သမတဟောင် ဒေါ်နယ်ထရန့် ရဲ့ အရေးပါတဲ့ အကြံပေး အရာရှိဟောင်း နဲ့ အိမ်ဖြူတော် တာဝန်ရှိသူ အကြီးအကဲ တဦးဖြစ်ခဲ့တဲ့ Steve Bannon ကို လွှတ်တော်အပေါ် မထီမဲ့မြင်ပြုမှုနဲ့ အပြစ်ရှိကြောင်း တရားရုံး က သောကြာနေ့က အမိန့်ချမှတ်လိုက်ပါတယ်။
ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး သိပ်မနှေးသိပ်မမြန် ပျံသန်းရမယ့် လေသင်္ဘောကြီးကို စတင်မိတ်ဆက်လိုက်ပါတယ်။ သူက ခရီးသည် ၁၀၀ လောက် တင်ဆောင်နိုင်မှာပါ။ ဒီလေသင်္ဘာကြီးက ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုလည်း လုံးဝမရှိစေဖို့ လုပ်မယ်လို့ ပြောနေကြပါတယ်။
ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာက တင်ပြထားတဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း စွဲချက်နဲ့ပတ်သက်ပြီး လက်ခံကြားနာခြင်းမပြုဖို့၊ မြန်မာနိုင်ငံဖက်က ကန့်ကွက်ချက်ကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ဒီနေ့ ဇူလိုင် ၂၂ မှာ ပယ်ချလိုက်ပါတယ်။
ကိုယ်ခန္ဓာအရောင်ကြောင့် အထူးရှားပါးတဲ့ ရွှေရောင်ကျားအမကနေ သမီးလေး ၂ ကောင် ပေါက်ပါတယ်။ ဒီလိုသားပေါက်တာ ရှားရှားပါးပါးဖြစ်စဉ်ပါလို့ ဒီကျားတွေနဲ့ အနီးကပ်နေတဲ့ ကျားဂေဟာ ပိုင်ရှင်က ပြောပါတယ်။
“ငလျင်ကတော့ ရှမ်းပြည်နယ်ဘက်မှာ လှုပ်တာ၊ ငလျင်အနေနဲ့က ဘယ်ဘက်မှာ လှုပ်မလဲဆိုတာတော့ ခန့်မှန်းလို့မရတဲ့ သဘာဝဘေးထဲမှာပါတာပေါ့လေး။ အဲ့တော့ လှုပ်မှာပဲ လှုပ်တာလောက်ပေါ့နော် မြေသံလိုက်တွေပေါ့ မြေငလျင်ဖြတ်ရိုးကျောတွေရှိတဲ့ နေရာတွေကတော့ သတိထားရတာပေါ့နော် သတိပြုရတာပေါ့။”
သီရိလကာၤနိုင်ငံ မြို့တော်က အစိုးရ ဆန့်ကျင်ရေး အဓိက စခန်းကို ရာနဲ့ချီတဲ့ စစ်သားတွေနဲ့ ရဲတွေက သောကြာနေ့ အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်မဲ့ တက်ကြွလှုပ်ရှားသူတွေ စခန်းချထားတဲ့ ယာယီတဲတွေကို ရှင်းလင်းနကြောင်း AFP သတင်းထောက် တဦးက ပြောပါတယ်။
ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်လေ့ရှိတဲ့ ဆင်လိပ်ပြာတွေဟာ အရေအတွက် ကျဆင်းလာခဲ့ပြီး အခုအခါ မျိုးတုန်းပျောက်ကွယ်တော့မယ့် အန္တရယ်ရှိနေတဲ့ သတ္တဝါအဖြစ် တရားဝင် သတ်မှတ်ပြီးစောင့်ရှောက်ဖို့ လိုအပ်နေပြီလို့နိုင်ငံတကာ သဘာဝထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ IUCN က ကြာသ ပတေးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
အမေရိကန် ဒေါ်လာ တန်ဖိုးဟာ တခြားသော ကမ ္ဘာ့ငွေကြေးတွေထက် သိသိသာသာ ဈေးတက်လာပြီး ကမ ္ဘာတလွှားမှာရော အမေရိကန် နိုင်ငံတွင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ်စေပါတယ်။ Rob Garver ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ထိုင်းနိုင်ငံ အလယ်ပိုင်း ချွန်ဘူရီပြည်နယ် အတွင်းက ရေခဲစက်ရုံမှာ အလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမား၂ဦး စီးလာတဲ့ကားဟာ ဇူလိုင်လ၂၁ရက်နေ့က လမ်းဘေးက ရေစီးသန်တဲ့ ရေမြောင်းထဲ ထိုးကျသွားတာကြောင့် မြန်မာအလုပ်သမား၂ဦးပျောက်ဆုံနေပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံထဲ ဒေါ်လာငွေလဲနှုန်းတွေ ရုတ်တရက်တက်သွားတာမို့ ပုံမှန်သုံးပစ္စည်းတွေ ပိုဈေးတက် ပြတ်လတ်လာမှာကို လူအများစိုးရိမ်လာနေတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ ဆောင်းတွင်းကာလ အိမ်တွေကို အနွေးဓာတ်ပေးဖို့၊ လ ျှပ်စစ်ဓာတ်အားထုတ်ယူဖို့နဲ့ စက်ရုံအလုပ်ရုံတွေလည်ပတ်ဖို့သုံးနေကြတဲ့ သဘာဝဓာတ်ငွေ့ကို ရုရှားနိုင်ငံက ဖြတ်တောက်လာနိုင်ခြေရှိနေတဲ့အပေါ် EU ကကြိုတင်ပြင်ဆင်နေပါတယ်။
