NLD နာယက ဦးဝင်းထိန်ကို ကြာသပတေးနေ့ညမှာဘဲ နေအိမ်ကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးပြီး ရန်ကုန်ကနေ နေပြည်တော်အသွား အဝေးပြေလမ်းမပေါ် ရောက်နေစဉ် ဦးဝင်းထိန်က သူ့ကို ဖမ်ဆီး ခံထားရပြီဆိုတဲအကြောင်း ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။
ဖေဖေါ်ဝါရီ ၃၊ ၂၀၂၁ - မြန်မာနိုင်ငံမှာ လက်ရှိ စစ်တပ်အာဏာသိမ်းလိုက်တဲ့အပေါ် ဘယ်လိုမြင် သုံးသပ်မိသလဲဆိုတာကို ကိုဇော်ဝင်းလှိုင်က ဦးကျော်ဇံသာကို ပြန်လည်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
Coronavirus ကြောင့် အိန္ဒိယကိုလာမယ့် ကမ္ဘာလှည့်ခရီးသွားတွေကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမှု ဆိုင်းငံ့ထားဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် သူတို့ရဲ့ လုပ်ငန်းတွေကို ထိခိုက်နိုင်ကြောင်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။
Coronavirus ကူးစက်မှုကြောင့် အမေရိကန်ပြည်ထောင်စု ပြည်နယ်အတော်များများမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ ဒီကာလအတွင်းမှာ အများပြည်သူကျန်းမာရေးအတွက် အရေးကြီးတဲ့လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ဗဟိုအစိုးရနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံ၊ သံလွင်မြစ်ထဲက သဲတွေကို အကန့်အသတ်မရှိ တူးယူနေတာကြောင့် ဒေသခံတွေရဲ့ မြေနုကျွန်းတွေ ဆုံးရှုံးတဲ့အတွက် လယ်သမားတွေဘဝရပ်တည်ရေး အခက်ကြုံနေကြရပါတယ်။
Coronavirus ကြောင့် မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေ ပိတ်လိုက်ရပြီး ထောင်နဲ့ချီတဲ့ အလုပ်သမားတွေလည်း အလုပ် ပြုတ်ကုန်ကြပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကြားဖြတ် ဆောင်ရွက်ပေးဖို့ ICJ က ဆုံးဖြတ်ချက် ချထားပြီးဖြစ်တဲ့အတွက် Maldives နိုင်ငံက မကြာခင်မှာ ကြားဖြတ်အမှု တင်သွင်းမယ်လို့ ပြောလိုက်ခြင်းက ဒီအမှုကို ပြောင်းလဲသွားစေမှာမဟုတ်ကြောင်း ပါမောက္ခ Timothy Waters က ပြောပါတယ်။
(Zawgyi / Unicode) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ ဆက်လက် မလုပ်ဆောင်ရေး ICJ နိုင်ငံတကာ တရားရုံးမှာ ကြားဖြတ်အမှု တင်သွင်းမယ့်အကြောင်း Maldives နိုင်ငံက ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံကို ၂ ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Donald Trump က နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြျင့်ဆောင်ရွက်ဖို့ အိန္ဒိယဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အကြောင်း ကြေညာလိုက်ပါတယ်။ Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၀ - အမေရိကန်ပြည်ထောင်စုကို ရွေ့ပြောင်းအခြေချနေထိုင်ခွင့် ကန့်သတ်စာရင်းထဲ မြန်မာနိုင်ငံပါဝင်ခဲ့တာကြောင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ဘယ်လို ရိုက်ခတ်မလဲဆိုတာ မြန်မာ-အမေရိကန် လူမှုကူညီရေးအသင်းက Elaisa Vahnie ကို တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုထဲ ရွေ့ပြောင်းအခြေချနေထိုင်ခွင့် ကန့်သတ်စာရင်းထဲ မြန်မာနိုင်ငံပါဝင်တာကြောင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ဘယ်လို ရိုက်ခတ်မလဲဆိုတာ မြန်မာ-အမေရိကန်လူမှုကူညီရေးအသင်းက Elaisa Vahnie ကို တွေ့ဆုံမေးမြန်းထားပါတယ်။
Coronavirus တိုက်ဖျက်နိုင်ရေးနဲ့ အဲဒီအတွက်ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကမ္ဘာတဝှမ်းမှာရှိတဲ့ ဆေးပညာရှင်တွေ ကြိုးစားနေကြတာမှာ SARS အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် ကာကွယ်ဆေးတွေ ထုတ်လုပ်ခဲ့ဘူးတဲ့ Sanofi Pasteur ကုမ္ပဏီကြီးကလည်း Coronavirus အတွက် ကာကွယ်ဆေး ထုတ်လုပ်ဖို့ စီစဉ်နေပြီလို့ ပြောပါတယ်။
ဖေေါ်ဝါရီ ၀၂၊ ၂၀၂၀ - ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံခြားကလာရောက် ရင်းနှီးမြုပ်နှံကြတဲ့ စက်ရုံ၊ အလုပ်ရုံတွေက လိုအပ်တဲ့ အရည်အချင်းနဲ့ ပြည့်မီတဲ့ ဝန်ထမ်းအရေအတွက် မဖြည့်ဆည်းပေးနိုင်တဲ့ အခက်အခဲနဲ့ ကြုံနေရကြောင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားတဲ့ ဒုတိယပိုင်းကို
ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံခြားကလာရောက် ရင်းနှီးမြုပ်နှံကြတဲ့ စက်ရုံ၊ အလုပ်ရုံတွေက လိုအပ်တဲ့ အရည်အချင်းနဲ့ ပြည့်မီတဲ့ ဝန်ထမ်းအရေအတွက် မဖြည့်ဆည်းပေးနိုင်တဲ့ အခက်အခဲနဲ့ ကြုံနေရကြောင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားတဲ့ ဒုတိယပိုင်းကို ရှုစားရပါမယ်။
ဇန်နဝါရီ ၂၆၊ ၂၀၂၀ - ဧရာဝတီတိုင်းဒေသကြီးအတွင်းက တောင်သူတွေ ဝင်ငွေတိုးအောင်နဲ့ လယ်ယာကဏ္ဍ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်မှုတွေ အခုချိန်မှာ ဘယ်လောက်ထိ အောင်မြင်ခရီးရောက်နေပါပြီလဲ။ တိုင်းဒေသကြီး အစိုးရရုံးစိုက်ရာ ပုသိမ်မြို့မှာ ဝန်ကြီးချုပ်ဦးလှမိုးအောင်ကို တွေ့ဆုံမေးမြန်းထားပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းက တောင်သူတွေ ဝင်ငွေတိုးအောင်နဲ့ လယ်ယာကဏ္ဍ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်မှုတွေ အခုချိန်မှာ ဘယ်လောက်ထိ အောင်မြင်ခရီးရောက်နေပါပြီလဲ။ တိုင်းဒေသကြီးအစိုးရရုံးစိုက်ရာပုသိမ်မြိုမှာ ဝန်ကြီးချုပ်ဦးလှမိုးအောင်ကို ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။ ပထမပိုင်းကို ရှုစားနိုင်ပါတယ်။
တရုတ်နိုင်ငံမှာ လက်ရှိကူးစက်ပြန့်နှံ့နေတဲ့ ဗိုင်းရပ်ပိုးကြောင့် သေဆုံးသူ ၃ ဦးရှိသွားပြီး ရောဂါပိုး ကူးစက်နေသူ အရေအတွက်ဟာလည်း နှစ်ရာကျော် ရှိသွားပြီ ဖြစ်ပါတယ်။
တရုတ်သမ္မတ Xi Jinping ဟာ မြန်မာနိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ်နဲ့ လာမယ့် သီတင်းပတ် တပတ်အတွင်း ၂ ရက်ကြာ လာရောက်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဌာနက တရားဝင် ကညာပါတယ်။
တရုတ်နဲ့ ကမ္ဘောဒီးယားအကြား မဟာမိတ်တည်ဆောက်ရေးအတွက် One Belt One Road ရပ်ဝန်းတခု လမ်းကြောင်းတခု စီမံကိန်းနဲ့ ဆက်နွယ်ပြီး အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြုပ်နှံမှုတွေနဲ့ တည်ဆောက်ယူထားတာပါ။
ဇန်နဝါရီ ၆၊ ၂၀၂၀ - ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ မြန်မာနိုင်ငံမှာ ဖယ်ဒရယ် ပြည်ထောင်စုစနစ်တရပ် ပေါ်လာဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းမှုတွေအပေါ် လူငယ်ခေါင်းဆောင်တွေ ဘယ်လိုယူဆ သုံးသပ်နေကြပါသလဲ။
နောက်ထပ်ကြည့်ရှုရန်