သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘူးသီးေတာင္က စစ္ေရွာင္စခန္းေတြမွာ ရိကၡာျပတ္လပ္ေန


ဘူးသီးေတာင္က စစ္ေရွာင္စခန္းတခု

(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္း ဘူးသီးေတာင္ၿမိဳ႕နယ္မွာ ရွိတဲ့ စစ္ေရွာင္စခန္းေတြမွာ ေသာက္သံုးေရနဲ႔ စားနပ္ရိကၡာျပတ္ လပ္ေနတဲ့ အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

ရခိုင္ေျမာက္ပိုင္း တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးလာရတဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္က စစ္ေရွာင္စခန္းေတြမွာ စားနပ္ရိကၡာျပတ္လပ္ေနတဲ့အျပင္ ေသာက္ေရသံုးေရ ရွားပါးမႈေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ေျမာင္းနား စစ္ေရွာင္စခန္းတာဝန္ခံ ဦးေက်ာ္ဇင္ဦးက ေျပာပါတယ္။

"က်ေနာ္တို႔ အခက္အခဲကေတာ့ ေရရယ္၊ စားနပ္ရိကၡာရယ္၊ အိမ္သာရယ္၊ အဲတာက လက္ရွိ က်ေနာ္တို႔အတြက္ အခက္အခဲ။ လူဦးေရက ၄၀၀ေက်ာ္ရွိတယ္။ အခုေရနဲ႔ ပတ္သတ္လို႔ ဝမ္းေရာဂါေတြ ျဖစ္ေနၾကတယ္။ ၁၀ ရက္ ေက်ာ္ေနၿပီ။ ကေလးေတြေရာ၊ လူႀကီးေတြေရာ ျဖစ္ေနၾကတာ။ အခုဒီမွာက ရြာ ၄ ရြာ ေပါင္းၿပီးေတာ့ ေနၾကတာ။"

ေျမာင္းနားစစ္ေရွာင္စခန္းမွာ လူးဦးအားျဖင့္ ၄၀၀ ေက်ာ္ေနထိုင္ၿပီး အဲဒီ စခန္းဟာ အစိုးရက တရားဝင္ ေဆာက္ေပးထားတဲ့ စစ္ေရွာင္စခန္းလည္း ျဖစ္ပါတယ္။ အစိုးရက ေထာက္ပံ့တာေတြ ရွိေနေပမဲ့လည္း လံုေလာက္မႈ မရွိဘူးလို႔ စစ္ေရွာင္ေတြက ေျပာဆိုၾကပါတယ္။

ဘူးသီးေတာင္ စစ္ေရွာင္စခန္းေတြမွာ ေရအခက္အခဲ ႀကံဳေတြ႔ေနရတာ မွန္ေပမဲ့ စားနပ္ရိကၡာေတြ အဆက္မျပတ္ ေထာက္ပံ့ေပးေနတယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေရႊလွေအာင္က ေျပာပါတယ္။

"ေရအခက္အခဲကေတာ့ ဒီရာသီကေတာ့ နည္းနည္းေတာ့ အခက္အခဲရွိတာေပါ့။ ေရကေတာ့ မရွားဘူးဗ်ာ။ ေႏြရာသီေရာက္လာေတာ့ ေရက နည္းနည္းေတာ့ ေနာက္ေနတာ။ အရင္တခါ ေရတြင္းတူးတယ္။ ေပ ၂၅၀ အထိ အဝီစိတြင္းတူးတာ ေရက မထြက္ဘူး။ အခုေပ ၅၀၀ အထိ တူးဖို႔လုပ္ေနတာ။ ေျမာင္းနားစခန္းက အစိုးရ ေဆာက္တဲ့ စခန္းေလ အဲဒီမွာ အိမ္ေထာင္စု ၇၂ စုရွိတယ္။ အစိုးရကေတာ့ လူတစ္ေယာက္ကို ၅၀၀ စီေထာက္ပံ့တယ္။ ေျမာင္းနား တစ္ခုပဲရွိတယ္။ က်န္တာေတြကေတာ့ ဘုန္းႀကီးေက်ာင္းေတြ၊ နီးစပ္ရာေက်းရြာေတြမွာ ေနၾကတာ။"

