သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson နှင့် ဗွီအိုအေသတင်းထောက် Cindy Saine တို့ Skype ဆက်သွယ်မေးမြန်းချက်၊ အပိုင်း (၂)


ဗွီအိုအေနှင့် Skype အင်တာဗျူးတွင်တွေ့ရသည့် Bill Richardson။ ဇန်နဝါရီ ၂၆၊ ၂၀၁၈။
ဗွီအိုအေနှင့် Skype အင်တာဗျူးတွင်တွေ့ရသည့် Bill Richardson။ ဇန်နဝါရီ ၂၆၊ ၂၀၁၈။

VOA: မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဌာနက ဘာလုပ်နေတယ်ဆိုတာ ကျမတို့ ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပြန်ပြီး ချမှတ်သင့်တယ်လို့ ယူဆပါသလား။

Bill Richardson: ကျနော်တော့ အဲဒီလို မထင်ပါဘူး။ ဒဏ်ခတ်အရေးယူမှု၊ အထူးသဖြင့် စီးပွားရေးဒဏ်ခတ်မှု ဟာ ဆင်းရဲသားလူထုကို အထူးသဖြင့် ထိခိုက်စေပါတယ်။ ကျနော်ဟာ မြန်မာလူထုကို သိပ်ကို ချစ်ခင်ပါတယ်။ သူတို့မှာ တာဝန်ရှိတယ်လို့ ကျနော်မယူဆပါဘူး။ အခြေအနေတခုမှာ စစ်ဘက်ကတချို့အပေါ် ပစ်မှတ်ထား အရေးယူတာမျိုး လုပ်ချင်လည်းလုပ်ပေါ့။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းဟာ ဒီအချိန်မှာ ဒေါ်အောင်ဆန်း စုကြည်ကို ကျောခိုင်းပစ်လိုက်သင့်တယ်လို့ ကျနော်မယူဆပါဘူး။ ဒီအခြေအနေ ဆက်ဖြစ်နေရင် တခုခုတော့ လုပ်ရပါမယ်။ အဖြေကတော့ ထိတွေ့ဆက်ဆံတာပါပဲ။ အနောက်နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေ နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိစပ်သင့်ပြီး သူ့အနေနဲ့လည်း အလားတူ လုပ်သင့်ပါတယ်။ အခင်းအကျင်းတခုခု ရှိလာ အောင် လုပ်သင့်ပါတယ်။ တင်းမာမှုလျော့ပါးအောင်လုပ်ပြီး လက်ရှိမှာ ဒုက္ခခံစားနေရတဲ့ ဒီဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိ၊ လူသား ဆန်စွာ ပြုမူဆက်ဆံခံရတယ်လို့ ခံစားရစေမယ့် နည်းလမ်းတွေကိုရှာဖွေပါ။

VOA: အခုမေးမယ့်မေးခွန်းက သိပ်ကြီး ပုဂ္ဂိုလ်ရေး မဆန်လွန်းဘူးလို့ ကျမယူဆပါတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြန်ပြီး ထိစပ်ဖို့ရာ ဆက်ဆံရေး ရှိနေနိုင်ဦးမယ်လို့ ယူဆပါသလား။

Bill Richardson: အထောက်အကူဖြစ်စေဖို့ ကျနော် ပြင်ဆင်ထားမှာပါ၊ ဒါပေမယ့် လောလောဆယ်တော့ မဟုတ်ပါဘူး။ သူက ကျနော့်ကို ဒေါသထွက်နေနိုင်ပါတယ်။ ဒါက အချိန်အတော်ကြာ ရှိနေဦးမှာပါ။ ကျနော် ဗီဇာလျှောက်ကြည့်ဖို့ ကြိုးစားမှာမဟုတ်ပါဘူး။ ဒီနိုင်ငံ ကို ကျနော်ချစ်ပါတယ်။ ဒီနိုင်ငံနဲ့ပတ်သက်လို့၊ သူနဲ့ ပတ်သက်လို့ ကျနော် အများကြီး ပတ်သက် လုပ်ဆောင်ထားတာပါ။ ကျနော့် ဖောင်ဒေးရှင်းလုပ်ငန်းတွေလည်း အများကြီးရှိထားပါတယ်။ သံတမန်တဦးအနေနဲ့ ကျနော့်ရဲ့ လုပ်ဆောင်မှုပါ။ ဒါပေမယ့် လောလောဆယ်မှာ တော့ မရှိတော့ပါဘူး။ ပြန်ပြီးပြေလည်ဖို့ အခြေအနေကြီးတခု ရှိရမယ်လို့ ကျနော်ထင်ပါတယ်။ အမြဲတမ်းလည်း ဖြစ်သွားနိုင်ပါတယ်၊ ဒါပေမယ့် ကျနော်နားလည်ပါတယ်။ ကျနော်လုပ်လိုက်တာက အသေးအဖွဲပါ။ သူ့ရဲ့ မိတ်ဆွေတွေတောင်မှ ကျောခိုင်းနေကြတာပါ။ မိတ်ဆွေတယောက်ဆီကနေ ပွင့်လင်းတဲ့အကြံဉာဏ်မျိုး သူ ရရပါမယ်။ အဲဒီလို အကြံဉာဏ်ယူဖို့ အဆင်သင့်မဖြစ်ဘူးဆိုရင် အဲဒါဟာ သူ့အတွက်ရော၊ မြန်မာနိုင်ငံအတွက်ပါ ဆိုးရွားတဲ့ကိစ္စ ဖြစ်သွားပါလိမ့်မယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG