ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က ၁၉၄၅ ခုနှစ်မှာ နာဇီတွေလက်နက်ချခဲ့တဲ့ နေရာကို သမိုင်းဝင် ပြတိုက်အဖြစ် ဆောက်ထားတဲ့နေရာဟာ အခု ရုရှားက ယူကရိန်းကို ဝင်ရောက် သိမ်းပိုက်တဲ့ စစ်ပွဲ ကြားမှာ ပါဝင် ပတ်သက်နေပါတယ်။ ဗွီအိုအေ သတင်းထောက် Henry Ridgwell ပေးပို့ထားတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြေပးပါမယ်
“ YTT ကုန်းမှာ မနေ့ည ၉ နာရီ ကျော်လောက်မှာ မြေပြိုတယ်။ ဒီ YTT ကုန်း အဲဒီနေရာမှာ တစ်သုံးလုံးကုမ္ပဏီတွေ အလုပ်လုပ်နေတယ်။ အဲဒီက ဝန်ထမ်း- ဘက်ဟိုးမောင်းတာတွေရော၊ ကြီးကြပ်တို့ ဘာတို့... အစ အကုန်လုံး အယောက် ၅၀ အထက် ဖြစ်သွားတာကို သိရတယ်။ ဘက်ဟိုး ၂ စီးပါတယ်။” (ဒေသခံ)
“ကန်မှာ သောက်ရေ သုံးရေလည်းမရတော့ဘူး။ ချောင်းရေကိုပဲသုံးနေရတယ်။ အဲဒီချောင်းရေဆိုတာကလည်း တအား ညစ်ပတ်တယ်။ ဘာလို့လဲဆိုတော့ ချောင်းမှာ အိမ်သာတို့ဘာတို့ချထားတာရှိတယ်ဆိုတော့ ကျန်းမာရေးနဲ့မညီညွတ်မှုဖြစ်နေတယ်၊ ဒါကြောင့်မလို့ ကလေးတွေ မကြာမကြာ ဝမ်းရောဂါတွေဖြစ်တယ်။” (ဒုက္ခသည်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်)
၂၀၂၁ ခုနှစ်ဟာ ကမ္ဘာတဝန်း နိုင်ငံရေးအရ၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ဥတုရာသီစတဲ့ ထူးခြားဖြစ်စဉ်တွေ ရှိခဲ့တဲ့နှစ်ပါ။ ဒါ့အပြင် မနှစ် ၂၀၂၀ ခုနှစ်မှာ စတင်ခဲ့တဲ့ COVID-19 ကပ်ရောဂါရဲ့အရှိန်ဟာလည်း အခုထိ လျော့ကျမသွားသေးပါဘူး။ ၂၀၂၁ ခုနှစ်ရဲ့ထူးခြားဖြစ်စဉ်တွေကို ကိုဇော်ဝင်းလှိုင်နဲ့ မမြသဇင်အောင်တို့ ပြောပြပေးပါမယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်မှာ မိုးကြီးတာကြောင့် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက လမ်းအလုပ်သမား ၁၂ ဦး တောင်ကျရေနဲ့ မျောပါသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလူမျိုးစုအဖြစ် အသိအမှတ်ပြု မခံရတဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို တရားဝင်သုံးနှုန်းပြီး လက်တွဲ လုပ်ဆောင်မယ့်အကြောင်း NUG အမျိုးသားညီညွတ်ရေး အစိုးရကဖိတ်ခေါ်ထားပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေကတော့ NUG ဘက်ကအခုလိုအသိအမှတ်ပြုလာတဲ့အပေါ်မယုံကြည်နိုင်ကြသေးပါဘူး။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါကူးစက်သူ အရေအတွက် များလာနေပြီး ကိုဗစ်ဗီဇပြောင်းပိုး ၃ မျိုးကို နိုင်ငံထဲမှာ တွေ့ရှိထားပါတယ်။ တချို့ဒေသတွေမှာ အစုလိုက်ရောဂါကူးစက်မှုတွေ ဖြစ်လို့ ရောဂါကူးစက်မှုတွေ၊ ထိန်းချုပ်ရေးဆောင်ရွတ်ချက်တွေနဲ့ ပတ်သတ်ပြီး သတင်းထောက် မှတ်စုအစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်က တင်ဆက်ပေးမှာပါ။
မြန်မာဘက်ကနေ တရုတ်နိုင်ငံထဲ တရားမဝင် ဖြတ်ကျော်ဝင်လာသူတွေကို သတင်းပေးမယ်ဆိုရင် မြန်မာငွေ ကျပ် သိန်း ၅၀ လောက်နဲ့ညီမ ျှတဲ့ ဆုကြေး ယွမ်ငွေ ၂၀,၀၀၀ အထိ ပေးသွားမယ်လို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ အာဏာပိုင်တွေဘက်က ထုတ်ပြန်ထား
ပြည်သူတွေလက်ထဲမှာ သိမ်းဆည်းထားတဲ့ငွေတွေ လုံခြုံစိတ်ချရဖို့အတွက် ဘဏ်တွေမှာ စုဆောင်းငွေစာရင်း အသစ်ဖွင့်ပြီး ပြန်လာအပ်နိုင်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီနဲ့ ကျယ်ဂေါင်မြို့မှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူ နေတိုင်းရှိနေတာကြောင့် မြန်မာအများစုရှိတဲ့ နေရာတွေမှာ အသွားအလာ ကန့်သတ်တာတွေ တရုတ်အာဏာပိုင်တွေဘက်က ပိုပြီးတင်းတင်းကျပ်ကျပ် လုပ်လာပါတယ်။ ရန်ကုန်သတင်းထောက် ပေးပို့ထားတဲ့ သတင်းအပြည့်အစုံကို ကိုဇော်ဝင်းလှိုင်ပြောပြပါမယ်။
မြန်မာ့ဖရဲသီးတွေကို တရုတ်က အဝယ်ပိတ်လိုက်တယ်ဆိုတဲ့သတင်းတွေနဲ့အတူ ဖရဲသပိတ်ဆင်နွဲတာတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပေမဲ့ ကျန်းမာရေးစစ်ဆေးမှုကြောင့် အရောင်းတရက်ရ ပ်နားတာနဲ့ လမ်းခရီးမှာ ကြန့်ကြာမှုကြောင့် ဖရဲဈေးကွက်နှောင့်နှေးနေတာဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ် သစ်သီးကုန်သည်တွေကပြောပါတယ်။
ကုန်ထုတ်လုပ်ရေးမှာ အဓိကကျတဲ့ ရန်ကုန်တိုင်းက မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်ဖြိုခွဲတာ၊ စစ်အုပ်ချုပ်ရေးဥပဒေ ကျင့်သုံးတာတွေကြောင့် နေရပ်ရွှေ့ပြောင်းမှုတွေနဲ့အတူ စားဝတ်နေရေး လုံခြုံမှုမရှိတော့တဲ့ အခြေအနေကို ဦးတည်လာကြောင်း ပညာရှင်တွေက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေကို အာဏာပိုင်တွေက ဖြိုခွဲနှိမ်နင်းနေချိန်မှာပဲ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတချို့ကို ပစ်မှတ်ထားအရေးယူတာတွေလည်း ရှိနေပါတယ်။
CDM လှုပ်ရှားမှုမှာ အမေရိကန်ရောက် သံရုံးဝန်ထမ်းတွေ ပါဝင်လာနေကြတာမှာ အခုနောက်ဆုံး ကာလီဖိုးနီးယားပြည်နယ် Los Angeles မြို့က မြန်မာ ကောင်စစ်ဝန်ရုံးချုပ်မှာ ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးအောင်ကျော်နိုင်လည်း မတ်လ ၅ ရက်၊ သောကြာနေ့က စပြီး CDM လှုပ်ရှားမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုဟာ စနေနေ့ညမှာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ဏာသိမ်းမှု ဖြစ်သွားခဲ့တာနဲ့ပတ်သက်လို့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်မယ်ဆိုရင် အောက်ခြေက လူထုကို ထိခိုက်တာမျိုး မဖြစ်စေမယ့် ပစ်မှတ်ထား ဒဏ်ခတ် အရေးယူမှုမျိုး ဖြစ်သင့်တယ်လို့ ကုလသမဂ္ဂက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ကိုဇော်ဝင်းလှိုင် က ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်ဏာသိမ်းမှု ဖြစ်သွားခဲ့တာနဲ့ပတ်သက်လို့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်မယ်ဆိုရင် အောက်ခြေက လူထုကို ထိခိုက်တာမျိုး မဖြစ်စေမယ့် ပစ်မှတ်ထား ဒဏ်ခတ် အရေးယူမှုမျိုး ဖြစ်သင့်တယ်လို့ ကုလသမဂ္ဂက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
CDM ကို ဦးဆောင်လုပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ အင်္ဂါပူမြို့နယ်အတွင်းက တိုက်နယ် ဆေးရုံအုပ်တဦးဖြစ်သူ ဒေါက်တာ ပြည့်ဖြိုးအောင်ကို အာဏာပိုင်တွေက မနေ့ညက ဖမ်းဆီးသွားခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါက်တာ ဖြူလဲ့သူက ပြောပါတယ်။
ဝါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ မြန်မာစစ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြပွဲ ပြုလုပ်ပြီး စစ်သံရုံးဝန်ထမ်းတွေအနေနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေနဲ့ ရပ်တည်ပြီး အာဏာသိမ်း စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းမပြုဖို့ တောင်းဆိုတဲ့စာကို ပေးအပ်ဖို့ ကြိုးစားတာမှာ စစ်သံရုံးက လက်မခံခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ နောက်တနေ့မှာဘဲ အာဏာသိမ်းမှုကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ဆန္ဒပြတဲ့ Civil Disobedience လှုပ်ရှားမှုကို ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဦးဆောင်ပြီး စတင်ခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်