သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မတူပီၿမိဳ႕နယ္တြင္း စစ္ေကာင္စီတပ္နဲ႔ ခ်င္းကာကြယ္ေရးတပ္တိုက္ပြဲျဖစ္ပြား


စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔မ်ား တုိက္ပြဲျဖစ္ေနတဲ့ၿမိဳ႕မ်ား။ ခ်င္းျပည္နယ္ မတူပီ (၁)၊ မင္းတပ္ၿမိဳ႕ (၂) နဲ႔ စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ (၃)

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္၊ လိုင္လင္းမီၿမိဳ႕နယ္ကေန မတူပီၿမိဳ႕နယ္ဘက္ ခ်ီတက္လာတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ခ်င္းကာကြယ္ေရးတပ္ CDF တို႔ ဒီေန႔ ဇူလိုင္၆ရက္ မနက္ပိုင္းမွာ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ မတူပီၿမိဳ႕ကို မေရာက္ခင္ ၁၈မိုင္အလိုေလာက္မွာ ႏွစ္ဖက္ပစ္ခတ္ခဲ့ၾကတာပါ။ ရန္ကုန္က ေပးပို႔ထားတဲ့ ဒီသတင္း သိန္းထိုက္ဦး ေျပာျပပါမယ္။

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕ကိုတက္လာတဲ့ အင္အား၈၀ပါ စစ္ေကာင္စီတပ္နဲ႔ ခ်င္းကာကြယ္ေရးတပ္ CDF တို႔ ဒီေန႔မနက္ပိုင္းမွာ တနာရီနီးပါးေလာက္ တိုက္ပြဲျဖစ္ခဲ့တယ္လို႔ မတူပီ CDFရဲ႕ သတင္းျပန္ၾကားေရးဌာနက တာဝန္ရွိသူက ဗြီအိုေအကို ေျပာပါတယ္။

စစ္ေကာင္စီဘက္က ၃ေယာက္က်ဆုံးၿပီး၊ ၂ေယာက္အျပင္းအထန္ ဒဏ္ရာရၿပီးတဲ့ေနာက္မွာ၊ လာရာလမ္းေၾကာင္းအတိုင္း ျပန္ဆုတ္ခြာသြားတယ္လို႔ သူကေျပာပါတယ္။ မတူပီၿမိဳ႕ကို ယခင္က မင္းတပ္ၿမိဳ႕ဘက္ကေန ဝင္ေရာက္လာတာရွိေပမဲ့ အခုလို လိုင္လင္းမီၿမိဳ႕ဘက္ကေန တက္လာတဲ့စစ္ေၾကာင္းကေတာ့ ပထမဆုံးျဖစ္တယ္လို႔ CDF တာဝန္ရွိသူက ေျပာပါတယ္။

" အခုဒီဘက္ကို တေၾကာင္းတည္းမဟုတ္ဘူး၊ မင္းတပ္-မတူပီလက္ဘက္ပိုင္း ေတာထဲကေန စစ္ေၾကာင္းထိုးဖို႔ လႈပ္ရွားမႈေတြလုပ္ေနတာ ေတာက္ေလွ်ာက္ပဲ။ အခုက မတူပီကို လိုင္လင္းမီဘက္ကေနထိုးတာတဲ့ ထိပ္တိုက္ တိုက္ပြဲက တႀကိမ္ပဲျဖစ္ေသးတာေပါ့ေနာ္။ မင္းတပ္လမ္းဘက္ေတြေတာ့ သူတို႔ထိုးဖို႔ သူတို႔ျပင္ဆင္ေနတယ္ ဒီဘက္သူတို႔ စစ္ေၾကာင္းက ဝင္ေရာက္မယ့္သေဘာေတာ့ ရွိတယ္။ ထိပ္တိုက္ ေနာက္ထပ္တိုက္ပြဲေတြလည္း ျဖစ္ပြားႏိုင္တဲ့ အေျခအေနေတာ့ရွိတယ္။"

ဆုတ္ခြာသြားတဲ့လမ္းမွာရွိတဲ့ ရဲန္ခဲန္း႐ြာထဲက ေနအိမ္တခ်ိဳကိုလည္း စစ္ေကာင္စီတပ္သားေတြက မီးရႈိ႕ခဲ့တယ္လို႔ CDF ဘက္ကေျပာပါတယ္။ ဇူလႈိင္ ၂ရက္ကလည္း ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕က ေက်း႐ြာႏွစ္ခုေပၚကို စစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ခဲ့လို႔ အရပ္သား၃ေယာက္ ေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရ အေယာက္၂၀ေလာက္ ရွိတယ္လို႔ ရပ္မိရပ္ဖအႀကီးအကဲတဦးက ဗြီအိုေအကို ေျပာပါတယ္။

