ရုရှား သမ္မတ Vladimir Putin နဲ့ အီရန် ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei တို့ အီရန်နိုင်ငံ မြို့တော် Tehran မှာ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပြီး ဒါဟာဆိုရင် နှစ်နိုင်ငံကြား ပိုပြီး ရင်းနှီးလာတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အခြေအနေတွေကြောင့် လူမှောင်ခိုမှု အန္တရာယ်ရှိနေသလို၊ တိုက်ဖျက်ရေးမှာ အားနည်းချက်တွေ ရှိနေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံတွေမှာ အမေရိကန်နိုင်ငံသားတွေ မတရားဖမ်းဆီးခံရမှုကနေ ဟန့်တားနိုင်ဖို့ ရည်ရွယ်တဲ့ အမိန့်တရပ်ကို သမ္မတ ဂျိုးဘိုင်ဒင် အင်္ဂါနေ့မှာပဲ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန်ကိုရောက်နေတဲ့ ယူကရိန်းသမ္မတကတော် အိုလေနာဇလန်စကာဟာ ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ အမေရိကန်သမ္မတကတော် ဂျေးလ်ဘိုင်ဒန်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်စစ်စခဲ့ပြီး ၅ လအကြာမှာ အခုလို ယူကရိန်းသမ္မတကတော် အမေရိကန်ကို လာရောက်တာပါ။
ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုတဲ့အနေနဲ့ ၂၀၂၂ခုနှစ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ မနက် ၁၀နာရီ ၃၇မိနစ်အချိန် ရန်ကုန်မြို့မှာ ကြားရတဲ့ကားဟွန်းသံတွေဖြစ်ပါတယ်။
နိုင်ငံစီးပွားရေးပြိုပျက်ပြီး စားသောက်ကုန်ဈေးတွေ အဆမတန်တက်၊ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ လက်ရှိယာယီသမ္မတက လူထုအုံကြွမှုကို ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ ညမထွက်အမိန့်နဲ့ လူတွေကို ရှင်းလင်းထားပြီး မနက်လင်းတာနဲ့ ဆီဆိုင်မှာ ဓာတ်စီဝယ်ဖို့ တန်းအရှည်ကြီးစီနေတာ တွေ့ရပါပြီ။
အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်တခုမှာ အင်ဂျင်နီယာအမျိုးသားတဦးက ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းအောင် နည်းလမ်းရှာပြီး အစားထိုးလောင်စာနဲ့ ကားမောင်းပါတယ်။ အခုလက်ရှိ ကမ္ဘာမှာ လောင်စာဆီဈေးကလည်း တက်နေချိန် သူ့နည်းလမ်းက စရိတ်စကလည်း သက်သာစေတာ ဖြစ်ပါတယ်။
ကြန့်ကြာနေတဲ့ ထိုင်း-လာအို-တရုတ် ၃ နိုင်ငံပေါက်မယ့် မြန်နှုန်းမြင့် ရထားလမ်းတည်ဆောက်ရေး စီမံကိန်းကို ၆ နှစ် အတွင်းအပြီးသတ်မယ်လို့ ထိုင်းအစိုးရက ကတိပေးလိုက်တာကြောင့် ဒေါ်လာ ၁၂ ဘီလီယံကုန်ကျမယ့် ဒီစီမံကိန်း အတွက် ငွေအကြေပေးနိုင် မပေးနိုင် သံသယဝင်လာနေကြပါတယ်။
စီးပွားရေးကျဆင်းပြီး ငွေကြေး အကြပ်အတည်းကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတနုတ်ထွက်ပေးဖို့ တောင်းဆိုကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေ တနင်္ဂနွေနေ့မှာ ရက် ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပြီး သူတို့ တောင်းဆိုမှုကြောင့် သမ္မတ Gotabaya Rajapaksa နုတ်ထွက်သွားပြီ ဖြစ်သလို နောက် သမ္မတသစ်ကို ရွေးချယ်ဖို့ပါ လုပ်နေပါတယ်။
