ရိုဟင်ဂျာတွေကို ကူညီပံ့ပိုးရေးနဲ့ ကျူးလွန်ထားတဲ့ သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူတွေ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ခံမှုရှိစေရေး နောက်ထပ် အရေးယူလုပ်ဆောင်ဖို့ အမေရိကန် နိုင်ငံရေးပါတီကြီးနှစ်ရပ်က အထက် လွှတ်တော်အမတ်တွေက နိုင်ငံခြားရေးဝန်ကြီးဆီကိုလိပ်မူပြီး သြဂုတ်လ ၁၇ ရက်စွဲနဲ့ စာရေး တိုက်တွန်းထားပါတယ်။
ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်အစ ပြိုင်ပွဲတွေကို စနေနေ့က စကစားကြပြီး ပထမဆုံး အနိုင်ရတဲ့အသင်းတွေထဲမှာ ထိပ်တန်းအသင်းတွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ ပါဝင်ပါတယ်။
ဝါရှင်တန်ပြည်နယ် Seattle မြို့မှာ လေယာဉ်စက်ပြင်တဦးဟာ လေယာဉ်တစီးကို ခိုးယူပြီး လေယာဉ်ကို စတန့်ထွင် မောင်းနှင်ခဲ့ပြီးနောက် တောင် Puget Sound ဒေသတွင်းက လူနေကြဲပါးတဲ့ Ketron ကျွန်းပေါ် ပျက်ကျခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ချီလီသမ္မတတာဝန်ကို ၂ ကြိမ် ထမ်းဆောင်ခဲ့ဖူးသူ Michelle Bachelet ကို New York မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ သောကြာနေ့က မဲခွဲ ရွေးချယ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု California တောင်ပိုင်းမှာ Holy လို့နာမည်ပေးထားတဲ့ တောမီး ဟာ လူနေအိမ်တွေနား အင်မတန်နီးကပ်လာတဲ့အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး Jerry Brown က Orange နဲ့ Riverside မြို့နယ်တွေမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ပါတယ်။
ယီမင်နိုင်ငံမှာ ကလေးငယ်အများအပြားအပါအဝင် လူ ၅၀ ထက်မနည်း သေဆုံးရတဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်ကို စုံစမ်း စစ်ဆေးမယ်လို့ ဆော်ဒီဦးဆောင်တဲ့ အာရပ်ဘ် စစ်ဘက်ညွန့်ပေါင်းအဖွဲ့က သောကြာနေ့မှာပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရခိုင်ဒေသက နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည် လက်ခံရေးလုပ်ငန်းကို အလျင်အမြန်စတင်ဖို့ နှစ်နိုင်ငံကြား သဘောတူညီကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ သြဂုတ်လ ၁၀ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။
Unite the Right လို့ အမည်ပေးထားတဲ့ လူဖြူတွေရဲ့ အခွင့်အရေး လှုပ်ရှားမှုတခုကို လူဖြူကြီးစိုးရေးဝါဒီတွေက လာမယ့်တနင်္ဂနွေနေ့မှာ သမ္မတအိမ်ဖြူတော်ရှေ့ ကျင်းပဖို့ စီစဉ်ထားပါတယ်။
၆၀ ဘီလျံပမာဏာရှိတဲ့ အမေရိကန်သွင်းကုန်တွေအပေါ် တရုတ်အစိုးရက အခွန်တိုးမြှင့်ကောက်ခံမယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှာ ကြေညာပါတယ်။
