စစ်ရေးတင်းမာမှုတွေကြောင့် နယ်မြေအခြေအနေ မတည်ငြိမ်သေးတဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ်းနိန်းနဲ့ လုံပျဉ်ကျေးရွာတွေမှာ စစ်ဘေးဒုက္ခသည်တွေကို ဆက်လက် တိမ်းရှောင်နေကြရပါတယ်။
ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို အသုံးပြုပြီးတော့ ရခိုင်နဲ့အိန္ဒိယ နှစ်နိုင်ငံကြား ကုန်သွယ်မှုတွေ ရှိနေပြီလို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကပြောပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ လေဆိပ်တွေထဲက စစ်တွေလေဆိပ်နဲ့ သံတွဲလေဆိပ်တို့ကို နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြေးဆွဲနိုင်အောင်အထိ တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရက ပြောပါတယ်။
ကပ်ရောဂါစဖြစ်တဲ့ အချိန်ကစလို့ တရုတ်နယ်စပ်မြို့တွေ အပါအဝင် ပြည်မကြီးထဲက သုံးနှစ်လောက် နေရပ်မပြန်ဘဲ တရားမဝင်ဖြစ်သွားတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်အစိုးရက နှစ်နိုင်ငံသဘောတူညီမှုနဲ့ နေရပ်ကို ပြန်လွှဲပြောင်းပေးဖို့ စတင်လုပ်ဆောင်နေပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား နှစ်ဖက် တိုက်ပွဲဖြစ်နေတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတဝိုက်က ဒေသခံတွေ အရင်ထဲက ဘေးလွတ်ရာကို တိမ်းရှောင်ထားတာရှိသလို ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။
စစ်ရေးပဋိပက္ခဖြစ်နေတဲ့ စစ်ကောင်စီရော ဒေသခံကာကွယ်ရေးအဖွဲ့တွေကပါ နှစ်ဖက်စလုံးက မြေမြုပ်မိုင်းတွေ အသုံးပြုနေတာဖြစ်ပေမယ့်၊ စစ်ကောင်စီတပ်က ပိုအသုံးများတယ်လို့ မိုင်းရှာဖွေရှင်းလင်းရေးအဖွဲ့တွေက ပြောကြပါတယ်။
ခရီးသွားလုပ်ငန်းကျဆင်းနေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ရှေးဟောင်းပုဂံမြို့တဝိုက်မှာ စီးပွားရေးလုပ်ငန်းအများစုက ရပ်တန့်နေပြီး ခရီးသွားလုပ်ငန်းကို မှီခိုနေတဲ့ လုပ်ငန်းတွေ ဆက်တိုက် ရပ်နားထားရပါတယ်။
အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်တချို့ရဲ့ လိမ်လည်ခေါ်ဆောင်မှုကြောင့် အာရပ် စော်ဘွားများပြည်ထောင်စု UAE နိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ဒူဘိုင်းရောက် မြန်မာလူမှုကူညီရေးအဖွဲ့တခုက ဗွီအိုအေကို ပြောပါတယ်။
ငွေကြေးနဲ့ ကုန်ဈေးနှုန်း မတည်မငြိမ်အခြေအနေတွေ ပေါ်ပေါက်နေချိန်မှာ ဗဟိုဘဏ်က ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ သန်း၂၀၀ ဖြည့်တင်း ထောက်ပံ့ ပေးမယ့်အကြောင်း ဗုဒ္ဓဟူးနေ့ညနေပိုင်းက ကြေညာခဲ့ပြီးတဲ့နောက်တနေ့ ဒိနေ့မှာ ဓာတ်ဆီတဂါလံကို ကျပ်၂၀၀ လောက် ပြန်ကျသွားပါတယ်။
မနေ့ညပိုင်းက ကောလင်းမြို့နယ်အနောက်ဘက်ခြမ်း ညောင်ပင်လှရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းချတဲ့နေရာကို စစ်ကောင်စီတပ်တွေက တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့သလို မြေပြင်ကလည်း ရွာကို ဝိုင်းဝန်းပိတ်ဆို့ ထိုးစစ်ဆင်နေပြီး ရွာသားတချို့ ကျေးရွာတွင်းမှာ ပိတ်မိနေပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးကြပ်တည်းမှုတွေ၊ လုံခြုံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရေး၊ စားရေး အခက်အခဲတွေ့သူတွေ ပိုများလာနေပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေ နေ့စဉ်ဘဝတွေမှာ ရင်ဆိုင် ဖြတ်သန်းနေကြရတဲ့ အခြေအနေအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းထောက်မှတ်စုကို ကိုဇော်ဝင်းလှိုင် တင်ပြထားပါတယ်။
“ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ အထွေထွေအတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်ကို အစိုးရအနေနဲ့ လက်ခံတွေ့ခဲ့တယ်။ တွေ့ချိန်မှာ မြန်မာနိုင်ငံနဲ့ကုလသမဂ္ဂကြားထဲ ဆက်သွယ်ဆက်ဆံမှု ကျနော်တို့မနေ့ကသတင်းထုတ်ပြန်ခဲ့တယ်။ ဆက်သွယ်ဆက်ဆံမှု တိုးမြင့်ရေးကို ဆွေးနွေးနိုင်ခဲ့တယ်လို့ပဲ ပြောချင်တယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
စစ်ကောင်စီက အကျဉ်းသားတွေကို ထပ်မံ ကွပ်မျက်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ချဉ်းကပ်ပုံ ပြောင်းလဲလုပ်ဆောင်ရလိမ့်မယ်လို့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က သတိပေးလိုက်ပါတယ်။
“ကိုဗစ် ၁၉ ဒုတိယလှိုင်းနဲ့တတိယလှိုင်းပြင်းထန်စွာခံစားခဲ့ရပြီး ကိုဗစ် ၁၉ ကပ်ဘေးက ကျော်လွှားဖို့ အပြင်းအထန်ကြိုးပမ်းနေရသလို ပြင်းတွင်းဆူပူအကြမ်းဖက်ဆန္ဒပြမှုတွေကို ဖြေရှင်းဆောင်ရွက်နေလို့ နိုင်ငံတည်ငြိမ်မှုမရှိလို့ အာဆီယံဘုံသဘောတူညီဖို့ အခက်အခဲရှိခဲ့ပါတယ်။” (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်)
နှလုံးရောဂါဖောက်တာ၊ လေဖြတ်တာမျိုး ဖြစ်နိုင်ခြေများလာရင် သွေးထဲမှာ မသိမသာ ပြောင်းလဲမှုတွေကို ထောက်လှမ်းနိုင်ပြီး လူနာတွေကို သတိပေးနိုင်တဲ့ ကိရိယာငယ်လေးတခုကို သြစတြေးလျ သိပ္ပံပညာရှင်တွေက တီထွင်ထားပါတယ်။ AP သတင်းဆောင်းပါးတပုဒ်ကို ကိုဇော်ဝင်းလှိုင်က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခ ပိုတင်းမာမှုကြောင့် အိုးအိမ်စွန့်ထွက်ပြေးရသူ ပိုပြီးများလာနိုင်တယ်လို့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကုလသမဂ္ဂကပြောပါတယ်။ အိုးအိမ်စွန့်ပြီး ပြည်တွင်း၊ ပြည်ပ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ ဘယ်လိုအခြေအနေနဲ့ ရင်ဆိုင်နေရပါလဲ။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုဇော်ဝင်းလှိုင် တင်ပြထားပါတယ်။
“ညက ၁၁ နာရီခွဲလောက်မှာ အမောဖောက်လာပြီးတော့ အသက်ထွက်သွားတာပဲ။ အဆုတ်။ သူ့အဆုတ်မကောင်းဘူး။ ကိုဗစ်မှာတုန်းက အဆုတ်တော်တော် ထိသွားတယ်။ အဆုတ်မကောင်းဘူး။ သူ ဆီးချိုကုတဲ့အချိန်မှာ ကိုဗစ်နည်းနည်း ခတ်သွားတယ်။ အဲဒီမှာ အဆုတ်တော်တော်လေးနာသွားတယ် ပြောတယ် ဆရာဝန်က။ ”(ဦးဗညားအောင်-မွန်သတင်းအေဂျင်စီ)
မြန်မာနိုင်ငံထဲကနေ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၁.၄ သန်းလောက်ရှိပြီး ပိုပြီးတင်းမာလာနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာသူ အရေအတွက်ဟာ လာမယ့်ကာလမှာ ပိုပြီးများလာနိုင်ခြေရှိတယ်လို့ ဒီနေ့ ဇွန်လ ၂၀ ရက်မှာကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကုလသမဂ္ဂက ကပြောလိုက်ပါတယ်။
သြစတြေးလျမှာ အစိုးရတွေက ပလတ်စတစ်လျှော့ချရေးလုပ်ဆောင်နေတာကို သြစတြေးလျနိုင်ငံ Notre Dame တက္ကသိုလ် သုတေသန အသစ်တခုကဖော်ပြပါတယ်။ အသုံးပြုပြီးသား နှာခေါင်းစည်းတွေနဲ့ ရောဂါစစ်ဆေးတဲ့ ကရိယာတွေပိတ်ဆို့ပြီး ရေလျှံတဲ့ ပြဿနာတွေနဲ့ ကြုံလာရနိုင်တာကိုလည်း သတိပေးနေကြပါတယ်။ ကိုဇော်ဝင်းလှိုင် ပြောပြပေးပါလိမ့်မယ်။
“လောလောဆယ် အလုပ်ထွက်တာတွေကတော့ မကြားရသေးဘူး။ တချို့တွေက မိသားစုပြဿနာကို တခြားနည်းလမ်းနဲ့ မဖြေရှင်းတတ်လို့ လုပ်နေတဲ့ သူတွေလည်း ရှိတာပေါ့။ တချို့က ပင်စင်ရခါနီးဖြစ်တဲ့အခါကျတော့ အဲဒါတွေလည်း ပါတယ်လေ။ ဒါပေမယ့် တချို့တွေက လစ်လပ်တဲ့နေရာမှာ၊ အစားထိုးတဲ့နေရာမှာ အသစ်ဝင်တဲ့လူတွေလည်း ရှိတယ်။” (ဒေသခံတဦး)
နောက်ထပ်ကြည့်ရှုရန်