ခရစ္ယာန္ဘုရားေက်ာင္း၊ စာသင္ေက်ာင္းနဲ႔ လူေနအိမ္အမ်ားအျပားလည္း ထိခိုက္ပ်က္စီးခဲ့တာပါ။ ဒီတိုက္ခိုက္မႈဟာ ခ်င္းတိုင္းရင္းသားေတြအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈျဖစ္တယ္လို႔ ၾကားကာလ ခ်င္းအမ်ိဳးသား အတိုင္ပင္ခံေကာင္စီ ICNCC က တနလၤာေန႔က ထုတ္ျပန္ထားပါတယ္။

ဒီေန႔မနက္မွာပဲ မင္းတပ္ၿမိဳ႕ေပၚက ေဒသခံႏွစ္ဦးကို စစ္ေကာင္စီဘက္က ဖမ္းဆီးသြားၿပီး၊ ေနအိမ္ေတြထဲကို ဝင္ေရာက္စစ္ေဆးတာေတြ လုပ္ခဲ့တယ္လို႔ မင္းတပ္ၿမိဳ႕က ရပ္မိရပ္ဖ အႀကီးအကဲတဦးက ေျပာပါတယ္။

" မင္းတပ္ရဲ႕ေအာက္ ကြၽန္းေတာ္ေက်း႐ြာမွာဆိုရင္ လူႀကီးႏွစ္ေယာက္ အဖမ္းခံရတယ္။ ေက်း႐ြာမွာအားကိုးရတဲ့ လူႀကီးႏွစ္ေယာက္ေပါ့ေနာ္။ ေနာက္ၿပီးမေန႔က ေယာက်္ားေလးတေယာက္ အဖမ္းခံရတယ္ၾကားရတယ္ အခုထိ ဘာမွဆက္သြယ္လို႔ မရေသးဘူး။ စစ္သားေတြဘက္ကေတာ့ အရင္ကထက္ လက္နက္ႀကီးေတြပိုၿပီးမွ ထုလာတယ္၊ က်လာတယ္။ အေျမာက္အမ်ားနဲ႔ထုၿပီးမွ ေတာင္ယာေနရာေတြ ေတာ္ေတာ္မ်ားမ်ား ပ်က္စီးဆုံးရႈံးတယ္။"

မင္းတပ္ၿမိဳ႕နယ္တဝိုက္မွာ ေလယာဥ္ေပၚကပစ္ခ်ခဲ့တဲ့ မေပါက္ကြဲေသးတဲ့ ဗုံးဆံအမ်ားအျပား က်န္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မတူပီ-မင္းတပ္ အနီးနားက ေတာေတာင္ေတြထဲမွာ ေဒသခံရာနဲ႔ခ်ီၿပီး စစ္ေဘးေရွာင္ေနရတာပါ။ မင္းတပ္၊ မတူပီနားက တိုက္ပြဲေတြေၾကာင့္ သူတို႔ကို ေဘးလြတ္ရာ အလြယ္တကူ ေ႐ႊ႕ေျပာင္းေပးႏိုင္ဖို႔လည္း အေရးႀကီးတယ္လို႔ မတူပီ CDF တာဝန္ရွိသူက ေျပာပါတယ္။

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕ကိုလည္း ဒီေန႔ဇူလႈိင္လ၆ရက္ မနက္ပိုင္းမွာ တပ္သားနဲ႔ပစၥည္းေတြ သယ္ေဆာင္လာတဲ့ စစ္ကားအစီး၂၀ေက်ာ္ ေရာက္လာတယ္လို႔ ေဒသခံတခ်ိဳ႕က ေျပာပါတယ္။ ဒါေပမယ့္ ညေနပိုင္းအထိေတာ့ ထူးထူးျခားျခား တိုက္ပြဲျဖစ္ပြားမႈအေျခအေန မၾကားရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

ချင်းပြည်နယ်၊ လိုင်လင်းမီမြို့နယ်ကနေ မတူပီမြို့နယ်ဘက် ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ် CDF တို့ ဒီနေ့ ဇူလိုင်၆ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မတူပီမြို့ကို မရောက်ခင် ၁၈မိုင်အလိုလောက်မှာ နှစ်ဖက်ပစ်ခတ်ခဲ့ကြတာပါ။ ရန်ကုန်က ပေးပို့ထားတဲ့ ဒီသတင်း သိန်းထိုက်ဦး ပြောပြပါမယ်။

ချင်းပြည်နယ်၊ မတူပီမြို့ကိုတက်လာတဲ့ အင်အား၈၀ပါ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ် CDF တို့ ဒီနေ့မနက်ပိုင်းမှာ တနာရီနီးပါးလောက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ မတူပီ CDFရဲ့ သတင်းပြန်ကြားရေးဌာနက တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီဘက်က ၃ယောက်ကျဆုံးပြီး၊ ၂ယောက်အပြင်းအထန် ဒဏ်ရာရပြီးတဲ့နောက်မှာ၊ လာရာလမ်းကြောင်းအတိုင်း ပြန်ဆုတ်ခွာသွားတယ်လို့ သူကပြောပါတယ်။ မတူပီမြို့ကို ယခင်က မင်းတပ်မြို့ဘက်ကနေ ဝင်ရောက်လာတာရှိပေမဲ့ အခုလို လိုင်လင်းမီမြို့ဘက်ကနေ တက်လာတဲ့စစ်ကြောင်းကတော့ ပထမဆုံးဖြစ်တယ်လို့ CDF တာဝန်ရှိသူက ပြောပါတယ်။

" အခုဒီဘက်ကို တကြောင်းတည်းမဟုတ်ဘူး၊ မင်းတပ်-မတူပီလက်ဘက်ပိုင်း တောထဲကနေ စစ်ကြောင်းထိုးဖို့ လှုပ်ရှားမှုတွေလုပ်နေတာ တောက်လျှောက်ပဲ။ အခုက မတူပီကို လိုင်လင်းမီဘက်ကနေထိုးတာတဲ့ ထိပ်တိုက် တိုက်ပွဲက တကြိမ်ပဲဖြစ်သေးတာပေါ့နော်။ မင်းတပ်လမ်းဘက်တွေတော့ သူတို့ထိုးဖို့ သူတို့ပြင်ဆင်နေတယ် ဒီဘက်သူတို့ စစ်ကြောင်းက ဝင်ရောက်မယ့်သဘောတော့ ရှိတယ်။ ထိပ်တိုက် နောက်ထပ်တိုက်ပွဲတွေလည်း ဖြစ်ပွားနိုင်တဲ့ အခြေအနေတော့ရှိတယ်။"

ဆုတ်ခွာသွားတဲ့လမ်းမှာရှိတဲ့ ရဲန်ခဲန်းရွာထဲက နေအိမ်တချိုကိုလည်း စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တယ်လို့ CDF ဘက်ကပြောပါတယ်။ ဇူလှိုင် ၂ရက်ကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့က ကျေးရွာနှစ်ခုပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ အရပ်သား၃ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရ အယောက်၂၀လောက် ရှိတယ်လို့ ရပ်မိရပ်ဖအကြီးအကဲတဦးက ဗွီအိုအေကို ပြောပါတယ်။

ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့တာပါ။ ဒီတိုက်ခိုက်မှုဟာ ချင်းတိုင်းရင်းသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က တနင်္လာနေ့က ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်မှာပဲ မင်းတပ်မြို့ပေါ်က ဒေသခံနှစ်ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးသွားပြီး၊ နေအိမ်တွေထဲကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ မင်းတပ်မြို့က ရပ်မိရပ်ဖ အကြီးအကဲတဦးက ပြောပါတယ်။

" မင်းတပ်ရဲ့အောက် ကျွန်းတော်ကျေးရွာမှာဆိုရင် လူကြီးနှစ်ယောက် အဖမ်းခံရတယ်။ ကျေးရွာမှာအားကိုးရတဲ့ လူကြီးနှစ်ယောက်ပေါ့နော်။ နောက်ပြီးမနေ့က ယောကျ်ားလေးတယောက် အဖမ်းခံရတယ်ကြားရတယ် အခုထိ ဘာမှဆက်သွယ်လို့ မရသေးဘူး။ စစ်သားတွေဘက်ကတော့ အရင်ကထက် လက်နက်ကြီးတွေပိုပြီးမှ ထုလာတယ်၊ ကျလာတယ်။ အမြောက်အများနဲ့ထုပြီးမှ တောင်ယာနေရာတွေ တော်တော်များများ ပျက်စီးဆုံးရှုံးတယ်။"

မင်းတပ်မြို့နယ်တဝိုက်မှာ လေယာဉ်ပေါ်ကပစ်ချခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးဆံအများအပြား ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတူပီ-မင်းတပ် အနီးနားက တောတောင်တွေထဲမှာ ဒေသခံရာနဲ့ချီပြီး စစ်ဘေးရှောင်နေရတာပါ။ မင်းတပ်၊ မတူပီနားက တိုက်ပွဲတွေကြောင့် သူတို့ကို ဘေးလွတ်ရာ အလွယ်တကူ ရွှေ့ပြောင်းပေးနိုင်ဖို့လည်း အရေးကြီးတယ်လို့ မတူပီ CDF တာဝန်ရှိသူက ပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုလည်း ဒီနေ့ဇူလှိုင်လ၆ရက် မနက်ပိုင်းမှာ တပ်သားနဲ့ပစ္စည်းတွေ သယ်ဆောင်လာတဲ့ စစ်ကားအစီး၂၀ကျော် ရောက်လာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒါပေမယ့် ညနေပိုင်းအထိတော့ ထူးထူးခြားခြား တိုက်ပွဲဖြစ်ပွားမှုအခြေအနေ မကြားရသေးပါဘူး။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG