သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

AA တပ္စခန္းဗုံးႀကဲတိုက္ခိုက္ခံရ တပ္ဖြဲ႕ဝင္၆ဦးေသဆုံး


ကျဆုံးသွားသည့် AA တပ်ဖွဲ့ဝင်များ။ (ဓါတ်ပုံ-AA)

[[Zawgyi/Unicode]]

ျမန္မာ-ထိုင္းနယ္စပ္မွာ ရွိတဲ့ ရခိုင္လက္နက္ကိုင္AAအဖြဲ႕ စခန္းတခုကို ဗုံးႀကဲတိုက္ခိုက္ခဲ့တာေၾကာင့္ AAတပ္ဖြဲ႕ဝင္ ၆ဦး ေသဆုံးၿပီးေတာ့ ထိခိုက္ဒဏ္ရာရသူေတြလည္း ရွိခဲ့ပါတယ္။ ဒီတိုက္ခိုက္မႈအေပၚ လက္တုန႔္ျပန္မယ္လို႔ AA ေျပာခြင့္ရသူ ခိုင္သုခက ဗြီအိုေအကို ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္း ကိုသားၫြန႔္ဦး ေျပာျပပါမယ္။

ျမန္မာ-ထိုင္းနယ္စပ္အနီး ကရင္ျပည္နယ္ KNLA တပ္မဟာ၅ ဧရိယာထဲက ရခိုင္လက္နက္ကိုင္AAအဖြဲ႕ရဲ႕ စခန္းတခုကို ျမန္မာစစ္တပ္ဖက္က မေန႔က ေန႔လည္ပိုင္းက ဂ်က္တိုက္ေလယာဥ္၂စီးနဲ႔ လာေရာက္ဗုံးႀကဲတိုက္ခိုက္ခဲ့တာေၾကာင့္၊ AAတပ္ဖြဲ႕ဝင္ ၆ဦး ေသဆုံးၿပီး ဒဏ္ရာရသူတခ်ိဳ႕ ရွိခဲ့ပါတယ္။ ေဆး႐ုံေဆးခန္းေတြနဲ႔ အထည္ခ်ဳပ္စက္႐ုံေတြ လည္း ပ်က္စီးခဲ့တယ္လို႔ AAဖက္က ထုတ္ျပန္ထားပါတယ္။ ဒီတိုက္ခိုက္မႈမွာ ရည္႐ြယ္ခ်က္ရွိရွိေဆာင္႐ြက္တာမို႔ ဒီလုပ္ရပ္အေပၚ တုန႔္ျပန္အေရးယူသြားမယ္လို႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ ေျပာခြင့္ရ ခိုင္သုခက ဗြီအိုေအကို ေျပာပါတယ္။

“ မေန႔က ျမန္မာစစ္တပ္ဖက္ကေန ဂ်က္တိုက္ေလယာဥ္ႏွစ္စီးနဲ႔ လာၿပီးေတာ့ ဗုံးႀကဲ တိုက္ခိုက္ခဲ့တဲ့ ျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီးတာ့ က်ေနာ္တို႔ကေတာ့ အေသးစိတ္ အခ်က္အလက္ ေတြကို သုံစမ္းေလ့လာေနဆဲျဖစ္တယ္။ ဘာေၾကာင့္အခုလိုမ်ိဳးလာၿပီးေတာ့ ဗုံးႀကဲ တိုက္ခိုက္တယ္ဆိုတာရယ္၊ ၿပီးေတာ့ ဒီျဖစ္ရပ္အတြက္ ျမန္မာစစ္တပ္ဖက္ကေန ဘယ္လို တာဝန္ယူမလဲဆိုတာကိုေတာ့ က်ေနာ္တို႔ကေတာ့ ဆက္လက္ေစာင့္ၾကည့္သြားရမွာ ျဖစ္တယ္ဗ်ာ။ အေျခအေန အေနအထားေပၚမူတည္ၿပီးေတာ့ လိုအပ္ရင္ လိုအပ္သလို က်ေနာ္တို႔ တုန႔္ျပန္သြားဖို႔ေတာ့ ရွိတယ္ဗ်ာ။”

AA Camp after Myanmar military air raid.
AA Camp after Myanmar military air raid.

ရခိုင္လက္နက္ကိုင္ AAအဖြဲ႕နဲ႔ ျမန္မာစစ္တပ္ၾကား ရခိုင္ျပည္နယ္ဖက္မွာ တိုက္ခိုက္ေတြ႕မႈေတြ စစ္ေရးတင္းမာမႈေတြ မၾကာမၾကာရွိေနၿပီး၊ ေဒသတည္ၿငိမ္ေရးအတြက္ AA နဲ႔ျမန္မာစစ္တပ္အၾကား ေဆြးေႏြးမႈေတြရွိခဲ့တယ္လို႔ AA ဖက္က ေျပာဆိုခဲ့ဖူးပါတယ္။ ညႇိဳႏႈိင္းေဆာင္႐ြက္ေနတဲ့ ဒီလိုအခ်ိန္မ်ိဳးမွာ AAတပ္စခန္းကို ဗုံးႀကဲတိုက္ခိုက္တာဟာ ျမန္မာစစ္တပ္ဖက္က ရည္႐ြယ္ ခ်က္ရွိရွိလုပ္တာျဖစ္ၿပီး ၿငိမ္းခ်မ္းေရးကို ပ်က္ျပားေစတဲ့ လုပ္ရပ္ျဖစ္တယ္လို႔လည္း AAဖက္ကေျပာပါတယ္။ ျမန္မာစစ္တပ္ရဲ႕လုပ္ရပ္ဟာ ဆိုး႐ြားတဲ့ အေျခအေနတခုကို ဖန္းတီးေနတာျဖစ္တယ္လို႔လည္းရခိုင္လက္နက္ကိုင္AAအဖြဲ႕ေျပာခြင့္ရခိုင္သုခကေျပာပါတယ္။

“ ဒီလိုမ်ိဳး တိုက္ပြဲေနရာနဲ႔ ေဝးတဲ့ ေနရာမွာ ေရွာင္တခြင္လာၿပီးေတာ့မွ ဗုံးႀကဲတိုက္ ခိုက္တယ္ ဆိုတာကေတာ့ ဒါဟာ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ လုပ္တာျဖစ္တယ္လို႔ က်ေနာ္တို႔ကေတာ့ သုံးသပ္တယ္။ ဒီလိုလုပ္ရပ္ဟာ ၿငိမ္းခ်မ္းေရးကို ဦးတည္တဲ့ လုပ္ရပ္မဟုတ္ဘူး။ တဖက္မွာ သူတို႔ ေႂကြးေက်ာ္ေနတဲ့ ၂၀၂၂ဟာ ႏွစ္ဟာ ၿငိမ္းခ်မ္းေရးႏွစ္ဆိုတဲ့ဟာနဲ႔ အခုေျမျပင္မွာ လာေရာက္ၿပီးေတာ့ တိုက္ခိုက္တဲ့ ျဖစ္စဥ္မ်ိဳးက ဒါလုံးဝ အေျပာနဲ႔အလုပ္ မညီၫြတ္ ဘူးဆိုတာကို ေဖာ္ျပေနတာျဖစ္တယ္။”

ရခိုင္လက္နက္ကိုင္တပ္ေတြ အမ်ားဆုံးအေျခစိုက္တဲ့ ရခိုင္ျပည္နယ္မွာလည္း တပ္နဲ႔ AAၾကား စစ္ေရးတင္းမာေနသလို ႏွစ္ဖက္အျပန္အလွန္ဖမ္းဆီးမႈေတြလည္း ရွိေနပါတယ္။ ျမန္မာစစ္တပ္ဖက္ကလည္း ၾကည္းတပ္ေရာ ေရတပ္ေတြမွာ အင္အားျဖည့္ တင္းေနတာေတြရွိသလို တၿမိဳ႕နဲ႔ တၿမိဳ႕ ခရီးသြားသြားလာမႈေတြကိုလည္း လုံၿခဳံေရးတင္းၾကပ္ စစ္ေဆးေနမႈေတြ လုပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

မြန်မာ-ထိုင်းနယ်စပ်မှာ ရှိတဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ စခန်းတခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် AAတပ်ဖွဲ့ဝင် ၆ဦး သေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအပေါ် လက်တုန့်ပြန်မယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း ကိုသားညွန့်ဦး ပြောပြပါမယ်။

မြန်မာ-ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ် KNLA တပ်မဟာ၅ ဧရိယာထဲက ရခိုင်လက်နက်ကိုင်AAအဖွဲ့ရဲ့ စခန်းတခုကို မြန်မာစစ်တပ်ဖက်က မနေ့က နေ့လည်ပိုင်းက ဂျက်တိုက်လေယာဉ်၂စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်၊ AAတပ်ဖွဲ့ဝင် ၆ဦး သေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။ ဆေးရုံဆေးခန်းတွေနဲ့ အထည်ချုပ်စက်ရုံတွေ လည်း ပျက်စီးခဲ့တယ်လို့ AAဖက်က ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ ရည်ရွယ်ချက်ရှိရှိဆောင်ရွက်တာမို့ ဒီလုပ်ရပ်အပေါ် တုန့်ပြန်အရေးယူသွားမယ်လို့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ မနေ့က မြန်မာစစ်တပ်ဖက်ကနေ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လာပြီးတော့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတာ့ ကျနော်တို့ကတော့ အသေးစိတ် အချက်အလက် တွေကို သုံစမ်းလေ့လာနေဆဲဖြစ်တယ်။ ဘာကြောင့်အခုလိုမျိုးလာပြီးတော့ ဗုံးကြဲ တိုက်ခိုက်တယ်ဆိုတာရယ်၊ ပြီးတော့ ဒီဖြစ်ရပ်အတွက် မြန်မာစစ်တပ်ဖက်ကနေ ဘယ်လို တာဝန်ယူမလဲဆိုတာကိုတော့ ကျနော်တို့ကတော့ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်တယ်ဗျာ။ အခြေအနေ အနေအထားပေါ်မူတည်ပြီးတော့ လိုအပ်ရင် လိုအပ်သလို ကျနော်တို့ တုန့်ပြန်သွားဖို့တော့ ရှိတယ်ဗျာ။”

ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ မြန်မာစစ်တပ်ကြား ရခိုင်ပြည်နယ်ဖက်မှာ တိုက်ခိုက်တွေ့မှုတွေ စစ်ရေးတင်းမာမှုတွေ မကြာမကြာရှိနေပြီး၊ ဒေသတည်ငြိမ်ရေးအတွက် AA နဲ့မြန်မာစစ်တပ်အကြား ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ AA ဖက်က ပြောဆိုခဲ့ဖူးပါတယ်။ ညှိုနှိုင်းဆောင်ရွက်နေတဲ့ ဒီလိုအချိန်မျိုးမှာ AAတပ်စခန်းကို ဗုံးကြဲတိုက်ခိုက်တာဟာ မြန်မာစစ်တပ်ဖက်က ရည်ရွယ် ချက်ရှိရှိလုပ်တာဖြစ်ပြီး ငြိမ်းချမ်းရေးကို ပျက်ပြားစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း AAဖက်ကပြောပါတယ်။ မြန်မာစစ်တပ်ရဲ့လုပ်ရပ်ဟာ ဆိုးရွားတဲ့ အခြေအနေတခုကို ဖန်းတီးနေတာဖြစ်တယ်လို့လည်းရခိုင်လက်နက်ကိုင်AAအဖွဲ့ပြောခွင့်ရခိုင်သုခကပြောပါတယ်။

“ ဒီလိုမျိုး တိုက်ပွဲနေရာနဲ့ ဝေးတဲ့ နေရာမှာ ရှောင်တခွင်လာပြီးတော့မှ ဗုံးကြဲတိုက် ခိုက်တယ် ဆိုတာကတော့ ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာဖြစ်တယ်လို့ ကျနော်တို့ကတော့ သုံးသပ်တယ်။ ဒီလိုလုပ်ရပ်ဟာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လုပ်ရပ်မဟုတ်ဘူး။ တဖက်မှာ သူတို့ ကြွေးကျော်နေတဲ့ ၂၀၂၂ဟာ နှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဆိုတဲ့ဟာနဲ့ အခုမြေပြင်မှာ လာရောက်ပြီးတော့ တိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုးက ဒါလုံးဝ အပြောနဲ့အလုပ် မညီညွတ် ဘူးဆိုတာကို ဖော်ပြနေတာဖြစ်တယ်။”

ရခိုင်လက်နက်ကိုင်တပ်တွေ အများဆုံးအခြေစိုက်တဲ့ ရခိုင်ပြည်နယ်မှာလည်း တပ်နဲ့ AAကြား စစ်ရေးတင်းမာနေသလို နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။ မြန်မာစစ်တပ်ဖက်ကလည်း ကြည်းတပ်ရော ရေတပ်တွေမှာ အင်အားဖြည့် တင်းနေတာတွေရှိသလို တမြို့နဲ့ တမြို့ ခရီးသွားသွားလာမှုတွေကိုလည်း လုံခြုံရေးတင်းကြပ် စစ်ဆေးနေမှုတွေ လုပ်နေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG