သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုရွားနဲ႔ တရုတ္ကို ကန္ေဝဖန္


အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo ဘာလင္တံတိုုင္းၿပိဳက်သြား ႏွစ္ ၃၀ ျပည့္ အထိမ္းအမွတ္ အခမ္းအနားမိန္႔ခြန္းေျပာ

(Zawgyi/Unicode)

ဘာလင္တံတိုင္းၿပိဳက်သြားတာ ႏွစ္ေပါင္း ၃၀ ျပည့္ခ်ိန္ထိ အေမရိကန္နဲ႔မဟာမိတ္ေတြဟာ အားႀကီးတဲ့ ကြန္ျမဴနစ္ ရန္သူေတြကို ရင္ဆိုင္ေနရဆဲျဖစ္ၿပီး လြတ္လပ္တဲ့ကမာၻအေနနဲ႔ ႐ုရွားနဲ႔တ႐ုတ္တို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြကို ဆက္ၿပီး ခုခံကာကြယ္ဖို႔ လိုအပ္ေနဆဲ ျဖစ္တယ္လို႔ အေမရိကန္ကေျပာပါတယ္။

႐ုရွားႏုိင္ငံဟာ အိမ္နီးခ်င္းေတြကို က်ဴးေက်ာ္ၿပီး ႏုိင္ငံေရးအတိုက္အခံေတြကို ႏွိမ္နင္းေနတယ္လုိ႔ ဂ်ာမနီႏုိင္ငံ၊ ဘာလင္ၿမိဳ႕ေတာ္ က အထင္ကရ Brandenburg Gate နားမွာ ေသာၾကာေန႔က ေျပာတဲ့မိန္႔ခြန္းထဲ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေျပာသြားပါတယ္။ ႐ုရွားက်ဴးေက်ာ္မႈကို ဆန္႔က်င္တဲ့ Crimean တာတာေတြနဲ႔ ယူကရိန္းႏုိင္ငံသားေတြကို ႐ုရွားအာဏာပိုင္ ေတြက ရဲေတြနဲ႔ဝင္ဖမ္းတာ၊ ႏွိပ္စက္ညႇဥ္းပန္းတာေတြ လုပ္ေနတယ္လို႔ုလည္း ဝန္ႀကီး Pompeo ကေျပာပါတယ္။

တ႐ုတ္ႏုိင္ငံကိုလည္း ဝန္ႀကီး Pompeo က ေဝဖန္ေျပာဆိုပါတယ္။ တ႐ုတ္ကြန္ျမဴနစ္ပါတီ CCP ဟာ အာဏာရွင္ အျမင္သစ္တခု ကို ပံုေဖာ္ေနတယ္လုိ႔ ဆိုပါတယ္။ တ႐ုတ္ကြန္ျမဴနစ္ပါတီဟာ တ႐ုတ္လူထုကို ဖိႏွိပ္ေနတယ္၊ ေဝဖန္သူေတြကို ခရီးသြားလာခြင့္ မေပးဘဲ ပိတ္ပင္တယ္၊ ျပည္ပမွာ ခုိလံႈဖို႔ႀကိဳးစားတဲ့ ရွင္က်န္းေဒသက တ႐ုတ္မြတ္ဆလင္ေတြကို ဟန္႔တားေႏွာင့္ယွက္တယ္လုိ႔ ဝန္ႀကီး Pompeo က စြပ္စြဲေျပာဆိုပါတယ္။

ဘာလင္တံတိုုင္းၿပိဳက်သြား ႏွစ္ ၃၀ ျပည့္ အထိမ္းအမွတ္ အခမ္းအနားတက္ဖုိ႔ ဝန္ႀကီး Pompeo ဒီသီတင္းပတ္အတြင္း ဂ်ာမနီမွာ ေရာက္ေနတာပါ။