ယူကရိန်း သမ္မတကတော် Olena Zelenska က ရုရှားကျူးကျော်စစ်ကြောင့် သေကျေထိခိုက်သူတွေရဲ့ ပုံတွေကို အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ ပြသလိုက်ပြီး၊ ရုရှားရဲ့ မစ်ဇိုင်းဒုံး တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်အောင် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပိုမိုပေးအပ်ဖို့လည်း စိတ်ခံစားချက်အပြည့်နဲ့ တောင်းခံခဲ့ပါတယ်။
ရုရှားကျူးကျော်စစ်ကိုခုခံနေတဲ့ ယူကရိန်းနိုင်ငံ မြောက်ပိုင်း စစ်မြေပြင်တခုမှာ ယူကရိန်းတပ်တွေက အမေရိကန်ထောက်ပံ့ထားတဲ့ M777 ဟောက်ဝတ်ဇာအမြောက်တွေနဲ့ ပစ်ခတ်နေတာဖြစ်ပါတယ်။
မြန်မာစစ်တပ်ဘက်က မြေမြုပ်မိုင်း အကြီးအကျယ်အသုံးပြုနေတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးက ပြောပါတယ်။ ကယားပြည်နယ်အတွင်း လူနေအိမ်တွေ လယ်ကွင်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေပါမချန် မိုင်းထောင်ထားတွေကို ကိုယ်တိုင်ကြုံခဲ့သူတွေနဲ့ လူတွေ့မေးမြန်းပြီး အခုလိုထုတ်ပြန်တာပါ။
ဇူလိုင်လ ၁၉ ရက် အင်္ဂါနေ့က အိမ်ဖြူတော်ကို ရောက်လာတဲ့ ယူကရိန်းသမ္မတကတော် အိုလေနာဇလန်စကာကို သမ္မတဂျိုးဘိုင်ဒန်ကိုယ်တိုင် ပန်းစည်းပေးအပ်ကြိုဆိုခဲ့တာပါ။ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ယူကရိန်း သမ္မတကတော်ဟာ အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။
ပြင်သစ် TOTAL စွမ်းအင် ကုမ္ပဏီကြီးရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံကနေ ဒီနေ့ကစ ပြန်လည်ရုပ်သိမ်းသွားပါပြီ။ မြန်မာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်အရ အခုလို ရုပ်သိမ်းဖို့ လွန်ခဲ့တဲ့ ၆လကတည်းက ကြိုတင်အသိပေးထားခဲ့တာပါ။
ကယားပြည်နယ် မှာ ကျေးရွာ ၂၀ ထက်မနည်း မြန်မာတပ်က မြေမြှုပ်မိုင်းအသုံးပြုခဲ့ပြီး၊ လူ ၂၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ AI အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကလေးငယ်တွေအပါအဝင် နောက်ထပ်လူများစွာ ဒဏ်ရာတွေရခဲ့ကြပြီး၊ စစ်ဘေးရှောင်တွေ နေအိပ်ပြန် ပုံမှန်အလုပ်တွေပြန်လုပ်ဖို့ပါ အခက်အခဲဖြစ်စေနိုင်တယ်လို့ AI အဖွဲ့က ပြောပါတယ်။
မြန်မာ နိုင်ငံ က ထွက်ခွါဖို့ Ooredoo ကုမ္ပဏီ က ဆွေးနွေးနေပြီ လို့ သတင်း အရင်းအမြစ် ၂ ခု ကို ကိုးကားပြီး ရိုက်တာ သတင်းဌာန က ပြောပါတယ်။ဝယ်ယူဖို့ အလားအလာ ရှိတဲ့ သူတွေ ထဲမှာ ရွှေသံလွင် ဦးကျော်ဝင်း ပိုင်တဲ့ Skyet နဲ့ စင်္ကာပူ အခြေစိုက် Young Investment Group တို့ ပါဝင်ကြပါတယ်။
ပြင်သစ်နိုင်ငံက စွမ်းအင်လုပ်ငန်ကြီးဖြစ်တဲ့ TotalEnergies ဟာ ဇူလိုင်လ ၂၀ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံက ထွက်ခွာဖို့ စီစဉ်ထားတဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိုးရိမ်နေပါတယ်။
ကွန်ပြူတာတွေနဲ့ ပစ္စည်း ကိရိယာတွေ ပြန်လည် အသုံးပြုနိုင်ရေး အတွက် ဆေးရုံက ပြန်ပေးငွေ အဖြစ် ဒေါ်လာ ၁ သိန်းကို ဒီဂျစ်တယ် ငွေကြေး Bitcoin နဲ့ ပေးအပ်ခဲ့ပြီး ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ကိုလည်း အကြောင်းကြားခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်