ယူကရိန်းရဲ့ ပင်လယ်နက် ဆိပ်ကမ်း ဒေသတွေမှာ အင်္ဂါနေ့က ရုရှားရဲ့ မစ်ဇိုင်း ဒုံးကျည်တွေ ထိမှန်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ပြောဆိုပါတယ်။ Mykolaiv မြို့တွင်းက ဆိပ်ကမ်း အဆောက်အအုံနဲ့ Odesa ဒေသတွင်း အပါအဝင် ဒေသ အတော်များများ တိုက်ခိုက်ခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံမှာ ရွှံ့တွေ၊ ဗွက်တွေကြား အော်ဟစ်သံတွေ၊ အားပေးသံတွေနဲ့ ကျင်းပတဲ့ ကျွဲစီးပြိုင်ပွဲကတော့ မိုးရာသီ စပါးစိုက်ချိန်ရဲ့ နိဒါန်းဖြစ်ပါတယ်။ ကမ္ဘာ့ကိုဗစ်ကပ်ဘေးကြောင့် ဒီပွဲကို ၂ နှစ်မကျင်းပနိုင်ခဲ့ဘဲ ကိုဗစ်ကပ်ဘေးလွန်မှ ပြန်ကျင်းပတာပါ။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့နဲ့အတူ နောက်ထပ် ၂ ယောက်ကို ကွပ်မျက်လိုက်တဲ့အပေါ် အမေရိကန်အစိုးရက တနင်္လာနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့လည်း မြန်မာစစ်ကောင်စီကိုတောင်းဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ Odesa ဆိပ်ကမ်းမြို့ကိုရုရှားတို့က မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပေါ် ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချထားပေမယ့် ကုန်တင်ပို့မှု လုပ်ငန်းတွေလာမဲ့ ရက်ပိုင်းအတွင်း ပြန်စမယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့မှာ ပြောပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်လောင်း တဦးဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak ရဲ့ တရုတ်နိုင်ငံ နဲ့ပတ်သက်တဲ့ ပြောဆိုချက်အပေါ်မှာ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က တရုတ်နိုင်ငံကို ပြဿနာထဲ ဆွဲမထည့်ဖို့ ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် တောင်ပိုင်း ကျောက်ဖြူခရိုင် စနဲမြို့ ရဲစခန်းမှူးကို ရခိုင်လက်နက်ကိုင်AAအဖွဲ့ဖက်က ဖမ်းဆီးသွားပြီးနောက် စနဲမြို့ ဒေသခံ ၈ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံ တွေ ကပြောပါတယ်။ ဒီအကြာင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြ ပေးပါမယ်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်မျိုးဇော်တို့ ၄ဦးကို စစ်ကောင်စီက သေဒဏ်စီရင်ပြီးစီးကြောင်း သတင်းထုတ်ပြန်အပြီး ဒီကနေ့ ဇူလိုင်လ ၂၅ရက်နေ့မှာ လူငယ်တချို့ "ငါတို့ဘယ်တော့မှ မကြောက်ဘူး" ဆိုတဲ့ စာတန်းကို ဆွဲကိုင်ရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မြို့မှာ လျှပ်တပြတ်ဆန္ဒပြခဲ့ကြပါတယ်။
သားဖြစ်သူ သေဒဏ်စီရင်ခံရကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နောက်မှာ ထောင်ထဲအထိဝင်ရောက်ပြီး ဓလေ့ထုံးတမ်းအတိုင်း လုပ်ဆောင်ပေးနိုင်ဖို့ မေးမြန်းစုံစမ်းတာမှာ ဘယ်နေ့မှာ ပြစ်ဒဏ်စီရင်ခဲ့တယ်ဆိုတာ အပါအဝင် စီရင်မှုကို ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူးလို့ ကိုဖြိုးဇေယျာသော်ရဲ့ မိခင်က ဗွီအိုအေကို ပြောပြပါတယ်။
ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်လိုက်ကြောင်း စစ်ကောင်စီရဲ့ ဒီကနေ့ ဇူလိုင်လ ၂၅ရက် ထုတ်ပြန်ချက်အပေါ် ကိုဂျင်မီနဲ့ လူဘောင်သစ်ပါတီမှာ အလုပ်အတူတွဲလုပ်ခဲ့သူ ၈၈မျိုးဆက်ကျောင်းသားခေါင်ဆောင်ဟောင်း ဦးမိုးသီးဇွန်က အခုလို တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
