ဆံမှုရန်က ကြောက်ရွံ့ ထွက်ပြေးလာသူတွေ” ကို လက်ခံပေးဖို့ စီစဥ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG