ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ဒီလ ၂၁ ရက်နေ့ မနက်ပိုင်းကျရင် ခုံဖွဲ့ စစ်ဆေးသွားမှာပါ။ လက်ရှိမှာ ငွေစာရင်း မတင်ထားတဲ့သူ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၅ ဦးရှိနေပြီးတော့ သူတို့ကို စစ်မေးတဲ့အခါမှာ ခိုင်လုံတဲ့ သက်သေမပြနိုင်ရင် အရည်အချင်း ပျက်ယွင်းတယ်လို့ ကြေညာခြင်း ခံရမှာပါ။
၇၉ ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ကျောင်းမှာ ဇန်နဝါရီလ ၉ ရက် နေ့ကနေ ၁၁ ရက်နေ့အထိ ၃ ရက်တာကျင်းပနေတာပါ။ ကရင်ဒုံးအကပြိုင်ပွဲတော်၊ ကရင်ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွေနဲ့ ကရင် ပြည်နယ်က ရင်တိုင်းရင်းသားတွေအကြောင်း ပုံဖော်ထားတဲ့ ပန်းချီကားတွေကိုပြသထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်ဟာ ခါတိုင်းနှစ်တွေထက်ပိုပြီး ပူပြင်းခြောက်သွေ့ပြီး၊ El Niño ရာသီဥတု အားအကောင်းဆုံးဖြစ်နေတာမို့ လူထုအနေနဲ့ ကျန်းမာရေးပြဿနာ၊ စိုက်ပျိုးရေး ရေရရှိရေးအတွက် ပြင်ဆင်ထား သင့်တယ်လို့ မိုးဇလ ပညာရှင်တွေက အကြံပြုထားပါတယ်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ ဦးပတ်ထရစ်ခွန်ဂျာလီကို ဒီကနေ့ ၈ ကြိမ်မြောက်ရုံးထုတ်စဉ်မှာ သက်သေခံအဖြစ်သိမ်းထားတဲ့ ပစ္စည်းတွေနဲ့ တင်ထားတဲ့ အထောက်အထားတွေ ကိုက်ညီမှု မရှိဘူးလို့ ရှေ့နေဖြစ်သူက ဆိုပါတယ်။
"ကိုယ့်အတွက် အခွင့်အရေးကို ကိုယ့်ဘာသာကိုယ် ပြဌာန်းပြီးတော့ ယူတဲ့ဟာ မကောင်းဘူး။"
“ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၀ အရစွဲဆိုတယ်။ ပြစ်မှုကြီးအမှတ် ၆၉၂/၂၀၁၅ ကိုတော့ ဒီစွဲချက်တင်ပြီးတော့ ဖြေရှင်းစေလောက်တဲ့ သက်သေခံအထောက်အထားပြည့်စုံမှုမရှိတဲ့အတွက် မအူပင်မြို့နယ်တရားသူကြီး ဒေါ်လှမြတ်မွန်က တရားရှင်လွှတ်ပေးလိုက်ပါတယ်။”
ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲမဟုတ်ပေမဲ့ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးဖြစ်စဉ်တိုးတက်ဖို့ ပထမခြေလှမ်းအဖြစ် မျှော်လင့်။
EU EOM အဖဲ့ွဟာ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေကို စောင့်ကြည့်လေ့လာ သွားမှာဖြစ်ပေမယ်လို့ မဲပေးတဲ့ လုပ်ငန်းစဉ်တွေကို စွက်ဖက်သွားမှာမဟုတ်ပဲ မဲပေးပုံမဲပေးနည်း စနစ် ဘယ်လိုလုပ်ဆောင်တယ်ဆိုတာကို ကြည့်ရှု့ပြီး မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်။
“အစိုးရအနေနဲ့ ဥပဒေစိုးမိုးရေးလုပ်ရမှာပါ ။ဒါ UEC တခုတည်းတာဝန်ရှိတာမဟုတ်ဘူးခင်ဗျာ။ ကျနော်တို့ တရားဥပဒေစိုးမိုးရေးမှာ အဓိကတာဝန်ရှိတဲ့ အုပ်ချုပ်ရေးရယ်၊ ပြည်ထဲရေးရယ်၊ နောက်ပြီးတော့ UEC ပေါ့။”
"ကျနော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံစဉ် ရွေးကောက်ပွဲနေ့မှာ ကျနော်တို့အဖွဲ့အနေနဲ့ တပ်မတော်သား မဲရုံတွေကို သွားရောက် လေ့လာခွင့်ပေးမယ်လို့ သဘောတူထားပါတယ်။"
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထဲက လဟယ်မြို့မှာ လက်ရှိအာဏာရ ပါတီက မဲဆွယ်ရာမှာ လူမျိုးရေးအကြောင်းပြ မဲဆွယ်မှုနေတယ်လို့ NLD ပါတီဘက်က ပြောပါတယ်။
ရွေးကောက်ပွဲမဲဆွယ်ခွင့်ရ ပထမဆုံးနေ့မှာပဲ USDP ၊ NLD နဲ့ NDF နဲ့ တခြားနိုင်ငံရေးပါတီတွေ စည်းရုံးရေးစတင်နေပြီဖြစ်ပြီး ရေဒီယိုနဲ့ရုပ်သံစည်းရုံးမှုအတွက်လည်း ပြင်ဆင်နေပါတယ်။
"ည ၉ နာရီခွဲ ၁၀ နာရီလောက်မှာ သူတို့ရဲကားတွေ ဒီကြံ့ခိုင်ရေးရုံးကို စပြီးတော့ ပတ်နေတာကို ညီမတို့ စတွေ့ရတယ်။ တွေ့ပြီးသွားတဲ့အချိန် ည ၁ နာရီနဲ့ ၁၅ မိနစ်လောက်မှာ အလုပ်သမား ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ပထမဆုံး သူ့ကားနဲ့သူ ထွက်လာတာကို တွေ့လိုက်တယ်။ သူ ထွက်သွားပြီးတော့ သိပ်မကြာဘူး။"
လှပတဲ့ အနာဂတ်ကို အတူတကွတည်ဆောက်ကြစို့ဆိုတဲ့ခေါင်းစဉ်နဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ လူငယ်အဆိုတော်တွေရဲ့ တေးဂီတဖျော်ဖြေပွဲနဲ့ လူမျိူးမတူ ဘာသာမတူတဲ့ လူငယ်တွေ အတူတကွ ဓာတ်ပုံရိုက်ကြပြီး လူမှု ကွန်ရက်တွေပေါ်မှာ ဖြန့်ဝေကြမယ့် အစီအစဉ်တွေအပြင် လက်တလော ရေဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေ ရှာမယ့်အစီအစဉ်တွေပါပါဝင်ပါတယ်။
ပြည်နယ်နဲ့တိုင်းဒေသကြီးတစ်ခုထက်ပိုပြီးတော့ လေ့လာချင်ရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို လျှောက်လွှာတင်ရမှာ ဖြစ်ပြီးတော့ တိုင်းဒေကြီးတစ်ခုအတွက်ဆိုရင်တော့ သက်ဆိုင်ရာ တိုင်းဒေသကြီးကော်မရှင်မှာ လျှောက်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုလိုက်ပါတယ်။
"အစိုးရရော၊ ပြည်သူရောကို ဒါ တကယ်တမ်းတော့ တိုင်းပြည်အတွက်လည်း ကောင်းစေချင်တဲ့ဆန္ဒနဲ့ အကြံပြုတဲ့သံချပ်လို့ပဲ ကျနော်တို့က မြင်တယ်လေ။ ဒါပေမဲ့ အစိုးရအနေနဲ့ကတော့ ကျနော်သိတာကတော့ သူတို့အပေါ်မှာ ဝေဖန်တာကို လက်မခံနိုင်ဘူးဆိုတဲ့ အတိုင်းအတာမျိုးတွေ ပြသလာတယ်လို့ပဲ ကျနော်မြင်ပါတယ်"
"EU ဥရောပသမဂ္ဂရုံးရှိတဲ့ လှည်းတန်းစင်တာကို ကျောင်းသားတွေ သွားရောက်ကာ EU ကနေ မြန်မာနိုင်ငံက ရဲတပ်ဖွဲ့တွေကို အကြမ်းဖက်နှိမ်နှင်းတာတွေနဲ့ ပတ်သက်လို့ သင်တန်းပေးခဲ့ပေမဲ့ မနေ့ကလိုဖြစ်ရပ်မျိုး ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နှင်းတာတွေနဲ့ပတ်သက်ပြီး EU မှာ တာဝန်မကင်းဖြစ်တယ်ဆိုပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။"
"တကယ်ခံစားရတာက ကျမတို့ အလုပ်သမားတွေပါနော်။ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးတယ်ဆိုတဲ့ နေရာမှာပေါ့နော် တကယ်မှန်ကန်တဲ့ လမ်းကြောင်းတွေကို ပြပေးမှပေါ့နော် တကယ် မှန်မှန်ကန်ကန်နဲ့ လမ်းကြောင်းလေးတွေ ချပေးပြီး ကူညီပေးကြဖို့ကို မေတ္တာရပ်ခံပါတယ်"
"၂၀၁၃ မှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ ကြိုးစားမယ်လို့ သမ္မတက ပြောခဲ့တာရှိပါတယ်။ ၂၀၁၃ ခုနှစ်အကုန်မှာတော့ သူတို့သတ်မှတ်ထားတဲ့ နိုင်ငံရေးပြစ်မှုတွေနဲ့ ကျထားတဲ့ သူတွေကိုတော့ လွှတ်ပေးလိုက်ပြီးတော့ အဲ့ဒီလူတွေကိုပဲ တခြားပုဒ်မတွေနဲ့ စွဲချက်တင်ထားတဲ့ အမှုတွေက ဆက်ပြီး ခံနေရတဲ့သဘောပါ"