ပြည်တွင်းစစ်မှာ အောင်ပွဲခံနိုင်ဖို့အတွက် လူအင်အားရော၊ လက်နက်အင်အားပါ လိုအပ်ပါတယ်။ ဒီအကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
စစ်အစိုးရအဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှု ခံနေရတဲ့ တိုင်းပြည်မှာ ဘဝရပ်တည်ရေးအတွက် နားလည်မှုယူကြရပုံကို ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ သြဂုတ်လ(၉)ရက်နေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က သတင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်ထဲက လောင်းပြည့်နဲ့ သံပေါက် ကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေရှိနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ မင်းကင်း ဘက် အခြေအနေတွေကို ကိုဉာဏ်ဝင်းအောင် ကပြောပြပါမယ်။
(၃၄) နှစ်မြောက် ၈၈၈၈ နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို နိုင်ငံတကာမှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ တနင်္ဂနွေနေ့က ချီတက်ဆန္ဒပြပွဲတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆိုတဲ့ ၈၈၈၈ စိတ်ဓါတ်ကို ကိုင်စွဲပြီး ပန်းတိုင်ရောက်သည်အထိ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားတာပါ။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ထုတ်ပြန်ချက်ဟာ ထိရောက်မှု အားနည်းတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတဦးက ပြောကြားပါတယ်။ NUG အစိုးရ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
စားသောက်ကုန်ဈေးနှုန်း မတရားမြင့်တက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ ပြည်သူတချို့ နပ်မှန်အောင် မစားသောက်နိုင်ပဲ ဖြစ်လာကြတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံက Baidu နည်းပညာ ကုမ္ပဏီကတော့ မောင်းသူမပါပဲပြေးဆွဲနိုင်မယ့် လျှပ်စစ်တက္ကဆီကားတွေ လာမယ့်နှစ်ထဲ ရောင်းချပေးဖို့ ပြင်ဆင်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် ပြောပြထားပါတယ်။
မြေပေါ် မြေအောက် သယံဇာတတွေ အလွန်အကျွံ ထုတ်ယူနေတဲ့ ကချင်ပြည်နယ်မှာ လူမှုစီးပွားရေး ပြဿနာ ကြီးမားလာပုံကို ဦးအောင္ခင္က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြ ထားပါတယ်။
ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ - ရှားပါး တိရစ္ဆာန် မှောင်ခိုရောင်းဝယ်မှုကို ထိုင်းတာဝန်ရှိသူတွေ နှိမ်နင်းနေတဲ့ အကြောင်းနဲ့ ဒီနှစ်ကုန်ပိုင်း ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲကို လာရောက်ကြည့်ရှုနိုင်ဖို့ ဘောလုံးဝါသနာရှင်တွေ ဟိုတယ်အခန်း ငှားရမ်းနေကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ (၈) နှစ်လောက်က စတင်အကောင်အထည် ဖေါ်လာတဲ့ "ပတ်ဂျာဆန်" မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းဟာ ကချင်လူ့အဖွဲ့အစည်းကို ကာကွယ်တဲ့ လှုပ်ရှားမှုကြီးဖြစ်ကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဇူလိုင် ၂၁၊ ၂၀၂၂ - ရှမ်းပြည် မြောက်ပိုင်း နယ်စပ်ဒေသမှာ ဒေသခံပြည်သူ့စစ်ကို ကြားပွဲစားအဖြစ် စစ်တပ်က အသုံးပြုပါတယ်။ စစ်တပ်နဲ့ နားလည်မှု ရထားတဲ့ အပေါ်မှာမူတည်ပြီး ပြည်သူ့စစ်ဟာ စီးပွားရှာပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ဆက်ဆံရေးအကြောင်း ဦးအောင္ခင္က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြ ထားပါတယ်။
စီးပွားအကျပ်ရိုက်ပြီး နိုင်ငံခြားငွေပြတ်လပ်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ ပုံမှန် လောင်စာဆီရောင်းချမှုကို ရက်အတော်ကြာ ရပ်ဆိုင်းခဲ့တဲ့အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံမှာတော့ သန္တာကျောက်တန်းတွေကို ကာကွယ်နိုင်ဖို့ ကျွန်းတခုအောက် ရေငုတ်လေ့လာတဲ့လုပ်ငန်းကို ယာယီတားမြစ်ထားတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဇူလိုင် ၁၄၊ ၂၀၂၂ - ကချင်-ယူနန် နယ်စပ်က ကန်ပိုက်တီ ၊ လွယ်ဂျယ် နဲ့ မူဆယ်မှာ ကုန်သွယ်မှု များပြားလာတာကြောင့် တိုးတက်ဖွံ့ဖြိုးလာတယ် ထင်ရပေမယ့် တရုတ်လုပ်ငန်းရှင်တွေကသာ ချမ်းသာလာပြီး ၊ ဒေသခံတွေကတော့ ထူးခြားမှု မရှိတဲ့အကြောင်း - ရေးထားတဲ့ သုတေသနစာတမ်းကို ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြ ထားပါတယ်။
တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တချို့ဟာ မိုးကုတ်နဲ့ မိုင်းရှုး ရတနာမြေမှာ အကျိုးတူ စီးပွားရေး လုပ်နေကြပါတယ်။ တပ်မတော်ရဲ့ စီးပွားဖက် လက်နက်ကိုင်တွေဟာ တပ်မတော်ကို တိုက်ခိုက်မှာ မဟုတ်ကြောင်း ဦးအောင်ခင်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။
ကိုဗစ်ကာလတလျှောက် လွန်ခဲ့တဲ့ ၂နှစ်လုံးလုံး ခရီးသွားလုပ်ငန်း ကျဆင်းခဲ့ရတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အမ်းကားဝပ် သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်ဒေသကို အစိုးရက ပြီးခဲ့တဲ့လပိုင်းတွေထဲ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် နိုင်ငံခြားသားခရီးသွားဧည့်သည် အလာနည်းနေသေးတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
-ကမ္ဘာတလွှား ဟင်းချက်ဆီဈေး ကြီးမြင့်ပြီး အကျပ်ရိုက်နေတဲ့ဒဏ်ကို စားအုန်ဆီထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံကပါ ခံစားနေရတဲ့အကြောင်းနဲ့ ရာသီဥတု ပူပြင်းလွန်းတာကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်မှာ လမ်းဘေး အအေးဆိုင်တွေ ရောင်းအားကောင်းနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ (၁၇)လအတွင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ဘုရားကျောင်းတွေ မီးရှို့ခံရတာ အပြစ်မဲ့ ပြည်သူတွေ သတ်ဖြတ်ခံရတာ ပိုတိုးလာတယ်လို့ အမေရိကန် မေရီလန်း ချင်းတိုင်းသားများ CAM အဖွဲ့ကအစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။ CAM အဖွဲ့ ဒါရိုက်တာ ဦးဇိုသုန်းမှုန်ကို ကိုဉာဏ်ဝင်းအောင်မေးမြန်းထားပါတယ်။
ဇွန် ၃၀၊ ၂၀၂၂ - ကချင်ပြည်နယ်၊ တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့မှာ ပေါက်ဖွားလာတဲ့ ရခိုင့်တပ်တော်အကြောင်း ဦးအောင်ခင်ကရေးသားပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
စစ်ကောင်စီနဲ့ တခြားသော လက်နက်ကိုင်အုပ်စုများအနေနဲ့ ပြည်သူတွေ အပေါ် ရက်စက်စွာညှဉ်းပန်း နှိပ်စက်မှုတွေရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပြီး ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်