ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးခဲ့ရတဲ့အပေါ် နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က စုံစမ်းစစ်ဆေး မယ့် အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆကျော် တိုးပြီး တောင်းခံထားပါတယ်။ အဲဒီထဲမှာ မြောက်ကိုရီးယားရန်ကို ကာကွယ်ဖို့အတွက် ဈေးကြီးတဲ့ အမေရိကန် စစ်လက်နက်ပစ္စည်းတွေ ဝယ်ဖို့လည်း ပါဝင်ပါတယ်။
၂၀၁၈ ဒုတိယသုံးလပတ်အတွင်းမှာ အမေရိကန်ရဲ့ စီးပွားရေးဟာ အရင်က ခန့်မှန်းထားတာထက် ပိုပြီး တိုးတက်မှုရှိပါတယ်။
ကွယ်လွန်သူ အထက်လွှတ်တော်အမတ် John McCain ကို အရီဇိုးနားပြည်နယ်မှာ ဂုဏ်ပြု နှုတ်ဆက်နေကြပြီဖြစ်ပါတယ်။
သမ္မတအိမ်ဖြူတော်မှာ ဥပဒေရေးရာကိစ္စရပ်တွေကို အကြံပေးရသူ Don Mcgahn ဟာ လာမယ့် ဆောင်းဦးပေါက်ကာလမှာ ရာထူးကနုတ်ထွက်တော့မှာဖြစ်ပါတယ်။
ဖလော်ရီဒါပြည်နယ်၊ Jacksonville မြို့မှာ အွန်လိုင်းဂိမ်းပြိုင်ပွဲတခု လုပ်နေချိန်အတွင်း သေနတ်ပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးသူတွေရှိပါတယ်။
ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို မော်စကိုမြို့တော်မှာ ဖမ်းဆီးလိုက်ပါတယ်။ သမ္မတ ဗလာဒီမီယာ ပူတင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလုပ်မှုနဲ့ ပထမတခါ ဖမ်းဆီးခံရတာကနေ ပြန်လွတ်လာတာ နှစ်လပဲကြာပြီးတဲ့နောက် အခု ထပ်အဖမ်းခံ ရတာပါ။
အမေရိကန်ရေတပ်ရဲ့ အမှတ် ၂ ရေတပ်ဖွဲ့ကို တရားဝင် ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး မြောက် အတ္တလန်တိတ်သမုဒ္ဒရာကို အာရုံစိုက်ပြီးတော့ အရှိန်တိုးမြှင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
စနေနေ့ ပရီးမီးယားလိဂ်ပွဲတွေထဲမှာ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ရမှတ် ၁ မှတ်နဲ့ ကျေနပ်လိုက်ရပါတယ်။
မနက်ဖြန် တနင်္ဂနွေနေ့ဟာ အမျိုးသမီးများ တန်းတူညီမျှရေးနေ့ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေ မဲပေးခွင့်ကို ပြင်ဆင်ရေးဆွဲချက် ၁၉ အနေနဲ့ ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်သွင်းပြဌာန်းလိုက်တဲ့ ၉၈ နှစ်မြောက် နှစ်ပတ်လည်နေ့ပါ။
ကက်သလစ် ဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ရပ်တွေအပေါ် ဆန့်ကျင် ရပ်တည်ဖို့ ပုပ်ရဟန်းမင်းကြီး Franscisရဲ့ အိုင်ယာလန်ခရီးစဉ်အတွင်း တောင်းဆိုနေကြပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအနေနဲ့ ဒီကနေ့မနက်ပိုင်းက အိုင်ယာလန်မြို့တော် ဒပ်ဘလင်ကို ပုပ်ရဟန်းမင်းကြီး ရောက်ရှိ လာတာပါ။
ဇင်ဘာဘွေနိုင်ငံမှာ ဇူလိုင်လ ၃၀ ရက်နေ့ကလုပ်တဲ့ သမ္မတရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးဖို့ လျှောက်ထားချက်ကို ဇင်ဘာဘွေ အခြေခံဥပဒေခုံရုံးက ပယ်ချလိုက်တဲ့အတွက် ရွေးကောက်ပွဲအနိုင်ရထားတဲ့ လက်ရှိသမ္မတအနေနဲ့ အခြေခံဥပဒေပြဌာန်းချက်အရ ၄၈ နာရီအတွင်း ကျမ်းသစ္စာ ကျိန်ဆိုဖို့ လမ်းပွင့်သွားပြီဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသက လူပုဂ္ဂိုလ်သုံးဦးကို IS အကြမ်းဖက်ဝါဒီအဇွဲ့ထဲဝင်ဖို့ လူစုဆောင်းပေးတယ်ဆိုပြီး အကြမ်းဖက်ဝါဒီတွေ အဖြစ် အမေရိကန်ပြည်ထောင်စုက သောကြာနေ့မှာ သတ်မှတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက အထင်ကရ ဝါရင့် အထက်လွှတ်တော်အမတ် John McCain ဟာ သူခံစားနေရတဲ့ ဦးနှောက်ကင်ဆာအတွက် ဆေးဝါးကုသမှုကို ရပ်ဆိုင်းလိုက်ပြီးဖြစ်ကြောင်း သူ့ရဲ့ မိသားစုက ကြေညာလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မြောက်ကိုရီးယားကိုသွားမယ့် အစီအစဉ်ကို သူ ဖျက်လိုက်ပြီလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က သောကြာနေ့မှာပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာအာဏာ ပိုင်တွေကို နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က ကိုင်တွယ်အရေးယူဖို့ အရှေ့တောင် အာရှ ၅ နိုင်ငံက လွှတ်တော်အမတ် တရာကျော်က တောင်းဆိုလိုက်ပါတယ်။
သြစတြေးလျနိုင်ငံမှာ ၁၁ နှစ်အတွင်း ၇ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Scott Morrison က သူဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ အနေနဲ့ လူထုကမျှော်လင့်တဲ့ တည်ငြိမ်မှုတွေရအောင် ကြိုးပမ်းမယ့်အကြောင်း ကတိပြုပြောဆိုလိုက်ပါတယ်။
အစ္စလာမ်ဘာသာရဲ့ တမန်တော် မိုဟမ်မက်ဒ်ကို ပုံဖော်ရေးဆွဲတဲ့ ကာတွန်းပြိုင်ပွဲတခုလုပ်ဖို့ နယ်သာလန်နိုင်ငံက လက်ယာစွန်း လွှတ်တော်အမတ်တဦးကို ခွင့်ပြုလိုက်တဲ့အတွက် ပါကစ္စတန်နိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးကို ဆန္ဒပြသူ ၂၀၀,၀၀၀ ၊ ၃၀၀,၀၀၀ လောက်ဝိုင်းပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်မယ်လို့ ခြိမ်းခြောက်ကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ မန်နေဂျာဟောင်း Paul Manafort အပေါ် တရားစွဲဆို စစ်ဆေးမှုကို ကြီးကြပ်နေတဲ့ တရားသူကြီးက သူ့ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်လို့ ပြောထားပြီး လက်ရှိမှာ အမေရိကန် တရားရေးဌာနဆိုင်ရာ ရဲတပ်ဖွဲ့ အရာရှိတွေက အကာအကွယ်ပေးနေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်