မေ ၅၊ ၂၀၂၂ - တရုတ်-မြန်မာ နယ်စပ်က တရုတ်စကားပြောတဲ့ ကိုးကန့်ဒေသဟာ စစ်တပ်ကြီးစိုးတဲ့ မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်လာပုံကို ဦးအောင်ခင်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဒီတပတ်တော့ လျှပ်စစ်မီး မကြာခနပြတ်တောက်နေတဲ့ မြန်မာနိုင်ငံမှာ သောက်သုံးရေ အခက်အခဲ ကြုံလာတဲ့အကြောင်းနဲ့ စီးပွားရေး ခြွတ်ခြုံကျလာတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ မိသားစု စားဝတ်နေရေးကို ဖြေရှင်းဖို့ ပြည်သူတချို့ ၊ သူတို့ကိုယ်တွင်းက ကျောက်ကပ်ကို ထုတ်ပြီးရောင်းစား နေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဧပြီ ၂၈၊ ၂၀၂၂ - ကိုးကန့် နယ်ခြားစောင့်တပ်နဲ့ ပတ်သက်နေတဲ့ ၊ ကိုးကန့် ကုမ္ပဏီတွေဟာ စစ်ကောင်စီ အာဏာတည်မြဲရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြ ထားပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ နှစ်ပေါင်း၁၀၀ လောက်က တီထွင်ဝတ်ဆင်လာတဲ့ qipao ချိပေါင်အို အင်္ကျီရှည်တွေ ပြန်ခေတ်စားလာအောင် ချုပ်လုပ်နေတဲ့အကြောင်းနဲ့ အိန္ဒိယနိုင်ငံမှာ လိင်စိတ်ပြောင်းလဲခံယူထားသူတွေ လူထုကြား ပန်းချီအနုပညာဖန်တီးရင်း လူ့အဖွဲ့အစည်းကလက်ခံလာအောင် ကြိုးပမ်းနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်တင်ပြပါမယ်။
ဧပြီ ၂၁၊ ၂၀၂၂ - တချိန်က စစ်အစိုးရကို လက်နက်အပ်ပြီး အညံ့ခံခဲ့ရတဲ့ - ပလောင် လွတ်မြောက်ရေးတပ်ဟာ TNLA တအောင်းလွတ်မြောက်ရေးတပ်အဖြစ် အသွင်ပြောင်းလိုက်ချိန်ကစပြီး ၊ လက်ရှိ စစ်ကောင်စီလက်ထက်အထိ စစ်အင်အား ကြီးမားလာပုံကို ဦးအောင်ခင် ရေးသားပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အမေရိကန် မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Miss Teen USA သရဖူ ပြိုင်ပွဲကြီး မတိုင်ခင်ပြည်နယ်အလိုက်ကျင်းပတဲ့ ပြိုင်ပွဲမှာ မြန်မာနွယ်ဖွားအထက်တန်းကျောင်းသူ Kenda_Naing က Miss Indiana Teen 2022 သရဖူကိုပြီးခဲ့တဲ့ ရက်ပိုင်းထဲ ရရှိခဲ့ပါတယ်။ ခမ်းဒနိုင်ကို ကိုဉာဏ်ဝင်းအောင်က မေးမြန်း ထားပါတယ်။
ဧပြီ ၁၄၊ ၂၀၂၂ - ကိုးကန့် စစ်ဘုရင်လို့ ကျော်ကြားခဲ့တဲ့ ဦးဖုန်ကြားရှင် မရှိတော့ပေမဲ့ ၊ ကိုးကန့် စစ်မီးဟာ တောက်လောင်နေဆဲဖြစ်ကြောင်း ဦးအောင္ခင္က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြ ထားပါတယ်။
ဧပြီ ၇၊ ၂၀၂၂ - (ဝ) ပြည်နယ်ဟာ စစ်အင်အား အကြီးဆုံးဖြစ်ပေမဲ့ ဗမာ့တပ်မတော်နဲ့ အပစ်အခတ် ရပ်စဲထားတာ အနှစ် (၃၀) ကျော်လာပါပြီ ။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေမှာတော့ (ဝ) တပ်ဖွဲ့ဟာ သြဇာခံနယ်မြေ ချဲ့ထွင်နေပုံရကြောင်း ဦးအောင်ခင်ရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မတ် ၃၁၊ ၂၀၂၂ - SSPP ခေါ် ရှမ်း-တိုးတက်ရေးတပ်နဲ့ RCSS (ခေါ် ) ရှမ်းပြည် ထူထောင်ရေးတပ်တို့ ပဋိပက္ခ ဖြစ်နေကြတာ နှစ်ပေါင်းကြာလှပါပြီ ။ RCSS တပ်တွေဟာ - SSPP တပ် ချုပ်ကိုင်ထားတဲ့ မြောက်ပိုင်းနယ်မြေ အတော်များများကို သိမ်းယူနိုင်ခဲ့ပါတယ်။ ဒီအကြောင်း ဦးအောင်ခင် ရေးပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရှမ်းတောင်ပိုင်းနဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ မြေမြှုပ်မိုင်း နင်းမိသူတွေ မကြာမကြာဖြစ်နေပြီး