အိန္ဒိယသမ္မတ Ram Nath Kovind နဲ့ ဇနီး မြန်မာနိုင်ငံကို ငါးရက်ကြာခရီးစဉ်အတွင်း သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့ဆုံသွားမှာဖြစ်ပြီး ၂ နိုင်ငံ သဘောတူညီမှုတော်တော်များများလည်း လက်မှတ် ရေးထိုးလိမ့်မယ်လို့မျှော်လင့်ရပါတယ်။
မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေကြုံနေရတဲ့ ကချင်ပြည်နယ်က ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ အိမ်နီးချင်း တရုတ်နိုင်ငံကို တရားမဝင်ပို့ဆောင်ပြီး တရုတ်နိုင်ငံသားတွေရဲ့ ဇနီးမယားအဖြစ် အတင်းအကျပ် လက်ထပ်ခိုင်းတာတွေရှိနေကြောင်း အမေရိကန် ပြည်ထောင်စုက သုတေသန လေ့လာချက်သစ်က ဖော်ပြလိုက်ပါတယ်။
အာဂျင်တီးနားက စက်မှုဖွံ့ဖြိုး G-20 ထိပ်သီးအစည်းအဝေးမစခင်မှာပဲ အမေရိကန်သမ္မတ Donald Trump ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ မက္ကစီကိုသမ္မတ Enrique Pena Nieto တို့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် အသစ်တရပ်ကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ ဒီနေ့ပဲ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
ဥတုရာသီဖေါက်ပြန်ပြောင်းလဲမှုတွေရဲ့ဒဏ်ကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း တောမီးလောင် တာတွေ၊ မိုးခေါင် ရေရှားမှုတွေနဲ့ အားပြင်းတဲ့မုန်တိုင်းတွေအပါအဝင် သဘာဝဘေးအန္တရယ်တွေ ရင်ဆိုင်နေရတယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ အစီရင်ခံစာတစောင်မှာဖေါ်ပြထားပါတယ်။
ရိုဟင်ဂျာတွေအပေါ်လူ့အခွင့်အရေးချိုးဖာက်မှုကို ကန့်ကွက်ရှုတ်ချတဲ့ ၇၃ ကြိမ်မြောက် ကုလအထွေထွေညီလာခံရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို တောင်အာဖရိက-က ထောက်ခံမဲပေးဖို့ နိုင်ငံတကာဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက ညွန်ကြားချက်အမိန့်ကို နိုဝင်ဘာ ၂၂ ရက် နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ တရုတ်ကောင်စစ်ဝန်ရုံးအပါအဝင် လက်နက်ကိုင်သူပုန်တွေရဲ့ ဒီကနေ့ သီးခြား စီးနင်း တိုက်ခိုက်မှုတွေအတွင်း လူ ၃၄ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါ တယ်။
EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံနုတ်ထွက်ရေး သဘောတူညီမှုတွေ အပြီးသတ်ညှိနှိုင်းနေချိန် မှာ Gibraltar ကျွန်းကိစ္စနဲ့ပတ်သက်လို့ မူကြမ်းတွေထဲမှာ ပြင်ဆင်ပေးဖို့ စပိန်နိုင်ငံကတောင်းဆိုနေ ပါတယ်။
ဥရောပသမဂ္ဂက ဗြိတိန်နိုင်ငံခွဲထွက်ရေး သဘောတူညီချက်မူကြမ်းကို ငြင်းပယ်တာဟာ ဗြိတိန်နိုင်ငံကို လုံး၀ မရေရာတဲ့ လမ်းကြောင်းပေါ်တွန်းပို့လိုက်တာဖြစ်လိမ့်မယ်၊ အဲဒါကြောင့် ဒါကိုအတည်ပြုမှု ရအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Thresera May က ပြောလိုက်ပါတယ်။
တူရကီနိုင်ငံ Istanbul မြို့တော်က ဆော်ဒီကောင်စစ်ရုံးမှာ ဆော်ဒီသတင်းထောက် Jamal Khashoggi ကို သတ်ဖြတ်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရသူ ဆော်ဒီနိုင်ငံသား ၁၇ ဦးကို အမေရိကန်ပြည်ထောင်စုက အရေးယူ လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