သီရိလကာၤ ဝန်ကြီးချုပ်ဟောင်း Ranil Wickremesinghe သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံက ဒေါ်လာ သန်းထောင်နဲ့ချီပြီး ချေးငွေ အကူအညီ ရရှိရေး ဆောင်ရွက်နိုင်မယ့် ပါတီပေါင်းစုံ ပါဝင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းမယ့် အကြောင်း ကတိပြုထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
ဖိလစ်ပိုင်နိုင်ငံ တက္ကသိုလ်ကျောင်းတခုမှာ တနင်္ဂနွေနေ့က သေနတ်သမားတဦးရဲ့ပစ်ခတ်မှုကြောင့် မြို့တော်ဝန်ဟောင်းအပါအဝင် လူ၃ ဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွ့ဲကပြောပါတယ်။ ဘွဲ့နှင်းသဘင်အခမ်းအနား မကျင်းပခင်မှာပဲ ပစ်ခတ်မှုဖြစ်ပွါးခဲ့တာပါ။
မြေထဲပင်လယ်ကို ခနော်ခနဲ့ ငါးဖမ်း သင်္ဘောနဲ့ ဖြတ်ကူးပြီး ဥရောပ ကမ်းခြေဖက်ကို ရောက်ဖို့အတွက် သွားနေကြတဲ့သူ တထောင် တရာကျော်ကို အီတလီ သင်္ဘောတွေက တွေ့ရှိကယ်ဆယ်ခဲ့ကြပါတယ်။
အမေရိကန် သမ္မတ Joe Biden ဟာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်း သူရဲ့ ဆရာဝန်က တနင်္ဂနွေနေ့က ပြောပါတယ်။ သမ္မတ အနေနဲ့ လည်ချောင်းနာနေတာ ဆက်ပြီး ခံစားနေရကာ ရောဂါလက္ခဏာတွေကတော့ ပျောက်ကင်းလာနေပြီဖြစ်ကြောင်း Dr Kevin O' Connon က သတင်းထုတ်ပြန်ပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis ကနေဒါနိုင်ငံကို တနင်္ဂနွေနေ့မှာရောက်ရှိလာပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကက်လလစ်ခရစ်ယာန်ဘုရားကျောင်းက ဦးစီးဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ ဌာနေတိုင်းရင်းသားတွေကို ပုပ်ရဟန်းမင်းကြီး လူတွေ့ တောင်းပန်မယ်လို့လည်း ခန့်မှန်းရပါတယ်။
ယူကရိန်း ဂျုံ၊ ပြောင်း နှံစားသီးနှံ ပြန်တင်ပို့နိုင်ဖို့ ရုရှားနဲ့ သဘောတူချက်ရအပြီးမှာပဲ၊ တင်ပို့နေတဲ့ ဆိပ်ကမ်းကို ရုရှားက တိုက်ခိုက်လိုက်ပါတယ်။
လုပ်ကြံခံခဲ့ရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe အတွက် နိုင်ငံတော် ဈာပန စက်တင်ဘာလမှာ လုပ်ပေးဖို့ အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။
အီရန်နိုင်ငံရဲ့ နျူးကလီယားအစီအစဉ်ဟာ မြန်မြန်ဆန်ဆန် ရှေ့တိုးဆောင်ရွက်လာနေတယ်လို့ ကုလသမဂ္ဂ နျူးကလီယားဆိုင်ရာ အကြီးအကဲက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာတော့ ဝန်ကြီးချုပ် Prayuth Chan-Ocha ကို အယုံအကြည်မရှိအဆို လွှတ်တော်မှာ ဒီနေ့စနေမဲခွဲရာမှာ အဆိုရှုံးနိမ့်သွားပြန်ပါတယ်။ ဝန်ကြီးချုပ် Prayouth ကို အယုံအကြည်မရှိအဆို လွှတ်တော်မှာ တင်သွင်းတာ ဒါအပါအဝင်ဆိုရင် လေးကြိမ်ဖြစ်ပြီး၊ လေးကြိမ်လုံးမှာ ဝန်ကြီးချုပ်ကိုဆန့်ကျင်တဲ့အဆို ရှုံးနိမ့်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ ကနေ ကမ္ဘာ့ဈေးကွက်ကို နှံစားသီးနှံ တွေ ပြန်တင်ပို့နိုင်ပြီး ဖွံံ့ဖြိုးဆဲနိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာ အခက်အခဲပြေလည် စေမယ့် သဘောတူညီချက် တရပ်ကို သောကြာနေ့က ရုရှားနဲ့ ယူကရိန်းတို့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ လက်မှတ်ရေးထိုးနိုင်ပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်