အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ INTERPOL အကြီးအကဲ တရုတ်နိုင်ငံသား Meng Hongwei ဟာ တရုတ်နိုင်ငံခရီးစဉ်အတွင်း ပျောက်ဆုံးသွားပြီးတော့ ဒီဖြစ်ရပ်ကို တရုတ်နဲ့ပြင်သစ် ပူးတွဲ စုံစမ်းစစ်ဆေးနေတယ်လို့ INTERPOL ကပြောပါတယ်။
အမေရိကန်တရားရုံးချုပ်၊ တရားသူကြီးအဖြစ်ခန့်အပ်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အမည်စာရင်းတင်သွင်းထားတဲ့ Brett Kavanaugh ဟာ အတည်ပြုခန့်အပ်ခံရဖို့ သေချာသလောက်ရှိနေပါပြီ။
EU က မြန်မာကိုပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ပြန်ရုပ်သိမ်းမလား ဆိုတာ ဆန်းစစ် လေ့လာဖို့ အချက်အလက်ရှာဖွေရေးတဖွဲ့ကို လွှတ်မယ်လို့ EU ရဲ့ ကုန်သွယ်ရေးဆိုင်ရာအကြီးအကဲ Cecilia Malmstrom က သောကြာနေ့၊ သြစတြီးယားနိုင်ငံ၊ Innsbruck မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
တရားသူကြီး Kavanaugh ကို စွပ်စွဲထားတဲ့အမျိုးသမီးကို သမ္မတထရမ့်ပ်က လှောင်ပြောင်ပြောဆိုတဲ့အတွက် သူ့ပါတီရဲ့ အထက်လွှတ်တော်အမတ်တွေကိုယ်တိုင်က ပြစ်တင်ဝေဖန်ကြပါတယ်။
စနေနေ့ကကစားတဲ့ ပရီးမီးလိဂ်ပွဲစဉ်တွေ ပြီးတဲ့နောက် မန်စီးတီးအသင်းဟာ ဇယားထိပ်မှာ ရောက်သွားပါတယ်။
အမေရိကန် အထက်နဲ့အောက် လွှတ်တော်အမတ် ၂၀၀ ထက်မနည်းက သမ္မတ Donald Trump ကို တရားစွဲ ဆိုဖို့ ပြင်ဆင်နေတဲ့အပေါ် ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့ ဝါရှင်တန် ဒီစီမှာရှိတဲ့ ပြစ်မှု ဆိုင်ရာ တရားရုံးရဲ့ တရားသူကြီးတဦးက ခွင့်ပြုလိုက်ပါတယ်။
အီရတ်နိုင်ငံက အမေရိကန်သံတမန်ဝန်ထမ်းတွေဘေးကင်းလုံခြုံရာမှာ ယာယီ ပြောင်းရွှေ့နေထိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ညွှန်ကြားပါတယ်။ အီရန်နဲ့ အီရတ်နိုင်ငံထဲက အီရန် မဟာမိတ်တွေရဲ့ ခြိမ်းခြောက်မှုတွေ ကြီးထွားလာအပြီးမှာ Pompeo က အခုလို ညွှန်ကြားခဲ့တာပါ။
၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ စက်တင်ဘာလ ၂၈ ရက်၊ သောကြာနေ့က ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ မိန့်ခွန်းပြောပါတယ်။
လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌအဖြစ် အမေရိကန်က စပြီးတာဝန်ယူတဲ့နေ့ အစည်းအဝေးမှာပဲ သမ္မတထရမ့်ပ်က အီရန်ကို အပြင်းအထန် ဝေဖန်ပြောဆိုသွားပါတယ်။
အမေရိကန်မှာ နိုဝင်ဘာလကျရင် ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲတွေမှာ ဝင်စွက်ဖက်ဖို့ တရုတ် အစိုးရက ကြိုးစားနေတယ်လို့ သမ္မတထရမ့်ပ်က စွပ်စွဲပြောဆိုပါတယ်။
စနေနေ့ ပရီးမီးယားလိဂ်ပွဲတွေမှာ လီဗာပူးလ်က ၆ ပွဲဆက် အနိုင်ရပြီး မန်ယူကတော့ သရေကျပါတယ်။
စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ ဆက်ပြီး အောင်ပွဲခံကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို စနေနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်လာမယ့် Mangkhut တိုင်ဖွန်းမုန်တိုင်းဟာ အဝန်းပမာဏ မိုင် ၅၅၀၊ တနာရီ မိုင် ၁၇၀ နှုန်းနဲ့ အဆင့် ၅ ပြင်းအားရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ် ကမ်းရိုးတန်းကို သောကြာနေ့က Florence ဟာရီကိန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်တာကြောင့် လေပြင်းတိုက်၊ မိုးကြီးရွာ၊ ကြီးမား တဲ့ ရေလှိုင်းလုံးတွေဖြစ်ပေါ်ပြီး သေဆုံးသူ လေးဦးထက် မနည်းရှိသွားပါပြီ။
တရုတ်နိုင်ငံရဲ့ မဲခေါင်မြစ် စီမံကိန်းတွေကြောင့် မြစ်ရေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေအပေါ် ဒေသခံတွေရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေအပေါ် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Geng Shuang က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကာကွယ်ပြောဆိုသွားပါတယ်။
Florence ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မြောက်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းရိုးတန်းကို စတင်ရောက်ရှိလာပါပြီ။
Reuters သတင်းဌာနက မြန်မာသတင်းထောက်နှစ်ယောက်ကို ထောင်ဒဏ် စီရင်ချက်ချခဲ့တဲ့အပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ပြောဆိုလိုက်တဲ့အတွက် အမေရိကန်က ဝေဖန်လိုက် ပါတယ်။
၂၀၁၈ ခုနှစ်၊ US Open တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတဦးချင်းဗိုလ်လုပွဲမှာ ဂျပန်နိုင်ငံသူ Naomi Osaka က အမေရိကန်နိုင်ငံသူ Serena Williams ကို အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အင်အားပြင်းငလျှင်လှုပ်ခတ်သွားတဲ့ဂျပန် မြောက်ပိုင်းက Hokkaido ကျွန်းမကြီးမှာ ရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဒီကနေ့ ဆက်ပြီးလုပ်ကိုင်နေပါတယ်။
မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ သဘောတူညီချက်ရချင်တယ်ဆိုရင် မြောက်ကိုရီးယားက အရင်ဆုံး လုပ်ဆောင်ပြရမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန၊ ထိပ်တန်းတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်