အသက်သေဆုံးသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၃ ရက်ကြာသွားရောက်တဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အောင်မြင်မှု အထိုက်အလျောက်ရခဲ့ကြောင်း အာဆီယံအထူးကိုယ်စားလှယ်က ပြောဆိုနေပေမဲ့ အကဲခတ်တွေကတော့ သဘောမတူကြပါဘူး။ အာဆီယံရဲ့ ဘုံသဘောတူညီချက်ပါ အချက်တွေနဲ့ပတ်သက်လို့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာမျိုး မရှိခဲ့တာက ခရီးစဉ်မှာ အဓိက အားနည်းချက်အဖြစ်နဲ့ ထောက်ပြကြပါတယ်
မတ် ၂၄၊ ၂၀၂၂ - စစ်အစိုးရနဲ့ 'ဝ' တပ်ဖွဲ့ဟာ တရုတ်ရဲ့ ကူညီထောက်ပံ့မှုကြောင့် လက်ရှိ အခြေအနေ ရောက်လာပြီး၊ တပ်မတော်နဲ့ 'ဝ' အကြား တိုက်ပွဲ မဖြစ်တာ ကြာခဲ့ပေမဲ့၊ သူတို့ထောက်ခံမှုနဲ့ အခြားတိုင်းရင်းသားအဖွဲ့တွေကိုတော့ တိုက်ခိုက်နေဆဲပါ။ ဒီအကြောင်း ဦးအောင်ခင် ရေးသားပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ယူကရိန်းကို ရုရှားက စစ်ဆင်နေတာကြောင့် ရုရှားမှာရှိတဲ့ အနောက်တိုင်းကုမ္ပဏီတွေနဲ့ ကုန်အမှတ်တံဆိပ်အတော်များများ ဆိုင်တွေကို ယာယီပိတ်ထားကြတာရှိသလို တချို့လည်း အရောင်း ရပ်ထားကြပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတွေက ဝန်ထမ်းတွေကိုဆက်ပြီးထောက်ပံ့ပေးနေမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြပါ့မယ်
မတ် ၁၇၊ ၂၀၂၂ - လက်နက်ကိုင် တော်လှန်ရေးထဲမှာ အင်အားတောင့်တင်းရေးလည်း ပါဝင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရန်ပုံငွေ ရှာကြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF ကိုတော့ ပြည်သူက ထောက်ပံ့ပါတယ်။ ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြ ထားပါတယ်။
မတ် ၁၀၊ ၂၀၂၂ - စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ PDF တပ်တွေဟာ ကနဦးမှာ တူမီးသေနတ်တွေသာ ရှိခဲ့ရာက၊ ရှော့တိုက်ဒုံးတွေအထိ တီထွင်သုံးစွဲလာကြပုံကို- ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မတ် ၃၊ ၂၀၂၂ - အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို မြန်မာစစ်ကောင်စီက လိုက်နာ အကောင်ထည် ဖေါ်လာအောင်လုပ်ဖို့ ၊ အာဆီယံအဖွဲ့ကြီးက မတတ်သာဘဲ၊ ဖြစ်နေရပုံကို ဦးအောင်ခင် ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေ သောကြာနေ့က ခုခံချေပ လျှောက်လဲနေချိန်မှာပဲ နယ်သာလန်နဲ့ နော်ဝေနိုင်ငံရောက် မြန်မာတွေက ICJ တရားရုံးရှေ့ သွားရောက်ပြီး စစ်ကောင်စီကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
ဖေဖေါ်ဝါရီ ၁၇၊ ၂၀၂၂ - မြန်မာ့ တော်လှန်ရေးနဲ့ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးမှာ အမေရိကန် အစိုးရက တတ်နိုင်သမျှ ကူညီနေပါတယ်။ ဒါပေမဲ့ အမေရိကန် အနေနဲ့ ကူညီထောက်ပံ့နိုင်တာတွေ အများကြီး ရှိနေကြောင်း - ဦးအောင္ခင္က ရေးသားပြီး ကိုဉာဏ်ဝင်းအောင် နဲ့အတူ တင်ပြ ထားပါတယ်။
ဖေဖေါ်ဝါရီ ၃၊ ၂၀၂၂ - မြန်မာ ပြည်တွင်းစစ်မှာ ဒီနှစ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ သုတေသီ Anthony Davis ရဲ့ အကဲခတ်ချက်တွေကို ဦးအောင်ခင်က အကျဉ်းချုံး ရေးသားပြီး ကိုဉာဏ်ဝင်းအောင် နဲ့အတူ တင်ပြထားပါတယ်။
An aide to Myanmar President Thein Sein says his boss will not run in parliamentary elections later this year.
နောက်ထပ်ကြည့်ရှုရန်