"ဒီတော်လှန်ရေးက ရေရှည်တော်လှန်ရေး ဖြစ်တယ်။ ဒီကြားကာလမှာပဲ လိုအပ်တဲ့ဟာတွေကို ဆက်ပြီးတော့ လုပ်နေဖို့လိုတယ်ဆိုတဲ့ စိတ်ကူးနဲ့ မိုးရာသီသစ်ပင်စိုက်တဲ့လှုပ်ရှားမှုလေး လုပ်ဖြစ်တယ်။ ပြည်သူတွေအတွက်၊ တိုင်းပြည်အတွက်၊ ကမ္ဘာကြီးအတွက် လိုအပ်တယ်ဆိုတဲ့ဟာမျိုး နားလည်ထားတယ်ပေါ့ဗျာ။" (ကိုမင်းလွင်ဦး-DDMSC တာဝန်ခံ)
ဥတုရာသီပြောင်းလဲမှုပိုမိုပြင်းထန်လာတဲ့အတွက် လေကြောင်းပျံသန်းရေးကဏ္ဍအေပေါ်လည်းပိုမိုရိုက်ခတ်လာတော့မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။ ဥတုရာသီနဲ့အနာဂတ်အစီအစဥ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
ရွှေစျေးနှုန်းကို ထိန်းနိုင်ဖို့ ရွှေအရောင်းနဲ့ အဝယ်ကို ယာယီပိတ်ထားမယ်လို့ မန္တလေး ရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ ကမ္ဘာ့ရွှေစျေးနဲ့အတူ တဖြည်းဖြည်း လိုက်တက်လာတဲ့ ပြည်တွင်းအခေါက်ရွှေစျေးက တကျပ်သားကို ပြင်ပမှာ ကျပ် ၅၂ သိန်းကျော်အထိ တက်လာခဲ့ပါတယ်။
"တချို့ဆို ဗမာလိုတောင် မပြောဘူး။ တရုတ်လိုပဲ ပြောနေတယ်။ ဒီ ၅ လပိုင်းအတွင်းမှာ ပိုများတာထင်တယ်။ မြဝတီ ရွှေကုက္ကိုဘက်ခြမ်းကဟာတွေဖြစ်ဖို့ များတယ်။ နယ်စပ်ဘက်မှာတော့ အဲ့ဒီအဆောက်အဦးတော့ တွေ့တာပဲ၊ တည်ခိုခန်းလိုလို ဘာလိုလိုနဲ့ ဆောက်နေတာ။ ကာစီနိုထင်တယ်၊ တချို့ဟာတွေက ဆောက်လုပ်ဆဲတွေလည်း ရှိတယ်။” (ဒေသခံ)
"စမတ်ကဒ်လုပ်တော့ အမနာမည် မွေးသက္ကရာဇ် တူတဲ့သူပေါ်နေတယ်။ အဲဒါနဲ့ကိုယ်ကအမှန်ဖြစ်တယ်ဆိုတာကို အဆင့်ဆင့် ထောက်ခံချက် ပြန်ယူနေရတယ်။ စိတ်ရှုပ်ရတာပေါ့နော်။ မှတ်ပုံတင်က သူတို့ပဲထုတ်ပေးခဲ့တာလေ။ ကိုယ်လည်းလုပ်လို့ရတာမဟုတ်ဘူးလေ။ ဘယ်လိုတွေမှန်းမသိတာ။ တန်းစီရ။ ဟိုရုံးသွားရ ဒီရုံးသွားရနဲ့။" (ရန်ကုန်မြို့ခံ)
"စားဝတ်နေရေးက အရင်ကထက်ပိုပြီးတော့ ကျပ်တည်းလာတယ်၊ ပိုပြီးတော့ ခက်ခဲလာတယ်။ ဆန်ဆိုလည်း အရင် ၃,၀၀၀ နဲ့ဆိုရင် အခု ၅,၀၀၀ ကျော်၊ ၆,၀၀၀ ပေးပြီးတော့ စားရတယ်။ အသားဟင်းဆိုလည်း အဲ့လိုပေါ့ အမြဲတမ်းကြီး နေ့တိုင်းမစားနိုင်ဘူးပေါ့။" (ရန်ကုန်မြို့ခံတဦး)
"အထဲမှာနေရတာက အပြင်မှာလူတွေရေးသလိုမျိုးတော့ ရေးလို့မရဘူး။ ကျနော်တို့ယုံကြည်ချက်နဲ့ကျနော်တို့လုပ်နေတာ။ နှစ်ဘက်ခံစားရတယ်ဗျ။..အာဏာပိုင်တွေအောက်မှာ ရုန်းကန်ရတဲ့တဘက်ရှိသလို တဘက်ကလည်း အပြင်မှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ မီဒီယာသမားတွေက ကျနော်တို့ကို အာဏာပိုင်တွေနဲ့ပေးစားတယ်။" (သက်ဇင်- ယနေ့ခေတ် အယ်ဒီတာချုပ်)
