ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ ဒီသီတင်းပတ်ထဲ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားရာက အရပ်သားတွေ ထိခိုက်မှုတွေနဲ့ ဘေးလွတ်ရာ တိမ်းရှောင်ရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း(၅) မီးအကြီးအကျယ်လောင်ကျွမ်းမှုမှာ အိမ်ခြေတထောင်ကျော်နဲ့ စာသင်ကျောင်း ၂၀ကျော် မီးထဲပါသွားလို့ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။ မီးလောင်မှုနောက်ဆုံးရအခြေအနေတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၉၆၀၀ ကျော် လွှတ်ပေးခဲ့ရာမှာ အနည်းဆုံး သတင်းသမား ၃ ဦး ပါဝင်ခဲ့ပေမဲ့ နောက်ထပ် အများအပြား ကျန်နေသေးတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံကနေ အသုတ်လိုက် ဆက်တိုက် ထွက်လာခဲကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တသန်းကျော် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ အင်ဒိုနီးရှား နိုင်ငံကို ထွက်လာကြသူတွေကို ဒုက္ခသည်တွေ နေခဲ့ဖူးတဲ့ နေရာတွေမှာပဲ ပြောင်းရွေ့အခြေချဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေ စဉ်းစာနေပါတယ်။
မြန်မာနိုင်ငံကနေ အသုတ်လိုက် ဆက်တိုက် ထွက်လာခဲကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ တချို့ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံမှာပဲ နေထိုင်ကြပေမဲ့ တချို့ကတော့ လှေတွေနဲ့ အင်ဒိုနီးရှား နိုင်ငံကို ထွက်လာကြပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတဝိုက်က ဒေသခံတွေ ဘေးလွတ်ရာမှာ ထွက်ပြေး တိမ်းရှောင်ခဲ့တာ နှစ်လလောက်ရှိလာပြီဖြစ်ပေမယ့် အခုချိန်ထိ ကျေးရွာအများစုက ရွာသူရွာသားတွေ နေရပ်မပြန်နိုင်ကြသေးပါဘူး။
မြန်မာကနေ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို အိန္ဒိယရဲတပ်ဖွဲ့က မီဇိုးရမ်းပြည်နယ်၊ အိုက်ဇောမြို့ကို မနေ့ တနင်္လာနေ့က ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒုက္ခသည်စခန်းတွေထဲနှစ်နဲ့ချီ ခိုလှုံနေထိုင်နေရတဲ့ ရိုဟင်ဂျာတွေအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းဘက်က လူသားချင်းစာနာမှု အကူအညီပေးရေး ဆောင်ရွက်မှုတွေ ပိုတိုး လုပ်ဆောင်ပေးပါလို့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက တောင်းဆိုလိုက်ပါတယ်။
မိခင်နဲ့အတူ အကျဉ်းကျခံနေရတဲ့ ကလေးငယ်တွေ အပါအဝင် အကျဉ်းသားအများအပြားဟာ ဆောင်းအအေးဒဏ်ခံနိုင်ဖို့ အဝတ်အထည်တွေ လိုအပ်နေတဲ့အပြင် စားသောက်ရေး အခက်အခဲပါကြုံနေရတယ်လို့ ထောင်နဲ့နီးစပ်သူတွေ ကပြောပါတယ်။
လွိုင်ကော်မြို့တွင်း ကရင်နီတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရပ်ကွက်တွေမှာ စစ်ရှောင်တချို့ နေရပ်ပြန်ပြီး လိုအပ်တဲ့ပစ္စည်း ပြန်ယူတာမျိုး ရှိနေပေမဲ့ဲ့မကြာသေးခင်ကပဲ လက်နက်ကြီးကျည်ကြောင့် ထိခိုက် ဒဏ်ရာရမှုတွေ ကြုံလာတဲ့နောက် ကာကွယ်ရေးတပ်တွေက အဝင်အထွက်မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ထဲက ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေထဲမှာ (ARSA) အာဆာလို လက်နက်ကိုင်အစွန်းရောက်အဖွဲ့တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတဲ့အတွက် အသက်အန္တရာယ်လုံခြုံရေးက အထူးစိုးရိမ်စရာဖြစ်လာနေလို့ ဒုက္ခသည်တွေ ကြောက်လန့်တုန်လှုပ်နေကြပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဘိန်းဖြူအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာပြီလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ပင်လယ်ပြင်ခရီးကြမ်းကို ဖြတ်သန်းလာရပြီး အတိဒုက္ခပေါင်းစုံနဲ့ရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးရောက် ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးနေပါသလဲဆိုတာ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားပြီး မိုင်ရှင်းလင်းရေးလုပ်ငန်းနဲ့ လုံခြုံရေးကင်းလှည့်တာတွေ လုပ်နေတယ်လို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။ မြို့ခံအများစုက နေရပ်မပြန်နိုင်ကြသေးပေမယ့် တချို့သူတွေ စပါး၊ ပြောင်းနဲ့ မြေပဲတွေ ပြန်သိမ်းဆည်းနေကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြားမှာ အရပ်သား ထိခိုက်မှုတွေ ရှိလာပြီး၊ အဲဒီထဲမှာ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ လူမှုရေးအသင်းအဖွဲ့တွေလည်း ပစ်ခတ်ခံရတာ ရှိလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ သူတွေက ပြောပါတယ်။
ကနေဒါခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီရေး ရိုဟင်ဂျာအရေး ဆွေးနွေးခဲ့တာတွေကို NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကို မဆုမွန် က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အားလပ်ရက်ရာသီ လွတ်တော်လုပ်ငန်းတွေ မရပ်နားခင် ယူကရိန်းကို ဘီလျံနဲ့ချီ အကူအညီပေးရေးကိစ္စ သဘောတူနိုင်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေ အချိန်လု ကြိုးစားနေကြပါတယ်။ ယူကရိန်းကို အကူအညီပေးချင်တယ်ဆိုရင် နယ်ခြားလုံခြုံရေးအတွက် အသုံးစရိတ်ကိုလည်း အတည်ပြုရမယ်လို့အမတ်တချို့ကတောင်းဆိုနေပါတယ်။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်မှာ ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ရှောင်သူ အရေအတွက် များပြားလာသလို၊ ကုန်သွယ်ရေး လမ်းကြောင်းတွေလည်း ပိတ်ဆို့ခံထားရလို့ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ရခိုင်မြောက်ပိုင်း ရခိုင်တပ်တော် AA က စစ်ကောင်စီစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုတွေအပြီး တကျော့ပြန် စစ်ရေးပဋိပက္ခ ပြင်းထန်လာနေချိန် လုံခြုံရေး လမ်းပမ်းဆက်သွယ်ရေး တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ ရှိနေတဲ့အတွက် နဂိုကတည်းက အသွားအလာကန့်သတ်ခံထားရတဲ့ ရိုဟင်ဂျာမူဆလင်တွေ အတော်လေး အခက်အခဲဒုက္ခတွေကြုံနေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်