ရန်ကုန်မြို့လယ် မြို့တော်ခန်းမအနီးမှာ ဒီကနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ပေါက်ကွဲမှုတခုဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့တော်ခန်းမဘေး အတားအဆီး၊ အကာအရံတွေအနားမှာ ပေါက်ကွဲတာဖြစ်ပြီး၊ ပေါက်ကွဲပြီးနောက် လူနာတင်ကားတွေ ရောက်ရှိလာတယ်လို့ ပြောပါတယ်။
၁၉၅၀ ကနေ ၁၉၅၃ အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲကြီး ရပ်ဆိုင်းမှုပွဲတော်အဖြစ် မြောက်ကိုရီးယားနိုင်ငံမှာ ဆငိနွှဲတာတွေ့ရပါတယ်။ သမ္မတကင်ဂျုံအွန်းက နယ်မြေမတည်ငြိမ်မှုတွေအတွက် အမေရိကန်နဲ့ တောင်ကိုရီးယားကို အပြစ်တင်ထားပါတယ်။
မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာငွေလဲနှုန်း ကန့်သတ်တာအပါအဝင် မကြာသေးခင်က ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေ ထွက်ပေါ်လာရာက ငွေကြေးနဲ့ စီးပွားရေးမူဝါဒတွေအပေါ် ယုံကြည်မှုတွေလည်း ကျဆင်းလာတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
ယူကရိန်းအရှေ့ဖက် ဒွန်ညက် ဒေသတွင်းက Olenivka မြို့မှာရှိတဲ့ အကျဉ်းထောင်တခု ကိုသောကြာနေ့က မစ်ဇိုင်းဒုံး ထိမှန်ခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့ ယူကရိန်းစစ်သုံးပန်းတွေ သေဆုံးခဲ့ရပြီး၊ ပစ်ခတ်မှုအတွက် ယူကရိန်းနဲ့ ရုရှားတို့ အပြန်အလှန် စွပ်စွဲကြပါတယ်။
ရုရှားကျူးကျော်စစ်တိုက်တာကို ခုခံနေရတဲ့ ယူကရိန်းကို အနောက်နိုင်ငံတွေက ခေတ်မီအဆင့်မြင့်လက်နက်တွေ ပေးအပ်နေတာပါ။ တာဝေးပစ် ဟောက်ဝစ်ဇာအမြောက်တွေနဲ့ ရုရှားပစ်မှတ်တွေကို ချိန်ရွယ်ပစ်ခတ်ဖို့ ယူကရိန်းစစ်သားတွေ လေ့ကျင့်နေကြပါတယ်။
ယူကရိန်း၊ ရုရှား၊ တူရကီနဲ့ ကုလသမဂ္ဂတို့ ပြီးခဲ့တဲ့ သောကြာနေ့ သဘောတူညီချက်အရ သီးနှံတွေတင်ပို့တဲ့ အစီအစဉ်ကို ကြည့်ရှုစစ်ဆေးဖို့ ယူကရိန်းသမ္မတ ဇလန်းစကီး ယူကရိန်းတောင်ပိုင်းက ဆိပ်ကမ်းတခုကို ဇူလိုင် ၂၉ ရက်နေ့က ရောက်လာတာဖြစ်ပါတယ်။
တစောင်ကို ၂ ဒေါ်လာတန် Mega Millions ထီ ဆုကြီး အမေရိကန်ပြည်ထောင်စုမှာ ဒီည ဖွင့်ဖို့ရှိပါတယ်။ ဒီဆုကြီးကိုပေါက်ဖို့ကတော့ ထီဂဏန်း ၆ လုံးတူရမှာပါ။ ပြီးခဲ့တဲ့ ထီဖွင့်ပွဲ ၂၉ ကြိမ်လုံးမှာ ဆုကြီးထီပေါက်သူ မရှိခဲ့လို့ အမြင့်ဆုံးဆုကြေးက ဒေါ်လာ ၁ ဘီလျံကျော်အထိ ရှိသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို စစ်အာဏာပိုင်တွေက ကွပ်မျက်လိုက်တဲ့အပေါ် ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာအကြီးတန်း သံတမန်တဦးကို ဆင့်ခေါ်ကန့်ကွက်လိုက်ပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ ကြာသပတေးနေ့က ၂ နာရီကျော်ကြာ ဆွေးနွေးရာမှာ ထိုင်ဝမ်အရေး၊ ယူကရိန်းအပေါ် ရုရှားကျုးကျော်မှုတွေနဲ့ ပတ်သက်လို့ တင်းမာမှုတွေ၊ စီးပွားရေးကိစ္စတွေကို ဆွေးနွေးကြပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတနဲ့ တောင်ကိုရီးယားသမ္မတတို့ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတက ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။