တနင်္သာရီနဲ့ ဘုတ်ပြင်းကြား စစ်ကောင်စီရဲ့ ပွိုင့် ၁၀၂၀ ခြေကုပ်စခန်းကို မေ ၁၁ ရက် မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ အဲဒီစခန်းက ဘုတ်ပြင်းမြို့အခြေစိုက် စကစ (၁၃) လက်အောက်ခံ ခမရ (၅၅၅)၊ (၅၅၉) နဲ့ (၄၃၂) တို့ ပူးပေါင်းအထိုင်ချတဲ့ စခန်းဖြစ်ကြောင်း Black Cobra Column ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ စံချိန်ရှည်လျားလာတဲ့အပူလှိုင်းရိုက်ခတ်နေပါတယ်။လက်ရှိသဘာဝရင်းမြစ်တွကိုထိန်းသိမ်းရင်းပြောင်းလဲလာတဲ့ရာသီဥတုနဲ့လိုက်လျှောညီထွေဖြစ်အောင်ပြင်ဆင်ကြဖို့ပညာရှင်တွေရဲ့တိုက်တွန်းသံတွေလည်းပိုကျယ်လာပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုကအမျိုးသမီးတွေ အသက်၄၀ ကစပြီး ၂ နှစ်တခါ ရင်သားကင်ဆာရှိမရှိ စစ်ဆေးမှုခံယူသင့်တယ်လို့ အမေရိကန်မှာ သြဇာကြီးတဲ့ဆေးပညာအသင်းကြီးတခုကတိုက်တွန်းလိုက်ပါတယ်။ လူမည်းအမျိုးသမီးတွေကြား ရင်သားကင်ဆာကြောင့်သေဆုံးမှုမြင့်တက်လာနေချိန်မှာခုလိုတိုက်တွန်းပြောဆိုလိုက်တာပါ။
“ရှားတော၊ ဒီဘက်နဲ့ ရေရှင်ဘက်တွေကျတော့ တောင်ပေါ်တွေမှာ နေရတာဖြစ်တဲ့အတွက် ရေရှားတယ်။ ရေတခေါက်ရဖို့အရေးကို အဝေးကြီးပေါ့။ တောင်ပေါ်တွေ၊ တောင်ဆင်းတောင်တက်နဲ့ ထမ်းသယ်ရတာပေါ့။ အခု လူအို သူအိုတွေကလည်း နေပူချိန်တွေမခံနိုင်လို့ ကျန်းမာရေးတွေဖောက် သေတဲ့သူက သေ၊ အဲ့လိုမျိုးတွေ ဖြစ်တာပေါ့လေ။" (ဒေသခံ)
ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင်း ဆန္ဒပြမှုမှာပါဝင်တယ်ဆိုတဲ့ အကျဉ်းသား ၁၉ ဦးကို ထောင်တွင်းအပြစ်ပေးအရေးယူထားသလို နောက်ထပ် ပြစ်ဒဏ်ချမှတ်ဖွယ်ရှိနေပါတယ်။ လူသေဆုံးတဲ့အထိပစ်ခတ်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ အကျဉ်းဦးစီးအရာရှိတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။
"ခုချိန်ထိတော့ဘာမှ ထူးခြားမှုမရှိသေးဘူး။ ပုံမှန်ပဲပေါ့။ ရိပ်သာမှာခေါ်ထားတယ်။ ကျနော်တို့မိသားစုတွေ တွေ့လို့ရတယ်။ အဲလောက်ပါပဲ။ လောလောဆယ်ကျနော်တို့ပြောနိုင်တာ ဘာမှမရှိသေးဘူး။ သူတို့ပြောသလိုပဲပေါ့။ ငြိမ်းချမ်းရေးအတွက် သူတို့ခေါ်ထားတယ်ပေါ့။ ကျနော်တို့ အဲလိုပဲ နားလည်ထားတယ်။" (မိသားစုနဲ့နီးစပ်သူ)
