ကိုဗစ်လွန်ကာလ ဂျပန်မှာ အရယ်အပြုံး ပြန်သင်ကြားပေးနေတဲ့ ကျောင်း၊ အနာဂတ်ကမ္ဘာမှာ စက်ရုပ်တွေက လူတွေကိုပါကျော်လွန် ထိန်းချုပ်နိုင်မယ်ဆိုပြီး စက်ရုပ်တရုပ်က ခန့်မှန်း၊ ဒီလို ကမ္ဘာတလွှားက သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ပေးထားပါတယ်။
အွန်လိုင်းပရိသတ် ၁၀ သန်း ကျော်ရှိပြီး ကာတွန်း ဇာတ်လမ်းတွဲတွေ ဆက်တိုက် ရေးသွားဖို့ ကြိုးစားနေတဲ့ လူငယ်ကာတွန်းဆရာမ အသက် ၁၉ နှစ်အရွယ် ဟယ်လာရီဆန်းကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းပြီး ဒီသတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
တိုက်ပွဲတွေ ဆက်တိုက်လိုဖြစ်နေတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ တိုက်ပွဲတွေကြား ရှောင်တိမ်းရင်း သေဆုံးသူ အရပ်သား ၁၄ ယောက်ထက်မနည်း သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရရှိသူကတော့ ၂၀ ကျော်ရှိသွားပြီးလို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။
"မြန်မာပြည်အယူအဆနဲ့ ပြောရမယ်ဆိုရင်တော့ ပင်လယ်ထိန်းသိမ်းချင်ရင် ပင်လယ်ဒေသခံတွေကိုပါ ထောက်ပံ့ပြီးတော့ ကူညီမှ ရမယ်ပေါ့နော်။ ဒီပင်လယ်မှာမှီခိုပြီး စားနေတဲ့လူတွေ၊ ပင်လယ်နဲ့အတူတူနေ နေတဲ့လူတွေ ရှေ့ရေး မတွေးနိုင်မချင်းကတော့ ထိန်းသိမ်းစောင့်ရှောက်မှု လုပ်တာက ...အောင်မြင်မယ်လို့ အစ်မကတော့ မမြင်ဘူး။"
ထိုင်ဝမ်စားသောက်ဆိုင်မှာ ခြေထောက် ၁၄ ချောင်း အိုင်ဆိုပေါ့ပုဇွန်နဲ့ ရာမန်ခေါက်ဆွဲ ရောင်းချ၊ အမေရိကန်မြို့လေးတမြို့မှာ ကက်သလစ်ခရစ်ယာန် သီလရှင်တပါးရဲ့ ရုပ်အလောင်း အချိန်ကြာပေမဲ့ မပုပ်မသိုးဘဲရှိနေ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်
T Fitness နဲ့ T’s Workshop ကျန်းမာရေး သင်တန်းတွေ စခဲ့ပြီး အရွယ်စုံ အလွှာစုံက လူမျိုးစုံ လိုက်ပါ လုပ်ဆောင်နိုင်မယ့် ကျန်းမာရေးနည်းလမ်းတွေနဲ့ အသိပညာ မျှဝေတာတွေ လုပ်နေတယ်လို့ သရုပ်ဆောင် မော်ဒယ် သန္တာလှိုင်က ပြောပါတယ်။
ယူကရိန်းပဋိပက္ခနဲ့ တရုတ်ရဲ့ စစ်ရေးအင်အား တိုးချဲ့မှုတွေ ရှိနေတဲ့အချိန်၊ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး မသေချာ မရေရာမှုတွေ ကြုံနေရချိန်မှာပဲ အမေရိကန်လေတပ် အကယ်ဒမီ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ အခမ်းအနားမှာ သမ္မတ ဂျိုးဘိုင်ဒန် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့ တို့ မိုင်းလားမြို့မှာ ဒီကနေ့တွေ့ဆုံပြီး၊ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။
လာမယ့်အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းတယောက် အနေနဲ့ ဝင်ပြိုင်မယ့်အကြောင်း ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis က တရားဝင် ကြေညာထားပြီး ပထမအဆင့် ရီပတ်ဘလစ်ကန်ပါတီတွင်း ရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump နဲ့အရင်ယှဉ်ပြိုင်ရဦးမှာပါ။ မခင်ဖြူထွေးက တင်ပြထားပါတယ်။
တောင်အာဖရိကမှာတော့ အထီးကျန်ခံစားနေရသူကို နွေးနွေးထွေးထွေး လာဖက်ထားမယ့် ဝန်ဆောင်မှုမျိုး မှာယူနိုင်၊ ဒူးအထက်ကစပြီး ခြေထောက် ၂ ဘက်လုံးပြတ်နေသူ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို ရောက်ရှိ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
လူမှုစီးပွား အကျပ်အတည်းတွေကြား ရုန်းကန်နေကြတဲ့ အိမ်ထောင်ရှင် လူလတ်ပိုင်း အမျိုးသမီးတွေဟာ ကိုယ့်ရဲ့ တကိုယ်ရည်ကျန်းမာရေး ဦးစားမပေးနိုင်တာတွေ ရှိတာကြောင့် ဒီလိုလူတွေ လိုက်ပါ လုပ်ဆောင်နိုင်မယ့် ကျန်းမာရေး အသိပညာပေး သင်တန်းတွေ ပို့ချပေးနေတယ်လို့ ကိုယ်ကာယကျန်းမာရေး နည်းပြ မော်ဒယ် သန္တာလှိုင်က ပြောပါတယ်။
စဉ့်ကူးမြို့နယ်အောက်ပိုင်းက သဲအင်းကျေးရွာနဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်တွေ ကြာသပတေးနေ့က လေကြောင်းကနေ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ စိုးရိမ်စရာမရှိဘူးလို့ ဒေသကာကွယ်ရေး အဖွဲ့တွေကပြောပါတယ်။
မေလ၁၄ ရက်နေ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဝင်ရောက်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် အိုးအိမ်တွေနဲ့ လူ့အသက်တွေ အများအပြား ဆုံးရှုံးခဲ့ရပြီး အရေးပေါ် အကူအညီလိုအပ်သူ အနည်းဆုံး ၃ သန်းလောက် ရှိနိုင်တယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ခန့်မှန်းထားပါတယ်။
အမေရိကန်အမျိုးသား ကမ္ဘာ့စံချိန်သစ်တင်ဖို့ ရေအောက်က အိမ်လေးမှာ ရက် ၁၀၀ နေနေ၊ နိုင်ဂျီးရီးယားစားဖိုမှူးက နာရီ ၁၀၀ ကြာ မရပ်မနား ပြင်ဆင်ချက်ပြုတ်ပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်း စံချိန်တင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကိုကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
"ကျမ ချွေးမလေးနဲ့ မြေးမလေးရဲ့ အလောင်းတွေ ဒီနေရာမှာပဲ တွေ့ခဲ့တာပါ။ ကျမ အစ်ကိုနဲ့ သားတွေရဲ့အလောင်းတွေကိုတော့ ရွာအနီးအနားမှာ တွေ့ပါတယ်။ တယောက်ရဲ့အလောင်းကို လမ်းပေါ်မှာတွေ့ပြီး နောက်တယောက် အလောင်းကိုတော့ ရွာထဲမှာ တွေ့ပါတယ်။” - မုန်တိုင်းသင့် ဒုက္ခသည်အမျိုးသမီး
ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်ခံရတာတွေ ဆိုးရွားနေဆဲ ဖြစ်ပြီး အထူးသဖြင့် တရုတ်၊ အီရန်၊ ရုရှားနဲ့ မြန်မာနိုင်ငံတွေ ကတော့ အဆိုးရွားဆုံး နိုင်ငံတွေ ဖြစ်တဲ့အကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ မခင်ဖြူထွေးတင်ပြထားပါတယ်။
ဂျာမနီမှာ 3D printer ရုပ်လုံးကြွ ပုံနှိပ်စက်သုံးပြီး သူ့အမျိုးအစားထဲမှာ အကြီးဆုံး အဆောက်အဦးကြီးတလုံး တည်ဆောက်၊ ဗြိတိန်မှာတော့ သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေရဲ့ အခြေအနေကို စက်ရုပ်နဲ့ စစ်ဆေးနိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
လူငယ်တွေရဲ့ စွဲလမ်းမှု ပြဿနာ ဖြတ်တောက်နိုင်ဖို့ ရန်ပုံငွေရှာ မှန်ပုံးထဲက ၁၅ ရက်မထွက် နေပြသူ၊ တကယ့် ရေထဲက ငါးက မဟုတ်ဘဲ ရုပ်လုံးကြွနည်းပညာနဲ့ ဖန်တီးတဲ့ ငါးအသားပြား၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ပီရူးနိုင်ငံတဝန်း က နတ်ဆရာတွေ စုစည်းပြီး ကမ္ဘာမြေအတွက် ဆုတောင်း၊ နာမည်ကျော် ဘာဘီ အရုပ်တွေမှာ ဒေါင်းဆင်ဒရုန်း၊ မွေးရာပါ မျိုးရိုးဗီဇ ချို့ယွင်းသူတွေရဲ့ မျက်နှာသွင်ပြင်နဲ့ ဘာဘီအရုပ်မလေးတွေ ထုတ်လိုက်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်လွှတ်တော်မှာ ဖေဖော်ဝါရီလက မြန်မာဒုက္ခသည်အရေး ဆုံးဖြတ်ချက်တရပ် ချမှတ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ မီဇိုရမ်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ပူးလာရင်းလီယာနာစိုင်းလို၊ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဇိုသုန်းမှုန် တို့နဲ့ မခင်ဖြူထွေး ဆွေးနွေး တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်