ဒါအျပင့္ ဘူးသီးေတာင္ၿမိဳ႕ေပၚမွာ ရွိတဲ့ စစ္ေရွာင္စခန္းေတြဟာ အစိုးရက တရားဝင္ေဆာက္ေပးထားတဲ့ စစ္ေရွာင္ခစန္း မဟုတ္သလို လာေရာက္ကူညီသူေတြ မရွိတာေၾကာင့္ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ၿမိဳ႕ေပၚ စစ္ေရွာင္စခန္းတာဝန္ခံ ဦးသာယာေအာင္ကေျပာပါတယ္။

"ေရအခက္အခဲ ရွိတယ္။ ၿပီးရင္ ေနရာထိုင္ခင္း အိမ္သာေပါ့ဗ်ာ။ လိုအပ္တာကေတာ့ အကုန္လံုးေပါ့။ က်ေနာ္က ဒီမွာ ခရစ္ယာန္ဆရာအေနနဲ႔ က်ေနာ့္ၿခံမွာေတာ့ ေရတြင္းရွိတယ္။ အဲတာလည္း အဆင္မေျပဘူး။ ေရာဂါကလည္း တစ္ေယာက္စ၊ ႏွစ္ေယာက္စေတာ့ ဝမ္းသြားတာေတြ ဖ်ားတာေတြရွိတယ္။ ျဖစ္ႏိုင္ရင္ ေရတြင္းေလး တူးေပေစခ်င္တယ္။ က်ေနာ္တို႔ စခန္းက တရားဝင္ ကယ္ဆယ္ေရးစခန္း မဟုတ္ေတာ့ ဘယ္သူမွ လာေရာက္ကူညီေပး တာမရွိဘူး။"

ရခိုင္ေျမာက္ပိုင္းမွာ လက္ရွိအခ်ိန္ထိ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနၿပီး ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရသူေတြလည္း တိုးလာေနတာပါ။ စစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ အဖြဲ႔အစည္းေတြအေနနဲ႔လည္း တိုက္ပြဲေတြေၾကာင့္ သြားေရးလာေရး အခက္အခဲေတြနဲ႔ ႀကံဳေတြ႕ေနရတယ္လို႔ စစ္ေရွာင္ကူညီသူေတြက ေျပာဆိုၾကပါတယ္။

လက္ရွိအခ်ိန္ထိ ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ဦးေရ ၁၆၀,၀၀၀ ေက်ာ္အထိ ရွိေနၿပီး စစ္ေရွာင္ေတြဟာ အစိုးရက ေဆာက္ေပးထားတဲ့ စစ္ခန္းေတြမွာ ေနထိုင္ၾကတာရွိသလို နီးစပ္ရာေက်းရြာေတြမွာ ဝင္ေရွာက္ခိုလုံေနၾကတာေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ ရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာပြတ် လပ်နေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ဘူးသီးတောင်မြို့နယ်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်နေတဲ့အပြင် သောက်ရေသုံးရေ ရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့မြောင်းနား စစ်ရှောင်စခန်းတာဝန်ခံ ဦးကျော်ဇင်ဦးက ပြောပါတယ်။

"ကျနော်တို့ အခက်အခဲကတော့ ရေရယ်၊ စားနပ်ရိက္ခာရယ်၊ အိမ်သာရယ်၊ အဲတာက လက်ရှိ ကျနော်တို့အတွက် အခက်အခဲ။ လူဦးရေက ၄၀၀ကျော်ရှိတယ်။ အခုရေနဲ့ ပတ်သတ်လို့ ဝမ်းရောဂါတွေ ဖြစ်နေကြတယ်။ ၁၀ ရက် ကျော်နေပြီ။ ကလေးတွေရော၊ လူကြီးတွေရော ဖြစ်နေကြတာ။ အခုဒီမှာက ရွာ ၄ ရွာ ပေါင်းပြီးတော့ နေကြတာ။"

