သြစတြေးလျ ရေနံနဲ့ သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေး Invictus ကုမ္ပဏီက ဇင်ဘာဗွေနိုင်ငံမှာ သဘာဝဓါတ်ငွေ့တူးဖေါ်ရေးလုပ်နေတဲ့အကြောင်းနဲ့ မလေးရှားမှာတော့ ဒေါ်လာဘီလျံ(၁၀၀) လောက်တန်ဖိုးရှိတဲ့ Forest City မြို့သစ်စီမံကိန်းဟာ လတ်တလော လူသူခြောက်ကပ်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ကချင်ပြည်နယ် ချေဖွေခရိုင် - ကချင်အထူးဒေသ (၁) မှာ မြေရှားသတ္တု ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ခြံထွက်သီးနှံတွေ အဆိပ်သင့်ရပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နှစ်ပေါင်းများစွာ လက်နက်ကိုင် တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ပေါ်ထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ကိုင်နိုင်မယ့် အလားအလာတွေကို ဦးအောင်ခင်က သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင် နဲ့အတူ တင်ပြထားပါတယ်။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေကို ဝေဖန်ဆန်းစစ်ပြီး အကဲဖြတ်တတ်အောင် သမိုင်းပညာ သင်ကြားသင့်ပုံ အကြောင်းကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင် နဲ့အတူ တင်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသ စီးပွားရေးလုပ်ငန်းတချို့ အထိနာခဲ့တဲ့အကြောင်းနဲ့ အမေရိကန်ရောက် ကမ္ဘောဒီးယားတွေက သူတို့လူမျိုး အသိုင်းအဝိုင်း ပိုပြီးစုစည်းမှုရှိအောင်လို့ ကယ်လီဖိုးနီးယားမှာ ခမာရိုးရာညဈေးရောင်းချတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
ရခိုင်ပြည်နယ်က စစ်ရေးနဲ့ နိုင်ငံရေး ဆက်စပ်မှု အခြေအနေတွေကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင် နဲ့အတူ တင်ပြထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုသူ သံအမတ်ကြီးအဖြစ် ဆက်လက် ထားရှိပေးဖို့ အမေရိကန်ရောက် မြန်မာနိုင်ငံသား ထောင်ကျော်က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ စနေနေ့က ဆန္ဒပြတောင်းဆို ခဲ့ကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ တက်ကြွလှုပ်ရှားသူ တချို့ကတော့ မျှော်လင့်ချက် သိပ်မထားဘူးလို့ ပြောဆိုပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
မလေးရှားနိုင်ငံမှာ ဒရုန်းယာဉ်နဲ့ အဆင့်မြင့် နည်းပညာသုံးပြီး ဒူးရင်းသီး အထွက်တိုးအောင်လို့ ခြံသမားတွေ တီထွင် စိုက်ပျိုးနေကြတဲ့အကြောင်းနဲ့ ရေလွှမ်းမိုးမှုဒဏ် အကြီးကျယ် ခံလိုက်ရတဲ့ ပါကစ္စတန်နိုင်ငံမှာတော့ အုတ်ဖုတ်သမားတွေ လုပ်ငန်း ပြန်လည်ပတ်နိုင်ဖို့ အခက်ကြုံနေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
KNU ကရင်အမျိုးသား အစည်းအရုံးဟာ ရည်မှန်းချက် အကောင်အထည်ဖို့ ဖော်ဖို့အတွက် ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တက်ရောက်ခဲ့ပေမယ့် အချည်းနှီး ဖြစ်ခဲ့ရပါတယ်။
ကမ္ဘာမှာ ထင်ရှားတဲ့ လူချစ်လူခင်လည်းများတဲ့ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲ့လိဇဘက်ဟာ လန်ဒန်-စံတော်ချိန် ကြာသပတေးနေ့မှာပဲ ကွယ်လွန်သွားပါတယ်။ ဘုရင်မကြီးနဲ့ ပတ်သက်လို့ အမှတ်ရစရာ အကြောင်းတွေကို VOA ရဲ့ အယ်ဒီတာ ဦးကျော်ဇံသာနဲ့ ကိုဉာဏ်ဝင်းအောင်က မေးမြန်းတင်ပြထားပါတယ်။
စစ်ကောင်စီနဲ့ ရုရှားအကြား ဆက်ဆံရေး တိုးမြှင့်လာပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အရှေ့ဂျေရုဆလင်က ပါလက်စတိုင်းအမျိုးသမီး ၄ပုံ၃ပုံကျော်ဟာ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းပြချက်တွေကြောင့် အလုပ်အကိုင်မဲ့ဖြစ်နေကြရပါတယ်။ အခုတော့ သူတို့ ပျားမွေးမြူတဲ့သူတွေအဖြစ် လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိလာတဲ့ အကြောင်း အရှေ့ ဂျေရုဆလင်ကနေ Linda Gradstein သတင်းပေးပို့ထားပါတယ်။
ကားတိုင်ယာ အဟောင်းကနေလုပ်တဲ့ ကွင်းထိုးဖိနပ်တွေကို ဒီဇိုင်းလှလှနဲ့ ကမ္ဘာ့ဈေးကွက် ထိုးဖေါက်နိုင်အောင် ဗီယက်နမ်က ကြိုးပမ်းနေတဲ့အကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာရဲ့ လူစည်ကား လမ်းမတွေမှာ ဆယ်ကျော်သက်တွေ ဖက်ရှင်ရှိုးလျှောက်ပြရင်း အလုပ်တွေရသွားကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ကမ္ဘာ့လူဦးရေ တိုးပွါးလာတာနဲ့ အတူ အသား နဲ့ ပင်လယ်စာလို အခြေခံ စားသောက်ကုန် လိုအပ်ချက်တွေ များလာတာကြောင့် ကုမ္ပဏီ တချို့ က ဓာတ်ခွဲခန်းထဲမှာထုတ်လုပ်တဲ့ အသားတွေကို တကယ့် တိရိစ္ဆာန်အသား၊ အရသာနဲ့ ထပ်တူ ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ အကြောင်း VOA သတင်းထောက် သတင်းပေးပို့ထားပါတယ်။ ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
တရုတ်အစိုးရရဲ့ နိုင်ငံခြားရေးလမ်းစဉ်ဟာ ကိုယ်ကျိုးစီးပွားမြှင့်တင်ရေးပဲ ဖြစ်ပါတယ်။ ဒီလမ်းစဉ် မြန်မာပြည်မှာ အကောင်အထည်ဖော်ပုံကို ဦိးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ရဲ့ ပထမဆုံး မြန်မာပြည်ခရီးစဉ်ဟာ မျှော်လင့်သလောက် အကျိုးမရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ရဲ့ အမြင်ကို ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။
တိုင်ဝမ် ရေလက်ကြားမှာ တရုတ်က အင်အားပြပြီး စစ်ရေးလေ့ကျင့်နေတာကြောင့် တိုင်ဝမ် ငါးဖမ်းလှေတွေ ငါးရှာဖို့ ပင်လယ်ပြင်ကို အရဲစွန့် ထွက်နေကြတဲ့အကြောင်းနဲ့ တရုတ်နဲ့ တိုင်ဝမ်ကြား စစ်ရေးဆက်ပြီး တင်းမာနေရင် တိုင်ဝမ်ရဲ့ပြည်ပပို့ကုန်တွေ တရုတ်ကပိတ်ပင်ဖို့ ကြိုးပမ်းလာနိုင်ကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ - YouTube ပေါ်မှာ ပန်းချီရေးဆွဲနည်း သင်ကြားပြသ ပေးနေတဲ့ ဂျပန်အဖိုးအိုတယောက် ကြော်ငြာခတွေ ၊ မေတ္တာနဲ့ လှူဒါန်းငွေတွေကြောင့် အောင်မြင်မှု ရနေတဲ့ အကြောင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်