ပါကစ္စတန်နိုင်ငံမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် သရက်သီးထုတ်လုပ်တဲ့အပိုင်းမှာ ထိခိုက်လာတဲ့အကြောင်းနဲ့ ဂျုံဈေးနှုန်း မြင့်တက်လာတာကြောင့် တောင်ကိုရီးယားနိုင်ငံက အစားအသောက် လုပ်ငန်းရှင်တွေ ဂျုံမှုန့်အစား ဆန်မှုန့်ကိုအသုံးပြုကြည့်ကြဖို့ အစိုးရက တိုက်တွန်းနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ကျောက်စိမ်းလုပ်ငန်းမှာ တရုတ်စီးပွားရေးသမားနဲ့ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေသာ အကျိုးအမြတ် ခံစားနေရပုံကို ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ နိုင်ငံတကာရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုလိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်ပြည့် မွေးနေ့နဲ့ တိုက်ဆိုင်ပြီး တောင်းဆိုလိုက်ကြတာပါ။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
တိုက်ပွဲတွေရှိတဲ့ ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းထဲက အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် မီဇိုရမ်ပြည်နယ်က ဒုက္ခသည် အသိမှတ်ပြုကတ် (ID) ထုတ်ပေးတာ အကုန်လုံးနီးပါးရရှိပြီးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
ဒီတပတ်မှာတော့ မလေးရှားနိုင်ငံက ကြက်ဘဲ တင်ပို့မှုကို ရုတ်တရက် ကန့်သတ် လျှော့ချလိုက်တဲ့အတွက် အိမ်နီးချင်း စင်္ကာပူနိုင်ငံမှာ နေ့စဉ်စားသုံးနေတဲ့ ကြက်ဆီထမင်း ချက်ပြုတ်ရောင်းချတဲ့ကဏ္ဍ ၊ ထိခိုက်နေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကျောက်စိမ်းလုပ်ငန်း ဆက်စပ်နေပုံကို Global Witness ရဲ့ နောက်ဆုံးအစီရင်ခံစာပေါ် အခြေခံပြီး ဦးအောင်ခင် ရေးသားပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ကနေ အင်အားနဲ့ထိုးစစ်ဆင်လာတာကြောင့် ဒေသခံချင်းကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ ရက်ဆက် တိုက်ပွဲဖြစ်နေသလို ရွာ(၄)ရွာက ဒေသခံ ရွာသားတထောင်ခန့်ဟာလဲ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် ကပြောပြပေးမှာပါ။
ကိုဗစ်ကြောင့်ထိခိုက်လာတဲ့ ထိုင်းနိုင်ငံက သစ်ခွပန်း စိုက်ပျိုးမှုလုပ်ငန်းဟာ ယူကရိန်းစစ်ဖြစ်လာပြီးနောက် အခြေအနေ ပိုဆိုးလာတဲ့အကြောင်းနဲ့ နိုင်ငံခြားအရန်ငွေကြေး နည်းနေတဲ့ လာအိုနိုင်ငံမှာ ဓါတ်ဆီဈေး မြင့်တက်နေတက်နေလို့ အခက်ကြုံနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။
ဇွန် ၉၊ ၂၀၂၂ - ကချင်နယ်ခြားစောင့်တပ် ထိန်းချုပ်တဲ့ ပန်ဝါဒေသမှာ မြေရှားသတ္တုရိုင်းကို တရုတ်ကုမ္ပဏီတွေ စိတ်ကြိုက် ထုတ်ယူနေပုံကို ဦးအောင်ခင်ကရးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ - အိန္ဒိယနိုင်ငံမှာ ရိုးရာအစဉ်အလာအရ အမျိုးသမီးတွေ ဝတ်ဆင်လေ့ရှိတဲ့ "ဆာရီ" ကိုယ်ပတ်ခြုံထည် ထုတ်လုပ်တဲ့ လုပ်ငန်းမှာ ၊ လက်ယက်"ဆာရီ" ယက်ကန်းသမားတွေ - လုပ်ငန်းရပ်တည်နိုင်ဖို့ အခက်ကြုံနေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဇွန် ၂၊ ၂၀၂၂ - မြန်မာပြည်တွင်း ဒုက္ခသည်ဦးရေ အမြဲတမ်း တိုးပွားနေတာမို့ မနိုင်မနင်း ဖြစ်နေတာက များပါတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားတွေရဲ့ ကူညီထောက်ပံ့မှု အများအပြား လိုအပ်နေကြောင်း ဦးအောင်ခင်ကရေးသားပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဗုဒ္ဓ ဖွားမြင်တော်မူတဲ့ ဒေသကို ကမ္ဘာ့လှည့်ခရီးသွားတွေ လာရောက်လေ့လာနိုင်ရေး အဆင်ပြေစေဖို့ နီပေါနိုင်ငံမှာ လေဆိပ်အသစ်တခု ဖွင့်လှစ်လိုက်တဲ့အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံမှာလည်း တောင်ကြော နှစ်ခုကြား ဆက်သွယ်ထားတဲ့ ဖန်ထည် တံတားရှည်ကြီးတခု ဖွင့်လှစ်လိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ရုရှားရဲ့ရေနံတင်သွင်းမှုကိုတားမြစ်ပြီး ရုရှားအပေါ် တိုးမြှင့်ဒဏ်ခတ်ဖို့ ဥရောပကကြိုးပမ်းနေချိန်မှာပဲ ရုရှားက အာရှစွေမ်းအင်ဈးကွက်ကို ခြေဦးလှည့်ဖို့ ကြိုးပမ်းနေတဲ့အကြောင်းနဲ့ ဗီယက်နမ် VinFast ကားကုမ္ပဏီက အမေရိကန်မှာ လျှပ်စစ်ကားထုတ်ဖို့ ပြင်ဆင်လာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
မေ ၂၆၊ ၂၀၂၂ - မျိုးဆက်သစ်တွေ ပါဝင်တဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ၊ စစ်ကောင်စီ တပ်တွေကိုသာ ရင်ဆိုင်နေရတာ မဟုတ်ဘဲ၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေ ရန်ပြုတာကိုလည်း တွန်းလှန်တိုက်ဖျက်နေရကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖို့အတွက် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့နားမှာ ရေနွေးစိမ်တဲ့ ရေပူ အပန်းဖြေစခန်း ဖွင့်လှစ်လိုက်တဲ့အကြောင်းနဲ့ အင်ဒိုနီးရှားမြို့တော် ဂျာကာတာမှာတော့ လေထဲ တွဲလောင်းကျနေတဲ့ စားသောက်ဆိုင်တခု ဖွင့်လှစ် ရောင်းချနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
မေ ၁၉၊ ၂၀၂၂ - ကရင်လွတ်မြောက်ရေးတပ် နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်တာကို ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ၊ ကရင်နယ်ခြားစောင့်တပ်ရဲ့ အကူအညီကို ရယူနေရပါတယ်။ နယ်ခြားစောင့်တပ်ကလည်း ကိုယ်ကျိုးစီးပွားသာ ဦးစားပေးနေပုံကို ဦးအောင်ခင်ရးသားပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဒီမိုကရက်တစ်ပါတီ( မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးသုဝေဟာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ဟာ မြန်မာ့နိုင်ငံရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းခဲ့သူ အဖြစ်နဲ့လည်း နိုင်ငံရေး အသိုင်းအဝန်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားတာပါ။
မေလ(၁၂)ရက် ကြာသပတေးနေ့ စတင်ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲကနေ မြန်မာ့အရေးအတွက် ဘာတွေ မေ ျှာ်လင့်နိုင်မလဲဆိုတာ VOA အယ်ဒီတာ ဦးကျော်ဇံသာကို ကိုဉာဏ်ဝင်းအောင် ဆွေးနွေး မေးမြန်းထားပါတယ်။
မေ ၁၂၊ ၂၀၂၂ - NLD အစိုးရလက်ထက်မှာ ဆက်လက်ရပ်တည်ဖို့ အခက်အခဲ ဖြစ်နေတဲ့ ကရင်နယ်ခြားစောင့်တပ်ရဲ့ ရွှေကုက္ကိုမြို့သစ်စီမံကိန်းဟာ အခု စစ်ကောင်စီလက်ထက်မှာ ရှင်သန် ကြီးထွားလာကြောင်း ဦးအောင်ခင် ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကိုဗစ် ကပ်ရောဂါ စတင်ချိန်ကတည်းက ခရီးသွားလာမှုကို ကန့်သတ်ထားခဲ့တဲ့ စင်္ကာပူနိုင်ငံမှာ လေဆိပ်အပါအဝင် နိုင်ငံရဲ့ဝင်ထွက်ပေါက်တွေကို ပြန်ဖွင့်ပေးလိုက်ပြီးနောက် ခရီးသွားဧည့်သည်တွေနဲ့ စတင်စည်ကားလာသလို ခရီးသွားလုပ်ငန်း အလားအလာ ပြန်ကောင်းလာဖို့ မျှော်လင့်နေကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်