ဘာသာရေးကို ပုတ်ခတ်စော်ကားမှုနဲ့ ပါကစ္စတန်နိုင်ငံမှာ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ခရစ်ယာန်အမျိုးသမီးတဦးကို ပါကစ္စတန်တရားရုံးကချုပ်က အခုသီတင်းပတ်အစောပိုင်းက တရားသေးလွှတ်ပေးလိုက်တဲ့ကိစ္စကို ရွှေ့ဆိုင်းလိုက်ပါတယ်။
တနင်္ဂနွေနေ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ အနိုင်ရပြီး အာဆင်နယ်လ်က သရေကျပါတယ်။
အိန္ဒိယရုပ်သံအစီအစဉ်တွေကို ပါကစ္စတန်မှာမပြဖို့ ပိတ်ပင်တားမြစ်တဲ့ အောက်တရားရုံးအမိန့်ကို တရားရုံးချုပ်က အတည်ပြုလိုက်ပါပြီ။
ဆော်ဒီသတင်းထောက် Khashoggi အသတ်ခံရတဲ့ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ဆော်ဒီကို စစ်လက်နက်ပစ္စည်း ရောင်းရေး မရောင်းရေး ပြင်သစ်နဲ့ ဂျာမနီအကြား သဘောထားကွဲလွဲနေတဲ့ပုံ ရှိပါတယ်။
နယူးယောက်မြို့က သူနာပြု ဒေါ်ကြည်မာသိန်း သေဆုံးမှုနဲ့ဆက်စပ်ပြီး သံသယရှိသူနှစ်ဦးကို နယူးယောက်ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Pennsylvania ပြည်နယ်၊ Pittsburgh မြို့က ဂျူးဘုရားကျောင်းတခုမှာ စနေမနက်ပိုင်းက ဝတ်ပြုဆုတောင်းသူတွေ စုဝေး ဝတ်ပြုနေကြချိန် သေနတ်သမားတဦး ဝင်ပစ်တာကြောင့် လူ ၁၁ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။
မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာ ပြီးခဲ့တဲ့ငါးလအတွင်း ၂၀၁၇ ခုနှစ် အလားတူကာလထက် ပိုများလာတာကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လီဗာပူးလ်အသင်းက ကားဒစ်ဖ် စီးတီးကို ၄ ဂိုး ၁ ဂိုးနဲ့ အပြတ်နိုင်ပြီး လက်ရှိမှာ ဇယားထိပ် တက်သွားပါတယ်။
အီရန်နိုင်ငံတွင်းကနေ စတင်ခဲ့တဲ့ Facebook အကောင့်တွေ၊ page တွေ၊ group အကောင့်တွေနဲ့ Instagram အကောင့် စုစုပေါင်း ၈၂ ခုကို ဖယ်ရှားလိုက်ကြောင်း Facebook ကုမ္ပဏီက မနေ့ သောကြာနေ့က ကြေညာခဲ့ပါတယ်။
သံသယဖြစ်ဖွယ် အထုပ် ၁၂ ထုပ်ကို စာတိုက်ကနေ ပေးပို့ခဲ့တာနဲ့ဆက်စပ်ပြီး သံသယရှိသူတဦးဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်၊ Aventura မြို့က အသက် ၅၆ နှစ်အရွယ် Cesar Sayoc ကို ဖက်ဒရယ် ရာဇဝတ်မှု ငါးမှုနဲ့ တရားစွဲထားကြောင်း ရှေ့နေချုပ် Sessions ကပြောပါတယ်။
ရုရှားနိုင်ငံနဲ့ချုပ်ဆိုထားတဲ့ တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များ INF သဘောတူစာချုပ်ကို ရုရှားက ချိုးဖောက်တဲ့အတွက် နုတ်ထွက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပေမဲ့ ရုရှားက ဘယ်လိုချိုးဖောက်တယ်ဆိုတဲ့ အသေးစိတ်တွေကိုတော့ မပြောပါဘူး။
ဥရောပသမဂ္ဂ EU ကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်မယ့်ကိစ္စကို လူထုဆန္ဒခံယူပွဲအသစ်တခု ပြန်လုပ်ဖို့ တောင်းဆိုပြီး စနေနေ့က လူ ထောင်ပေါင်းများစွာ လန်ဒန်မြို့လည်ခေါင်မှာ ချီတက် ဆန္ဒပြကြပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့နှစ်ဦးရဲ့နောက်ထပ် ထိပ်သီးဆွေးနွေးပွဲဟာ လာမယ့်နှစ် အစောပိုင်းမှာ ဖြစ်ဖို့ အလားအလာရှိကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတဦးက သေကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ အနိုင်ရပြီး ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ သရေကျပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကမြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ အဓိက အချက် ၂ ချက်က ဥပဒေချိုးဖေါက်သူတွေကို အပြစ်ပေးအရေးယူဖို့နဲ့ အားလုံးပါဝင်ပြီး တွေ့ဆုံဆွေးနွေးဖို့ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဆော်ဒီသတင်းထောက် Jamal Khashoggi ပျောက်ဆုံးနေတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။
တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ချယ်လ်ဆီး နိုင်ပွဲရပြီး မန်စီးတီးနဲ့ လီဗာပုူးလ်ပွဲကတော့ သရေနဲ့ အဆုံးသတ် သွားပါတယ်။
စနေနေ့ကကန်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂ ဂိုး အရင်သွင်းခံထားရပြီးမှ နောက်ကျဂိုး ၃ ဂိုးပြန်သွင်းပြီး နယူးကက်ဆက်လ်ကို အနိုင်ရသွားပါတယ်။
Brett Kavanaugh ဟာ အမေရိကန် တရားရုံးချုပ် တရားသူကြီးတဦးအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးသွားပါပြီ။ အထက်လွှတ်တော်က မဲခွဲအတည်ပြုလိုက်တဲ့ စနေနေ့တရက်ထဲမှာပဲ ကျမ်းသစ္စာကျိန်ဆိုပွဲလုပ်ပြီး ခန့်အပ်လိုက်တာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်