မြောင်းနားစစ်ရှောင်စခန်းမှာ လူးဦးအားဖြင့် ၄၀၀ ကျော်နေထိုင်ပြီး အဲဒီ စခန်းဟာ အစိုးရက တရားဝင် ဆောက်ပေးထားတဲ့ စစ်ရှောင်စခန်းလည်း ဖြစ်ပါတယ်။ အစိုးရက ထောက်ပံ့တာတွေ ရှိနေပေမဲ့လည်း လုံလောက်မှု မရှိဘူးလို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။

ဘူးသီးတောင် စစ်ရှောင်စခန်းတွေမှာ ရေအခက်အခဲ ကြုံတွေ့နေရတာ မှန်ပေမဲ့ စားနပ်ရိက္ခာတွေ အဆက်မပြတ် ထောက်ပံ့ပေးနေတယ်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။

"ရေအခက် အခဲကတော့ ဒီရာသီကတော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ ရေကတော့ မရှားဘူးဗျာ။ နွေရာသီရောက်လာတော့ ရေက နည်းနည်းတော့ နောက်နေတာ။ အရင်တခါ ရေတွင်းတူးတယ်။ ပေ ၂၅၀ အထိ အဝီစိတွင်းတူးတာ ရေက မထွက်ဘူး။ အခုပေ ၅၀၀ အထိ တူးဖို့လုပ်နေတာ။ မြောင်းနားစခန်းက အစိုးရ ဆောက်တဲ့ စခန်းလေ အဲဒီမှာ အိမ်ထောင်စု ၇၂ စုရှိတယ်။ အစိုးရကတော့ လူတစ်ယောက်ကို ၅ရာစီထောက်ပံ့တယ်။ မြောင်း နား တစ်ခုပဲရှိတယ်။ ကျန်တာတွေကတော့ ဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာကျေးရွာတွေမှာ နေကြတာ။"

ဒါအပြင့် ဘူးသီးတောင်မြို့ပေါ်မှာ ရှိတဲ့ စစ်ရှောင်စခန်းတွေဟာ အစိုးရက တရားဝင်ဆောက်ပေးထားတဲ့ စစ်ရှောင်ခစန်း မဟုတ်သလို လာရောက်ကူညီသူတွေ မရှိတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ပေါ် စစ်ရှောင်စခန်းတာဝန်ခံ ဦးသာယာအောင်ကပြောပါတယ်။

"ရေအခက်အခဲကတော့ ဒီရာသီကတော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ ရေကတော့ မရှားဘူးဗျာ။ နွေရာသီရောက်လာတော့ ရေက နည်းနည်းတော့ နောက်နေတာ။ အရင်တခါ ရေတွင်းတူးတယ်။ ပေ ၂၅၀ အထိ အဝီစိတွင်းတူးတာ ရေက မထွက်ဘူး။ အခုပေ ၅၀၀ အထိ တူးဖို့လုပ်နေတာ။ မြောင်းနားစခန်းက အစိုးရ ဆောက်တဲ့ စခန်းလေ အဲဒီမှာ အိမ်ထောင်စု ၇၂ စုရှိတယ်။ အစိုးရကတော့ လူတစ်ယောက်ကို ၅၀၀ စီထောက်ပံ့တယ်။ မြောင်းနား တစ်ခုပဲရှိတယ်။ ကျန်တာတွေကတော့ ဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာကျေးရွာတွေမှာ နေကြတာ။"

ရခိုင်မြောက်ပိုင်းမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရသူတွေလည်း တိုးလာနေတာပါ။ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း တိုက်ပွဲတွေကြောင့် သွားရေးလာရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောဆိုကြပါတယ်။

လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ရှောင်ဦးရေ ၁၆၀,၀၀၀ ကျော်အထိ ရှိနေပြီး စစ်ရှောင်တွေဟာ အစိုးရက ဆောက်ပေးထားတဲ့ စစ်ခန်းတွေမှာ နေထိုင်ကြတာရှိသလို နီးစပ်ရာကျေးရွာတွေမှာ ဝင်ရှောက်ခိုလုံနေကြတာတွေလည်း ရှိနေပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG