အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တဝှမ်းမှာ နယ်မြေလုံခြုံရေးကို ပိုပြီးတော့ အရှိန်အဟုန်မြင့်တင်းကျပ်ထားပြီး အကြမ်းဖက်မှုတွေဖြစ်ပွားနိုင်တဲ့ လက်နက်ပစ္စည်းတွေ သုံးရက်အတွင်း သက်ဆိုင်ရာကို အမြန်ဆုံး အပ်နှံဖို့ နိုးဆော်ထားပါတယ်။
ပဋိပက္ခတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ လယ်ယာလုပ်ငန်းတွေ ပြန်ထူထောင်နိုင်အောင် ဝိုင်းဝန်းကူညီကြဖို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ ဖွံ့ဖြိုးမှုအစီအစဉ်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေသူတွေ အတွက် ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်နေတယ်လို့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးက ပြောပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပျက်စီးတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကို အသစ် ပြန် တည်ဆာက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်ဆင်နေပါတယ်။
မန္တလေးမြို့က ထောင်ချီတဲ့ သံဃာတော်တွေဟာ မူဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ငြိမ်းချမ်းရေးကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ကရင်အဖွဲ့အစည်းတွေကြား သွေးခွဲ ဆက်ဆံတာမျိုး လုပ်မှာမဟုတ်ဘဲ ငြိမ်းချမ်းရေး ရအောင် ကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။
ကမ္ဘောဇဘဏ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ကောလာဟလ ဖြစ်တယ်လို့ ကမ္ဘောဇဘဏ် အကြီးအကဲတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကလေးငယ်တဦးပျောက်ဆုံးရာ ကနေ ကောလဟာလ သတင်းတွေထွက်ပေါ်လာပြီးတော့ လူထုတွေကြား စိုးရိမ်ပူပင်မှုတွေနဲ့ မငြိမ်သက်မှုတွေ ရှိခဲ့ပါတယ်။
မန္တလေးတိုင်းတွင်း မြို့နယ်သုံးမြို့နယ်က ကျေးရွာတွေက ထောင်ချီတဲ့ အိမ်ခြေတွေကို စက်တင်ဘာလမှာ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ မန္တလေးတိုင်းဒေသကြီး အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာကဏ္ဍကို ပိုပြီးတော့မှ ပွင့်လင်းလွတ်လပ်လာတဲ့ အနေအထား ကို ရရှိဖို့ သက်ဆိုင်ရာ ပါတီတွေအနေနဲ့ လိုလားကြောင်း ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ ပြည်ထောင်စုစနစ် အုပ်ချုပ်ပုံကို မြန်မာပြည်ရဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ အုပ်ချုပ်ရေးနဲ့ယှဉ်ပြီး ပြန်အသုံးချနိုင်တဲ့ နိုင်ငံရေး ဗဟုသုတတွေ ရခဲ့တယ်လို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံရေး ပါတီကိုယ်စားလှယ်တွေက ပြောပါတယ်။
သတင်းမီဒီယာနဲ့ ပြည်သူ့ဆက်ဆံရေး အစီအစဉ်နဲ့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီကို မြန်မာ့နိုင်ငံရေးပါတီ ၈ ခုက ကိုယ်စားလှယ်တွေ လေ့လာရေး ရောက်နေပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ထဲက ရေဘေးသင့် ပြည်သူတွေကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ သွားရောက် တွေ့ဆုံ အားပေးခဲ့ပါတယ်။
ရေဘေးသင့်ပြည်သူအများစုကတော့မိမိတို့ရဲ့ ရေဝိုင်းနေတဲ့ နေအိမ်တွေမှာပဲ နေထိုင်နေကြရပြီး အလှူရှင်တွေရဲ့ လှူဒါန်းမူနဲ့ပဲ ရပ်တည်နေရပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တားနားဟာ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင်း ပဋိပက္ခအရေး စုံစမ်း လေ့လာဖို့ ရှိနေပါတယ်။
UNICEF အကျိုးဆောင် သံအမတ်ကြီးအဖြစ် မြန်မာနိုင်ငံမှာရာက်နေတဲ့ မင်းသား Jackie Chan ဟာ ဒီကနေ့ ရန်ကုန်မြို့က မိဘမဲ့ကလေးတွေကို တွေ့ခဲ့ပါတယ်။
အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ အခက်အခဲတွေကို ထူးခြား ဦးဖျား တင်ပြလာပါတယ်။
နိုင်ငံတော်ဧည့်သည်အဖြစ် ဖိတ်ကြားခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်သစ်ခရီးစဉ်အတွင်း ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့လည်း တွေ့ဖို့ရှိပါတယ်။