လြန္ခဲ့တဲ့ ႏွစ္ ၃၀ ဒီကေန႔၊ ၁၉၈၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၉ ရက္ေန႔မွာ ဂ်ာမနီႏုိင္ငံကို အေရွ႕နဲ႔အေနာက္ပိုင္းျခားထားတဲ့ ဘာလင္ တံတိုင္းႀကီး ၿပိဳက်သြားၿပီး အဲဒီေနာက္ပိုင္း ဥေရာပမွာ ကြန္ျမဴနစ္ဝါဒ က်ဆံုးသြားသလို အဆံုးမွာေတာ့ ဆိုဗီယက္ျပည္ေထာင္စု လည္း ၿပိဳကြဲသြားပါတယ္။

ရုရွားနဲ႔ တရုတ္ကို ကန္ေဝဖန္
please wait

No media source currently available

0:00 0:01:16 0:00
တိုက္႐ိုက္ လင့္ခ္


...............

ရုရှားနဲ့ တရုတ်ကို ကန်ဝေဖန်

(Unicode)

ဘာလင်တံတိုင်းပြိုကျသွားတာ နှစ်ပေါင်း ၃၀ ပြည့်ချိန်ထိ အမေရိကန်နဲ့မဟာမိတ်တွေဟာ အားကြီးတဲ့ ကွန်မြူနစ် ရန်သူတွေကို ရင်ဆိုင်နေရဆဲဖြစ်ပြီး လွတ်လပ်တဲ့ကမ္ဘာအနေနဲ့ ရုရှားနဲ့တရုတ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကို ဆက်ပြီး ခုခံကာကွယ်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ အမေရိကန်ကပြောပါတယ်။

ရုရှားနိုင်ငံဟာ အိမ်နီးချင်းတွေကို ကျူးကျော်ပြီး နိုင်ငံရေးအတိုက်အခံတွေကို နှိမ်နင်းနေတယ်လို့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော် က အထင်ကရ Brandenburg Gate နားမှာ သောကြာနေ့က ပြောတဲ့မိန့်ခွန်းထဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောသွားပါတယ်။ ရုရှားကျူးကျော်မှုကို ဆန့်ကျင်တဲ့ Crimean တာတာတွေနဲ့ ယူကရိန်းနိုင်ငံသားတွေကို ရုရှားအာဏာပိုင် တွေက ရဲတွေနဲ့ဝင်ဖမ်းတာ၊ နှိပ်စက်ညှဉ်းပန်းတာတွေ လုပ်နေတယ်လို့လည်း ဝန်ကြီး Pompeo ကပြောပါတယ်။

တရုတ်နိုင်ငံကိုလည်း ဝန်ကြီး Pompeo က ဝေဖန်ပြောဆိုပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ CCP ဟာ အာဏာရှင် အမြင်သစ်တခု ကို ပုံဖော်နေတယ်လို့ ဆိုပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်လူထုကို ဖိနှိပ်နေတယ်၊ ဝေဖန်သူတွေကို ခရီးသွားလာခွင့် မပေးဘဲ ပိတ်ပင်တယ်၊ ပြည်ပမှာ ခိုလှုံဖို့ကြိုးစားတဲ့ ရှင်ကျန်းဒေသက တရုတ်မွတ်ဆလင်တွေကို ဟန့်တားနှောင့်ယှက်တယ်လို့ ဝန်ကြီး Pompeo က စွပ်စွဲပြောဆိုပါတယ်။

ဘာလင်တံတိုင်းပြိုကျသွား နှစ် ၃၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ဖို့ ဝန်ကြီး Pompeo ဒီသီတင်းပတ်အတွင်း ဂျာမနီမှာ ရောက်နေတာပါ။

လွန်ခဲ့တဲ့ နှစ် ၃၀ ဒီကနေ့၊ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဂျာမနီနိုင်ငံကို အရှေ့နဲ့အနောက်ပိုင်းခြားထားတဲ့ ဘာလင် တံတိုင်းကြီး ပြိုကျသွားပြီး အဲဒီနောက်ပိုင်း ဥရောပမှာ ကွန်မြူနစ်ဝါဒ ကျဆုံးသွားသလို အဆုံးမှာတော့ ဆိုဗီယက်ပြည်ထောင်စု လည်း ပြိုကွဲသွားပါတယ်။

XS
SM
MD
LG