တရုတ်လျှပ်စစ်ကားတွေအပေါ် အီးယူက သွင်းကုန်ခွန် အကြီးအကျယ် တိုးမြှင့်ကောက်ယူပြီး ၄ လနီးပါး အကြာမှာ ခုလို ပြောဆိုလိုက်တာပါ။
တရုတ်ကုမ္ပဏီကြီးတွေ အနေနဲ့ သူတို့အသုံးပြုတဲ့ မြေ၊ ဘက်ထရီ၊ နဲ့ ကုန်ကြမ်းပစ္စည်းတွေကို ကာလပေါက်စျေးထက် သက်သာတဲ့စျေးနဲ့ ရအောင် အစိုးရ ထောက်ပံ့ကြေးနဲ့ တခြား ဘဏ္ဍာငွေကြေးဆိုင်ရာ အကျိုးခံစားခွင့်တွေ ရရှိနေသလား ဆိုတာကို အီးယူက စုံစမ်း စစ်ဆေးခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ တရုတ်လျှပ်စစ်ကားတွေကို သွင်းကုန်ခွန် ၄၅.၃ % အထိ တိုးကောက်ဖို့ အီးယူရဲ့ နိုင်ငံတကာ ကုန်သွယ်ရေး မူဝါဒတွေကို ကြီးကြပ်ရတဲ့ ဥရောပကော်မရှင်မှာ မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်ဘက်က အကောင်းဆုံး ဆွေးနွေးညှိနှိုင်း နေတဲ့အကြောင်းနဲ့ အီးယူ အနေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ တောင်းဆိုချက်ကို သတိပြုပြီး အပြန်အလှန် တွေ့ဆုံ ဆွေးနွေးမှုတွေ၊ တိုင်ပင် နှီးနှောမှုတွေ ကနေတဆင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားနိုင်ဖို့ မျှော်လင့်ကြောင်းလည်း တရုတ် စီးပွား ကူးသန်း ဝန်ကြီးဌာန ပြောခွင့်ရ He Yadong က ပြောပါတယ်။
Forum