သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်း−ကယား (ကရင်နီ) နယ်စပ်မှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေ


ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ။
ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ။

ရှမ်း-ကယားနယ်စပ်မှာ ရက်ဆက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ခုတလောဖြစ်တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပိုမိုတိုက်ခိုက် နှိပ်ကွပ်လာတယ်လို့ KNDF က VOA ကို ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူတွေလည်း အရင်ကထက် အိုးပစ်အိမ်ပစ် ပြေးလွှားနေကြရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

အခု မတ်လဆန်ကတည်းက ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း၊ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံဘက်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ခုချိန်ထိ ရက်ဆက်ဆိုသလို ကြိုကြာကြိုကြာ တိုက်ပွဲဖြစ်ပွားနေဆဲဘဲလို့ KNDF ကရင်နီအမျိုးသားများကွယ်ရေးတပ် ဗဟိုပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက VOA ကို ပြောပါတယ်။

“တိုက်ပွဲက ဖြစ်တုန်းဗျ။ အခုဖြစ်တဲ့ တိုက်ပွဲက အရမ်းကြီး ပြင်းထန်မှုတော့ မဟုတ်ဘူး။ ကျနော်တို့ တစ်နာရီ၊ နှစ်နာရီ ထိတွေ့လိုက်၊ ကျနော်တို့ပြန်ရပ်သွားလိုက်၊ အဲ့လိုမျိုးပေါ့နော်၊ အဲ့လိုဖြစ်တယ် ဟုတ်။ ဖြစ်တာတော့ နေ့တိုင်းဖြစ်နေတယ်ပေါ့နော်။ အဓိက ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရယ် ခုနပြောတဲ့ ဖယ်ခုံ ပင်လောင်းနယ်ဘက်တကျောပေါ့လေ အဲ့ဘက်မှာတော့ ရှိတယ်ဟုတ်။”

ခုတလော ဖြစ်ခဲ့တဲ့တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

အခု ဖြစ်တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပိုမို တိုက်ခိုက်လာတယ်လို့ KNDF က ပြောပါတယ်။

“ဒီတိုက်ပွဲတွေမှာ ဆိုလို့ရှိရင် လေကြောင်းအသုံးပြုမှုက ဆက်တိုက် ဖြစ်လာတယ်ပေါ့လေ။ နေ့စဉ်ရက်ဆက်လို့ ပြောလို့ရတာပေါ့။ လေကြောင်း အသုံးပြုမှုကို သူတို့ တော်တော်လေး အားစိုက်ပြီး လုပ်လာတာရှိတယ်။ ဆိုတော့ တိုက်ပွဲတွေအတွင်းမှာ ဆိုလို့ရှိရင် ဒီရက်ပိုင်းထဲမှာ ဆိုလို့ရှိရင် လေယာဉ်နဲ့ လာပစ်တာမျိုး မရှိပေမယ့် တောက်လျှောက် ကင်းထောက်တွေ ဝဲနေတာပေါ့နော်။”
ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီးမော့ဆို အရှေ့ခြမ်းကနေ လွိုင်ကော်မြို့ဘက်ကို တိမ်းရှောင်လာတဲ့ စစ်ရှောင်တစ်ဦးက သူတို့ မပြောင်းခင်ရက်က နေအိမ်ပတ်ဝန်းကျင်မှာ လက်နက်ကြီးတွေလည်း မကြာခဏ ကျရောက်နေသလို ရဟက်ယာဉ်တွေ အမြဲတမ်း ပြန်ဝဲနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေဟာ တိုက်ပွဲကြောင့် ပြေးလွှာနေရတဲ့အတွက် ဒုက္ခမျိုးစုံ ကြုံနေရတာပါ။ ဒါကြောင့် ငြိမ်းချမ်းချင်နေပြီလို့ ခုလို ပြောပါတယ်။

“ငြိမ်ချမ်းချင်ပြီးပေါ့။ ပြေးတာလည်း တစ်နှစ်မဟုတ်တော့ဘူးပေါ့။ တစ်နှစ်ကျော် နှစ်နှစ်နီးပါးလောက် ရှိနေပြီးဆိုတော့ ဘယ်သူမဆို အိမ်ပြန်ချင်ကြမှာပဲလေ။ ပြီးရင် ကိုယ့်အိမ်ကလည်း ဘယ်လိုဖြစ်နေပြီလဲ ဆိုတာတော့ မသိသေးဘူးပေါ့နော်။ ပြန်ရောက်တဲ့အခါလည်း အိမ်က ရှိအုံးမလား၊ မရှိတော့ဘူးလား၊ အဲ့ဒါလည်း တစ်မျိုး။ အဓိကတော့ ဒီတိုက်ပွဲ မြန်မြန်ပြီးဖို့ပေါ့နော်၊ ပြီးမှလည်း အရာအားလုံးက အဆင်ပြေမှာပေါ့။”

မဆိုင်တဲ့ အပြစ်မဲ့ အရပ်သား ပြည်သူရှိရာဘက်ကို စစ်ကောင်စီအနေနဲ့ ပစ်မှတ်ထား မတိုက်ခိုက်ဖို့ KNDF က ပြောပါတယ်။

“လက်နက်မဲ့ ပြည်သူတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးတွေ၊ နောက်တစ်ခုက ဒီ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာမျိုးတွေ မလုပ်ဖို့ စဉ်းစားသင့်တယ်ပေါ့လေ။ တကယ် ဟိုဟာဖြစ်တယ်ဆိုလို့ရှိရင် ကျနော်တို့လူထုတွေ အပြင်မှာ ကျနော်တို့နဲ့ သူတို့နဲ့ တိုက်လို့ရတယ်ပေါ့။ မဟုတ်ဘူးဆိုလို့ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုး ပြုလုပ်တာက အဆင်မပြေဘူးပေါ့နော်။”

စစ်ရေပဋိပက္ခတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေလည်း တနေရာပြီး တနေရာ ပြောင်းရွှေ့ နေကြရပါတယ်။ ဒါကြောင့် စစ်ရှောင်တွေ ရောက်လာရင် ဒေသခံ လူထုတွေအနေနဲ့လည်း လက်ခံ ကူညီပေးကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[[Unicode]]














ဆက်စပ်သတင်းများ ...

XS
SM
MD
LG