အမေရိကန်မှာ စီးပွားရေး ကပ်ဆိုက်တဲ့ အခြေအနေကို ရောက်နေကြောင်း အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ စီးပွားရေး ပညာရှင်တချို့က ပြောဆိုနေကြပေမဲ့ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစိုးရအဖွဲ့ဝင်တွေကတော့ လက်မခံကြပါဘူး။
မူးယစ်ဆေးအမှုနဲ့ တရားစွဲခံထားရတဲ့ အမေရိကန်ဘတ်စ်ကတ်ဘောကစားသမား ဘရစ်တနီဂရိုင်နာ ရုံးချိန်းတခုအတွက် ရုရှားတရားရုံးကို ဇူလိုင် ၂၇ရက် ဗုဒ္ဓဟူးနေ့က ရောက်ရှိလာတာဖြစ်ပါတယ်။ အကယ်၍သာ အပြစ်ရှိကြောင်း ထင်ရှားပါက သူမဟာ ထောင်ဒဏ် ၁၀နှစ်အထိကျခံနိုင်ဖွယ်ရှိပါတယ်။
ရုရှားနဲ့စစ်ဖြစ်နေတဲ့ နိုင်ငံအရှေ့ပိုင်းစစ်မြေပြင်ကို ယူကရိန်းစစ်တပ်က ပိုလန်လုပ် Krab (ဂဏန်း) ဟောက်ဝတ်ဇာအမြောက်တွေ ပို့ဆောင်နေတာဖြစ်ပါတယ်။
ထိုင်ဝမ်ကို ရေကြောင်းက ကျူးကျော်တိုက်ခိုက်လာမှုတွေ ကာကွယ်ရေး စစ်ရေးစွမ်းရည် စမ်းသက်မှုအဖြစ် ထိုင်ဝမ်ရေတပ် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ စစ်ရေးလေးကျင့်မှုအတွင်း ထိုင်ဝမ်သမ္မတချိုင်အင်ဝမ် စစ်သင်္ဘောတစီးပေါ်ကနေ ကြည့်ရှုခဲ့ပါတယ်။
ရာသီဥတုပူပြင်းမှုကြောင့် ကမ္ဘာ့ဒေသအသီးသီးမှာ မီးလောင်ကျွမ်းတာတွေ တွေ့နေရချိန် အမေရိကန်တောင်ပိုင်း၊ တက္ကဆက်ပြည်နယ် မြောက်ပိုင်းမှာလည်း မိုးခေါင်ပြီး မီးလောင်မှုတွေရှိနေတာ အနည်းဆုံး သတင်းပတ် ၂ ပတ်လောက် ရှိပါပြီ။
မြန်မာနိုင်ငံမှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ ၄ ဦးကိုပြီး ခဲ့တဲ့ရက်သတ္တပတ်ကုန်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက သေဒဏ်ပေးစီရင်ခဲ့တဲ့ အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့မှာ ရှုတ်ချလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၇၈ ခုမှာ Monkeypox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁ သောင်း ၈ ထောင်ကျော်ရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ်မှာ ဧရာမသဲမုန်တိုင်းကြီး ကျလာခဲ့ပြီး မြို့တွေ၊ ရွာတွေ ရုတ်ချည်းမဲမှောင်ကျခဲ့ပါတယ်။ ရုတ်တရက် အဝါရောင်သဲလုံးကြီးလိမ့်လာလို့ လူတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြတာပါ။
ဗြိတိသျှဘုရင်မကြီး နန်းသက် ၇၀ ပြည့် ပလက်တီနန်ရတုအထိမ်းအမှတ်အဖြစ် လန်ဒန်မြို့တော်က တော်ဝန်နန်းတော် ဘက်ကင်ဟမ်နန်းတော်မှာ ဇူလိုင်လ ၂၂ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့ထိ ပြခန်းတခု ဖွင့်လှစ်ထားပါတယ်။
ဥရောပမှာ ရုရှားရဲ့ ဓာတ်ငွေ့ အပေါ် မှီခိုရမှုကို လျှော့ချနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့ အသုံးပြုမှုကို ၁၅ ရာခိုင်နှုန်း လျှော့ချရေး အစီအစဉ်ကို ဥရောပသမဂ္ဂ စွမ်းအင် ဝန်ကြီးတွေ အင်္ဂါနေ့မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်