ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၁၀၂ နှစ်ပြည့်
ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ၊ အစားအသောက်နဲ့ ဆေးဝါး တန်ချိန် ၂၀၀၀ ကျော် သယ်ဆောင်လာတဲ့ မလေးရှားသင်္ဘောတစ်စီးဟာ ဒီကနေ့ ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာပြီး မြန်မာအစိုးရထံ အကူအညီတွေ လွဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ဒီအကြောင်း ကိုထက်အောင်က တင်ပြထားပါတယ်။
ပဋိပက္ခဖြစ်ရာ ဒေသ မောင်တောနဲ့ ဘူးသီးတောင်ဒေသအပါအဝင် ဒေသတွင်း လူသားချင်းစာနာရေး အကူအညီတွေ ပံပိုးကူညီသွားဖို့အတွက် မလေးရှားနိုင်ငံကနေ အစားအသောက်နဲ့ ဆေးဝါးတွေသယ်ဆောင်လာတဲ့ သင်္ဘောတစ်စီးဟာ ဒီကနေ့မှာပဲ မြန်မာအစိုးရထံ လွဲပြောင်း ပေးအပ်ခဲ့ပါတယ်။
မောင်တောမြို့နယ်တွင်းက ဘုန်းကြီးကျောင်းတိုက်တခုမှာ WY စာသားပါ စိတ်ကြွဆေးပြားအများအပြားနဲ့ လက်နက်ခဲယမ်းအချို့ လက်နက်ခဲယမ်းအချို့ကို မနေ့ ဖေဖဝါရီလ ၅ ရက်နေ့က အာဏာပိုင်တွေက သိမ်းဆည်းရမိပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ စစ်တပ်ကနေ ဖမ်းထားတဲ့ မုံးကိုးဒေသက ကချင်သင်းထောက် ဆရာတော် ၂ ပါးရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး တာဝန်ရှိသူ တစ်ဦးက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ရာပြည်နယ် ၃ခုက ဒေသခံပြည်သူတွေအတွက် WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့တဆင့် အမေရိကန်ပြည်ထောင်စုကနေ ဒေါ်လာ ၅သန်းဖိုးအကူအညီတွေ ပေးသွားဖို့ရှိနေပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့တွေ့ဆုံပြီး တိုက်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသမှာ လူသားချင်းစာနာမှု အကူအညီတွေ၊ အကြမ်းဖက်ပဋိပက္ခတွေရှိခဲ့တဲ့ ရခိုင်မြောက်ပိုင်း အခြေအနေတွေ ကို ဆွေးနွေးခဲ့ပါတယ်။
ဂျာမန် အနုပညာရှင်တစ်ယောက်ဟာ ပထမဆုံး မြန်မာပြည်တွင်း ပြပွဲတစ်ခုကို ဝန်ကြီးများရုံး အဆောက်အအုံအဟောင်းမှာ ခင်းကျင်းပြသနေပါတယ်။ ရိုးရှင်းတဲ့ ပစ္စည်းတွေ အသုံးပြုပြီး ဖန်တီးထားတဲ့ ဒီပြပွဲနဲ့ ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာ ကောင်စီနဲ့ ရှေ့နေတို့နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yang Hee Lee ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး စွပ်စွဲပြောဆိုနေကြတဲ့ ရခိုင်ပြည်နယ်ကို ၃ ရက်တာ သွားရောက်ပြီး ဒီကနေ့မှာ ရခိုင်ပြည်နယ်ခရီးစဉ် အဆုံးသတ်လိုက်ပါပြီ။
ရခိုင်ပြည်နယ်တွင်းက သိမ်မွေ့နက်နဲတဲ့ အရေးကိစ္စတွေကို ဖြေရှင်းဖို့အတွက် အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းထားတဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ရခိုင်ပြည်နယ်တောင်ပိုင်းကို သွားရောက်လေ့လာဖို့ ရှိပါတယ်။
ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ မနေ့ က စစ်တွေမြို့မှာ ရခိုင်ပြည်နယ် အစိုးရနဲ့ တွေ့ဆုံပြီး ဒီကနေ့မှာ ဘူးသီးတောင်၊ မောင်တောဒေသတို့ကို သွားရောက်လေ့လာခဲ့ပါတယ်။
ကုလ အထူး ကိုယ်စားလှယ် မြန်မာနိုင်ငံကို ၅ ကြိမ်မြောက် လာရောက်လေ့လာတဲ့ အချိန်ဟာ သူရေးမယ့် အစီရင်ခံစာမှာ မြေပြင်အနေအထားကို ပကတိအတိုင်း မှန်မှန်ကန်ကန် ရေးသားနိုင် လိမ့်မယ်လို့ မျှော်လင့်မိတဲ့အကြောင်း မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။
လူ့အခွင့်အရေး အခြေအနေကို လေ့လာစုံစမ်းဖို့ အတွက် မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာတော့ မွန်ပြည်နယ်က ဇင်းကျိုက်အကျဉ်းစခန်းကို ထမဆုံးအကြိမ် သွားရောက်လေ့လာခဲ့ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ ကချင် ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပြီး သူ့ရဲ့ ကချင်ပြည်နယ် ခရီးစဉ်ကို အဆုံးသတ်လိုက်ပါပြီ။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee ဟာ ဒီကနေ့ သူ့ကချင်ပြည်နယ်ခရီးစဉ်အတွင်း မြန်မာအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရခဲ့ဘူးဆိုပြီး သူ့ရဲ့ စိတ်ပျက်မှုကို ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ် မောင်တော ပဋိပက္ခတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေး ဖို့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်တွေ အပါအဝင် ထင်ရှားကျော်ကြားသူတွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကို စာရေး တောင်းဆိုလိုက်ကြပြီး မြန်မာအစိုးရဘက်ကတော့ လုံခြုံရေး ကောင်စီ ရဲ့ ဆောင်ရွက်ချက်ပေါ်မှာ မူတည်ပြီး တုန့်ပြန်ဆောင်ရွက်သွားမယ်လို့ တုန့်ပြန်ပါတယ်။
နယ်မြေ ငြိမ်းချမ်းမှုမရှိတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအချို့ကို နိုင်ငံခြားသားခရီးသွားတွေ သွားလာလည်ပတ်ခွင့် ပြည်ထဲရေးဝန်ကြီးဌာနက ပိတ်ပင်လိုက်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ မွတ်ဆလင်အမျိုးသား ၃ ဦး ဒီသတင်းပတ်အတွင်း ဆက်တိုက်ဆိုသလို သတ်ဖြတ်ခံခဲ့ရပါတယ်။
အောက်တိုဘာလဆန်းနဲ့ နိုဝင်ဘာလအတွင်း ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်တွင်းဒေသတွေကို သတင်းသမားအချို့ သွားရောက်ခွင့်ရခဲ့ပြီး၊ ဒေသခံတွေကိုရော သက်ဆိုင်ရာတာဝန်ရှိသူတွေကိုပါ တွေ့ဆုံမေးမြန်းခွင့်ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်