ဒီကနေ့ည ကစားမယ့် ဒီနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လာတဲ့ ခရိုအေးရှား အသင်းနဲ့ တတိယအကြိမ် မြောက် ဗိုလ်လုပွဲတက် လာတဲ့ ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် ပွဲဖြစ်ပါတယ်။
အမေရိကန်သမ္မတ Donald Trump က ၂၀၁၆ ရွေးကောက်ပွဲကာလမှာ ရုရှားတွေ အနေနဲ့ ဝင်ရောက် နှောင့်ယှက် ခဲ့လေသလားဆိုတာနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ Vladimir Putin ကို မေးမြန်းသွားမှာဖြစ်တယ်လို့ သောကြာနေ့ကပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ ဗြိတိန် ဝန်ကြီးချုပ် Theresa May နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပြီး အရှေ့ အလယ်ပိုင်းကိစ္စ အပါအဝင် နိုင်ငံခြားရေး၊ ကုန်သွယ်ရေး၊ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်တွေအပြင် ဗြိတိန်မှာရှိနေတဲ့ ရုရှား သူလျှိုဟောင်းတွေကို ရုရှားအစိုးရက အဆိပ်ခတ်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
Canada အရှေ့ပိုင်းနဲ့ အလယ်ပိုင်းကို ပြင်းထန်တဲ့ အပူလှိုင်း ဆက်လက်ဝင်ရောက်နေချိန် မှာ ပဲ Quebec နယ်မှာ အပူရှိန်ကြောင့် သေဆုံးသူ သီတင်းတပါတ်ထဲမှာ ၅၄ ယောက် ထက် မနည်း ရှိသွားပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေက သောကြာနေ့က ပြောကြားခဲ့ပါ တယ်။
ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့တော်မှာလုပ်မယ့် မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် လာတက်မယ့်အပေါ် ဥရောပက တက်ကြွလှုပ်ရှားသူတွေ ဘရပ်ဆဲလ်စ်မြို့တော်မှာ စနေနေ့က ချီတက် ကန့်ကွက် ဆန္ဒပြကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဆွေးနွေးပွဲတွေဟာ “စိတ်မကောင်း စရာပဲ” လို့ မြောက်ကိုရီးယားနိုင်ငံခြားရေး ဌာနက စနေနေ့မှာပြောပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းရေး အမေရိကန်ဟာ တဘက်သတ် ဖိအား ပေးဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။
ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် နောက်ဆုံးပွဲတွေမှာ အင်္ဂလန်နဲ့ ခရိုအေးရှားတို့ အနိုင်ရပြီး ဆီမီးဖိုင်နယ်လ်မှာ ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ မိုးအကြီးအကျယ်ရွာသွန်းပြီး မြေပြိုတာကြောင့် လူ ၅၀ ထက် မနည်း သေဆုံးသွားပြီး နောက်ထပ် လူ ၅၀ လောက် ပျောက်ဆုံးနေတယ်လို့ ဂျပန် NHK သတင်းဌာနက ကြေညာပါတယ်။
ဗိုလ်စွဲမယ်လို့ နာမည်ကြီးထားတဲ့ ဘရာဇီးလ်အသင်း ပြိုင်ပွဲကနေ ထွက်သွားရပြီး ပြင်သစ်နဲ့ ဘယ်လ်ဂျီယမ်တို့ ဆီမီးဖိုင်နယ်မှာ တွေ့ကြပါပြီ။
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အကူအညီနဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်နိုင်ဖို့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒေါ်လာ သန်း ၁၀၀ ကူညီ ထောက် ပံ့ဖို့ အတည်ပြုလိုက်ကြောင်း ADB က ဒီကနေ့ ပြောပါတယ်။
တနင်္ဂနွေနေ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေမှာ အိမ်ရှင်ရုရှားနဲ့ ခရိုအေးရှားတို့ ပယ်နယ်လ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် တက်သွားကြပါတယ်။
ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက် အဖွင့်ပွဲတွေမှာ ပြင်သစ်နဲ့ ဥရုဂွေးတို့ အနိုင်ရပြီး ကွာတားဖိုင်နယ်မှာ တွေ့ကြပါပြီ။
အာဖဂန်အစိုးရဘက်က တာလီဘန်တွေနဲ့ အပစ်ရပ်ထားတာအဆုံးသတ်လိုက် ပြီ ဖြစ်ကြောင်း အာဖဂန်သမ္မတ Ashraf Ghani က ပြောလိုက်ပြီး အာဖဂန်တပ်ဖွဲ့တွေအနေနဲ့ စစ်ဆင်ရေးတွေ ပြန်စတင်နိုင်ပြီဖြစ်ကြောင်းလည်း ဒီကနေ့ စနေနေ့မှာ ပြောပါတယ်။
ရုရှားက ယူကရိန်းနိုင်ငံ ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ သူ့ပိုင်နက်ထဲ သွတ်သွင်းခဲ့တဲ့အတွက် ရုရှားအပေါ်ချမှတ်ခဲ့တဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အခု ထပ်မံ သက်တမ်းတိုးဖို့ အီးယူ ခေါင်းဆောင်တွေ သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။
၁၆ သင်းရှုံးထွက်အဆင့်မှာ အုပ်စု A ပထမ ဥရုဂွေးနဲ့ အုပ်စု B ဒုတိယ ပေါ်တူဂီ၊ အုပ်စု B ပထမ စပိန်နဲ့ အုပ်စု A ဒုတိယ အိမ်ရှင် ရုရှားတို့ တွေ့ကြပါပြီ။
ဇူလိုင်လ ၂၄ ရက် တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာတော့ နာမည်ကြီး အင်္ဂလန်အသင်းနဲ့ လက်တင်အမေရိက ကိုလမ်ဘီယာအသင်းတို့ အသီးသီးအနိုင်ရကြပါတယ်။
တနင်္ဂနွေနေ့ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေမှာတော့ နာမည်ကြီးအသင်းတွေဖြစ်တဲ့ ဂျာမနီက ရှုံးပွဲကြုံပြီး ဘရာဇီးလ် အသင်းက သရေရလဒ်ပဲ ရလိုက်ပါတယ်။
အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာ မူဆလင်တွေရဲ့ Eid al-Fitr ပွဲတော်ဆင်နွှဲနေကြတဲ့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တာလီဘန်တွေ၊ အရပ်သားတွေကြား ဝင်ရောက်ပြီး အသေခံဗုံးခွဲတိုက်ခိုက်တာကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်