ကမ္ဘာမှာစံချိန်တင်အပူချိန်မြင့်တက်ပြီး သဘာဝဘေးဒဏ်တွေပိုမိုပြင်းထန်လာချိန်မှာပဲ မြေကမ္ဘာနေ့ကျရောက်လာပါတယ်။
"ကြားထဲမှာ တိုက်ပွဲတော့ မရှိဘူး။ သင်္ကြန်အကြိုနေ့ကတည်းက လက်နက်ကြီးနဲ့ ပစ်နေတာ။ သူတို့က အနောက်ဘက်ကမ်းကို လုံခြုံရေးယူတဲ့အနေနဲ့ ခြောက်လှန့်တဲ့သဘော ပစ်လိုက်တာ။ အဲဒီအချိန်မှာ ထိမှန်သွားတာ။" (ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ် စစ်ကြောင်း တာဝန်ရှိသူ)
ဥရောပလူ့အခွင့်အရေးဆိုင်ရာအမြင့်ဆုံးတရားရုံး(ECHR)မှာ ဥတုရာသီအရေးသမိုင်းဝင်ဆုံးဖြတ်ချက်တရပ်ချမှတ်လိုက်ပါတယ်။ ဥတုရာသီပြောင်းလဲမှုတားဆီးရေးအစိုးရကအပြည့်အဝဆောင်ရွက်မှုမရှိတာဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာဖြစ်တယ်ဆိုပြီး တရားရုံးကဆုံးဖြတ်လိုက်တာပါ။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာနန်းလောင်ဝ်ကတင်ပြထားပါတယ်။
မွန်လွှတ်တော် ဒုဥက္ကဌ လုပ်ခဲ့သူ မွန်နိုင်ငံရေးသမား ဒေါက်တာအောင်နိုင်ဦးနဲ့ သတင်းသမားဟောင်းကိုမျိုးအောင်တို့ နှစ်ဦးဟာ စစ်ဘေးရှောင်တွေကို ကူညီဖို့ သွားစဉ် လမ်းမှာပဲ စစ်ကောင်စီဖမ်းဆီးတာ ခံကြရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ဟာ ကမ္ဘာ့မိုးလေဝသအဖွဲ့ WMO နဲ့ပူးပေါင်းပြီး Global Weather Kids Campaign လှုပ်ရှားမှုစတင်လိုက်ပါတယ်။ နိုင်ငံပေါင်း ၈၀ ကျော်မှာ မိုးလေဝသခန့်မှန်းချက်တွေကို ကလေးတွေတိုက်ရိုက်ထုတ်လွှင့်တင်ပြတဲ့ အစီအစဥ်ပါ။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
ဆွီဒင်နိုင်ငံက Site Zero လုပ်ငန်းမှာ အနီအောက်ရောင်ခြည်၊ လေဆာရောင်ခြည်၊ကင်မရာတွေနဲ့ ဥာဏ်ရည်တုနည်းပညာတွေကိုပါသုံးပြီး ပလတ်စတစ်အမှိုက်တွေကို အမျိုးအစားခွဲနေပါတယ်။ ခေတ်မှီနည်းနဲ့ စွန့်ပစ်ပလတ်စတစ်တွေကိုပြန်သုံးပစ္စည်းထုတ်နိုင်အောင် ခွဲထုတ်နေတာပါ။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
"သူတို့တောက်လျှောက်ပစ်ခတ်နေတော့ ဘယ်သူမှ မီးဝင်မငြှိမ်းရဲဘူးလေ။ ....မီးလည်းငြှိမ်းသတ်လို့မရဘူးဆိုတော့ တရွာလုံး ပြာကျသွားနိုင်တယ်။ ရွာခံတွေကတော့ ရှောင်တဲ့လူက ရှောင်တယ်၊ တချို့က ရွာမှာကျန်ရှိနေသေးတယ်။ ဒါပေမယ့် မီငြှိမ်းသတ်ဖို့က ငြှိမ်းသတ်လို့မရဘူးလေ။ အနီးအနားရွာမှာလည်း လက်နက်ကြီးကျတာ ရှိတယ်။”(ရွာခံ)
နောက်ထပ်ကြည့်ရှုရန်