အီရန်အပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချတော့မယ့်အချိန်မှာပဲ အီရန် မြို့ကြီးတွေမှာ လေးရက်မြောက်နေ့အဖြစ် ဆန္ဒပြနေကြတာမှာ Tehran မြို့အနောက်ပိုင်းက Shiite တို့ရဲ့ကျမ်းစာသင်ကျောင်းကိုလည်း ဆန္ဒပြသူတွေ တိုက်ခိုက်ခဲ့ကြတယ်လို့ အီရန် သတင်းဌာနတွေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဒီကနေ့ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် နဲ့ စင်္ကာပူမှာတွေ့ဆုံပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားစည်းလုံး ညီညွတ် ရေး ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီးဆွေးနွေးခဲ့ပါတယ်။
အမေရိကန် ရွေးကောက်ပွဲကို ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ ဆက် လက်ထွက်ပေါ်နေပေမဲ့ ရုရှားသမ္မတ Vladimir Putin အပေါ် သမ္မတ Donald Trump က ပြင်းပြင်းထန်ထန် ဝေဖန်လိုတဲ့ သဘောထားမျိုး မနေ့တုန်းက လူထုကိုပြောတဲ့ မိန့်ခွန်းမှာလည်း မတွေ့ခဲ့ရပါဘူး။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း နိုင်ငံတော်တော်များများက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပွင့်ပွင့် လင်းလင်း ဝေဖန်ခဲ့တဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ကာကွယ်ပြောဆိုလိုက် ပါတယ်။
မြောက်ကိုရီးယားကနေ အမေရိကန် စစ်လေယာဉ်နဲ့ သယ်ဆောင်လာတဲ့ ကြွင်းကျန် ရုပ်အလောင်းတွေ ပါဝင်တဲ့ သေတ္တာ ၅၅ ခုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့ကြတဲ့ အမေရိကန်စစ်သည်တွေ ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်က မနေ့နှောင်းပိုင်းမှာပဲ ကြေညာချက် ထုတ်ပြန် အတည်ပြုလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ စံချိန်တင်လောက်တဲ့ အပူလှိုင်းဖြတ်သန်းတာကြောင့် လူပေါင်း ၃၀ လောက်သေဆုံးပြီး ထောင်နဲ့ချီတဲ့ လူတွေလည်း အပူလှိုင်းဒဏ်ခံစားရတာကြောင့် နိုင်ငံတဝှမ်းက ဆေးရုံတွေစီ တက်ရောက်ပြီး ကုသမှုခံယူနေပါတယ်။
ယူကရိန်းနိုင်ငံရဲ့ကာကွယ်ရေးအစီအစဉ်တွေအတွက် ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ပေးသွားမယ်လို့ အမေရိကန် ကာကွယ်ရေးဌာနက ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ တိုးလာနေတဲ့ တရုတ်သမ္မတ XI Jingping ဟာ လေးနိုင်ငံ အလည်အပတ်ခရီးစဉ်နဲ့ အာဖရိက ကို ဒီကနေ့ ဆိုက်ရောက်ပါတယ်။
တောင်ကိုရီးယားသမ္မတဟောင်း Park Geun-hye ကို ၂၀၁၆ ခုနှစ် လွှတ်တော် ရွေးကောက်ပွဲတွေနဲ့ ဆက် နွယ်တဲ့ စွဲချက်တွေနဲ့ တောင်ကိုရီးယား တရားရုံးက ဒီကနေ့ နောက်ထပ် ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။
ခေတ်သစ်ကျွန်စံနစ်အများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် (၁၈) မှာ ရှိနေကြောင်း ဇူလိုင်လ ၁၉ ရက်၊ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကမ္ဘာလုံး ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စနေနေ့ကယှဉ်ပြိုင်ကစားတဲ့ ဝင်မ်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတဦးချင်း ဗိုလ်လုပွဲမှာ အဆင့် ၁၁ ရှိတဲ့ ဂျာမန် တင်းနစ်မယ် Angelique Kerber က Grand Slam ချန်ပီယံဖလား ၂၃ ကြိမ် ရထားဖူးသူ အမေရိကန်တင်းနစ်မယ် Serena Williams ကို ၆-၃၊ ၆-၃ နဲ့ နှစ်ပွဲဆက် အနိုင်ရသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်