တရုတ်နိုင်ငံ အနောက် တောင်ပိုင်းနဲ့ အနောက် မြောက်ပိုင်းမှာ ရုတ်တရက် ရေကြီးတာတွေကြောင့် အနည်းဆုံး တဒါဇင် သေဆုံးပြီး ထောင်ချီ ထိခိုက်ရကြောင်း နိုင်ငံပိုင် မီဒီယာက တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။ စနေနေ့ထိ လူပေါင်း ၁၃၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရကြောင်းလည်း ဖော်ပြပါတယ်။
ဥရောပတလွှား အပူချိန် မြင့်တက်လာတာကြောင့် အာဏာပိုင်တွေက သတိပေးနေကြချိန်မှာ စနေနေ့က စပိန်မှာ တောမီးလောင်ခဲ့တဲ့အတွက် လူထောင်ပေါင်းများစွာကို နေအိမ်တွေကနေ ရွှေ့ပြောင်းပေးခဲ့ကြရပါတယ်။
သီရိလင်္ကာရဲ့ လူထုလှုပ်ရှားမှုဟာ တနင်္ဂနွေနေ့မှာ ရက် ၁၀၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ သမ္မတတစ်ယောက် ထွက်သွားခဲ့ရပြီး၊ ယခုအခါမှာ သမ္မတအသစ်အပေါ် စောင့်ကြည့်နေကြပါပြီ။
အိန္ဒိယနိုင်ငံမှာ နေ့စဉ် ကိုဗစ်ရောဂါကူးစက်မှုတွေ လေးလအတွင်း အမြင့်ဆုံးကို ရောက်နေချိန်မှာ အစိုးရက ကိုဗစ်တားဆီးရေး ဆောင်ရွက်မှုတွေအပေါ် ကာကွယ်ပြောဆိုနေပါတယ်။
ဆာဘီးယားနိုင်ငံက စစ်လက်နက်ခဲယမ်းမီးကျောက်တွေ တင်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားနေတဲ့ ယူကရိန်းကုန်တင်လေယာဉ်ဟာ ဂရိနိုင်ငံမြောက်ပိုင်းမှာ မနေ့ စနေနေ့ညက ပျက်ကျသွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေဖြစ်အောင် ရန်စနေတယ်လို့ အီရန်နိုင်ငံဘက်က ဒီနေ့ စွပ်စွဲလိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံ လွှတ်တော်မှာ သမ္မတအသစ် ရွေးချယ်တဲ့ လုပ်ငန်းစဉ်ကို ဇူလိုင် ၁၆ ရက် စနေနေ့မှာ စတင်လိုက်ပါပြီ။
ယူကရိန်းအရှေ့ပိုင်း Donbas ဒေသမှာ စနေနေ့က ရုရှားနဲ့ ယူကရိန်းတပ်တွေကြား အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြသလို ယူကရိန်းမြို့ကြီး အတော်များများမှာ ရုရှားရဲ့ မစ်ဇိုင်းဒုံး ပေါက်ကွဲမှုတွေ ကြောင့် လူနေ အဆောက်အဦးတွေပါ ပျက်စီးခဲ့ရပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဆော်ဒီအာရေဗျမှာ အာရပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ ထိတွေ့ဆက်ဆံမှုဟာ အီရန်ရဲ့ ရန်ကိုတန်ပြန်ဖို့ဖြစ်သလို တရုတ်နဲ့ ရုရှားတို့နဲ့ မဟာဗျူဟာ ယှဉ်ပြိုင်မှုမှာလည်း အမေရိကန် သြဇာပြန်ကြီးလာအောင် လုပ်မှာဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက အကူအညီပေးခဲ့တဲ့ ဒုံးစနစ်တွေကြောင့် ရုရှားကျူးကျော်စစ်ကို ခုခံရာမှာ အတော်လေး ထိရောက်နေတယ်လို့ အမေရိကန်ရော ယူကရိန်း တာဝန်ရှိသူတွေကပါ ပြောဆိုကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်