အမေရိကန်ကို ဝင်ခွင့်ရဖို့ မျှော်လင့်ချက်နဲ့ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှုတွေကို စွန့်ခွာပြီး တလလောက် ခရီးရှည် ချီတက်လာကြတဲ့ အမေရိကတိုက် အလယ်ပိုင်းက ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးဟာ မနေ့ကပဲ မက္ကစီကိုနိုင်ငံ နယ်စပ်မြို့ကို စတင်ရောက်ရှိ လာကြပါတယ်။
ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်နိုင်ငံ ခွဲထွက်မယ့် သဘောတူညီချက်အပေါ် ဗြိတိသျှပါလီမန်က အတည်ပြု ချက်ရဖို့ ဝန်ကြီးချုပ် Theresa May ခက်ခက်ခဲခဲ ကြိုးပမ်းနေရချိန်မှာပဲ ခွဲထွက်ရေးဆိုင်ရာ ဝန်ကြီး Dominic Raab ရာထူးကနုတ်ထွက်သွားပါတယ်။
အမေရိကန်နဲ့ ပြင်သစ်သမ္မတတို့ဟာ ဥရောပလုံခြုံရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဒီကနေ့ ဆွေးနွေးကြပါတယ်။ ပြင်သစ်ကို ရောက်ရောက်ချင်းမှာပဲ ပြင်သစ်သမ္မတကို Doanld Trump က ဝေဖန်ခဲ့ပြီးနောက် မကြာခင်မှာ အခုလို တွေ့ဆုံကြတာပါ။
ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မကြာခင် နေရပ်ပြန်ပို့မယ့် အစီအစဉ် အပေါ် စိုးရိမ်ပူပမ်ကြောင်း နိုင်ငံတကာ အကူအညီပေးရေးနဲ့ အရပ်ဖက်အဖွဲ့အစည်း ၄၀ ကျော်က ပြောဆိုလိုက်ကြ ပါတယ်။
တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲတွေမှာ မန်စီးတီးအသင်းဟာ ဂိုးပြတ်အနိုင်ရပြီး ဇယားထိပ် ရောက်နေပါတယ်။
စနေနေ့ ပရီးမီးယားလိဂ်ပွဲတွေမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘုန်းန်မောက်သ်အသင်းကို နောက်ကျ အနိုင်ဂိုး သွင်းယူပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဆော်ဒီသတင်းထောက် Jamal Khashoggi ကို သတ်ခိုင်းတဲ့အမိန့်ဟာ ဆော်ဒီအာရေးဗျအစိုးရရဲ့ ထိပ်ပိုင်း အဆင့်ကနေလာတာလို့ တူရကီသမ္မတ Recep Tayyip Erdogan ကပြောလိုက်ပါတယ်။
အစ္စလမ်ဘာသာရဲ့တမန်တော်ကို ပုတ်ခတ်စော်ကားမှုနဲ့စွပ်စွဲခံထားရတဲ့ ခရစ်ယာန်အမျိုးသမီးတဦးနဲ့ ပတ်သက်တဲ့အမှုကို နိုင်ငံတော်တရားရုံးချုပ်က အပြစ်မရှိကြောင်းစီရင်ချက်ချခဲ့တဲ့အတွက် အစ္စလမ်မ ဘတ်မြို့မှာ ဆန္ဒပြမှုတွေဖြစ်ပွါးနေတာ သုံးရက်ရှိနေပါပြီ။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ ၃၃ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို စင်္ကာပူ နိုင်ငံမှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပဖို့ ရှိပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံကခေါင်းဆောင်တွေနဲ့ တရုတ်၊ ဂျပန်၊ ရုရှားနဲ့ အမေရိကန် ခေါင်းဆောင်တွေ တွေ့ဆုံကြမှာပါ။
ဆော်ဒီသတင်းစာဆရာ Jamal Khashoggi သတ်ဖြတ်ခံရမှုအပေါ် အမေရိကန်အစိုးရရဲ့ တုံ့ပြန်ပုံဟာ ကိုယ်ကျင့်သိက္ခာအခြေခံတွေ ကင်းမဲ့နေကြောင်း Khashoggi ရဲ့ ချစ်သူဖြစ် တဲ့ Hatice Cengiz က ဒီနေ့ထုတ် Washington Post သတင်းစာရဲ့ သဘောထားအမြင် ဆောင်းပါးမှာ ရေးသား ဝေဖန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်