အမေရိကန်သမ္မတ Joe Biden ရဲ့ ပထမဆုံး အရှေ့အလယ်ပိုင်းခရီးစဉ် နောက်ဆုံးအပိုင်းမှာ အာရပ်ခေါင်းဆောင်တွေနဲ့ စုမတွေ့ခင် အီရတ်ယာယီဝန်ကြီးချုပ်နဲ့ ဒီနေ့တွေ့ခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တာ၊ ခိုင်လုံတဲ့ အထောက်အထား မပြနိုင်တာတွေကြောင့် လူကုန်ကူးခံရသူတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဇူလိုင်လ (၁၆) ရက်နေ့မှာ ရနောင်း-ကော့သောင်း နယ်စပ်ကနေတဆင့် ပြန်ပို့လိုက်ပါတယ်။
အမေရိကန်အစိုးရ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ (DEA) အရာရှိတဦးကို သတ်ဖြတ်မှုနဲ့ တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုအတွက် အမေရိကန်က အလိုရှိနေတဲ့ မက်ဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင် Caro Quintero ကို မက်ဆီကိုတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။
ဆော်ဒီဘုရင် Salman ရဲ့ အရိုက်အရာကို ဆက်ခံရမယ့် အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ သောကြာနေ့က ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သူဟာ ဆော်ဒီသတင်းသမား Jamal Khashoggi အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လာမယ့်ရက်တွေအတွင်း ပြင်သစ်၊ ပေါ်တူဂီနဲ့ စပိန်နိုင်ငံတွေမှာ ပြင်းထန်တဲ့အပူလှိုင်းနဲ့ တောမီး ဆိုးဆိုးဝါးဝါး လောင်ကျွမ်းပြီး ဥရောပ တချို့ဒေသတွေကိုပါ ပျံ့နှံသွားဖို့ ရှိတယ်လို့ ကုလသမဂ္ဂမိုးလေဝဿအဖွဲ့ WMO က ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ အရှေ့အလယ်ပိုင်း ၄ရက်တာ ခရီးစဉ်နောက်ဆုံးအစီအစဉ်အနေနဲ့ ဇူလိုင်လ ၁၅ရက်နေ့က ဆော်ဒီအာရေဘီးယားနိုင်ငံ ဂျက်ဒါမြို့ကို ရောက်ရှိပြီး ဆော်ဒီဘုရင်အက်ဒူလာနဲ့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလမန်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်သမ္မတဘိုင်ဒန်ဟာ အစ္စရေး Ben Gurion လေဆိပ်မှာ နှုတ်ဆက်ပွဲကို တက်ရောက်ပြီး ဆော်ဒီအာရေဗျကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။ အကျဉ်းရုံးကျင်းပတဲ့ ဒီပွဲကို အစ္စရေးဝန်ကြီးချုပ် ရာရဲ့လာပစ်ဒ်နဲ့ သမ္မတအိုင်စက်ဟာဇော့ဂ်တို့လည်း တက်ရောက်နှုတ်ဆက်ခဲ့ပါတယ်။
အိုင်ရောနစ် ဖိုက် Ioniq 5 ခရော့စ်အိုဗာ လျှပ်စစ်ကားမကြီးမသေး ဒီဇိုင်းလှလှလေးကြောင့် သူတို့ကုမ္ပဏီထုတ်လျှပ်စစ်ကားကို လူတွေစိတ်ဝင်စားမှုပိုရလာတဲ့အချိန်မှာ ဟွန်ဒေးမော်တော်ကားထုတ်လုပ်ရေးက အခုနောက်ထပ် လျှပ်စစ်ကားအနိမ့်တစီး ထုတ်လိုက်ပါတယ်။
ထိုင်းနိုင်ငံ နခွန်နရွတ်ပြည်နယ်က ခေါင်ရိုင်းအမျိုးသားဥယျာဉ်မှာ လူလုပ် ရေဆင်းကျင်းထဲ ဆင်ပေါက်လေး ကျသွားခဲ့ပြီးနောက် ဆင်မိခင်ရော၊ သားလေးကိုပါ ဥယာဉ်တာဝန်ရှိသူတွေ၊ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေ ဝိုင်းဝန်းကယ်တင်ခဲ့ကြရပါတယ်။ အောင်အောင်မြင်မြင်ကယ်တင်ခဲ့နိုင်ပြီး သူတို့ကို ဘေးမဲ့တောထဲ ပြန်လွှတ်ပေးလိုက်ပါပြီ။
James Webb အာကာသ အဝေးကြည့်မှန်ပြောင်းကရရှိတဲ့ ပထမဦးဆုံး ရောင်စုံပုံတွေကို ဇူလိုင်လ ၁၁ ရက်နေ့က အိမ်ဖြူတော်မှာ သမ္မတဘိုင်ဒင်က ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံရိပ်တွေက မှန်ပြောင်းကြီးရဲ့ ပထမဆုံး ရောင်စုံပုံတွေ ဖြစ်ရုံမက၊ အဝေး စင်္ကြာဝဠာရဲ့ အနက်ရှိုင်း၊ အပြတ်သားဆုံးပုံတွေဖြစ်လို့ လူအများစိတ်ဝင်စားတာခံခဲ့ရပါတယ်။
သီရိလင်္ကာနိုင်ငံမှာ နိုင်ငံစီးပွားပျက်ပြီး လုပ်ငန်းတွေရပ်နားထားရ၊ လောင်စာပြတ်လပ်၊ စားသောက်ကုန်ရှားပါးမှုတွေ ကြုံနေရလို့ လူထုအုံကြွမှုတွေ ဖြစ်ပေါ်နေပြီး ပြည်ပထွက်ပြေးတိမ်းရှောင်သွားတဲ့ သမ္မတနေရာ ယာယီတာဝန်ယူထားတဲ့ ဝန်ကြီးချုပ်ကိုလည်း လူထုက နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာပါ။
မြန်မာစစ်ကောင်စီနဲ့ ရုရှား နျူကလီယားစွမ်းအင်ကော်ပိုရေးရှင်းတို့ကြား နျူကလီယားစွမ်းအင်ဆိုင်ရာစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း အခုလို လက်မှတ် ထိုးခဲ့တာပါ။
စပိန်နိုင်ငံ ဆန်ဖာမင်းမြို့မှာ နှစ်စဉ်ကျင်းပနေကြ နွားရိုင်းသတ်ပွဲကို ဇူလိုင် ၇ ရက်ကနေ ၁၄ ရက်နေ့ထိ ကျင်းပနေပါတယ်။ နွားရိုင်းတွေကို ခြံထဲက လွှတ်လိုက်တာနဲ့ လူတွေအများကြီး နွားရိုင်းတွေနဲ့ ပြေးကြတာဖြစ်ပြီး နေ့စဉ် နွားရိုင်းဝှေ့ခံရတာ၊ ပြုတ်ကျ တက်နင်းမိတာနဲ့ ဆေးရုံရောက်ကြရပါတယ်။
ပါကစ္စတန်နိုင်ငံမှာ သရက်ခြံစိုက်သူတွေ သရက်သီးအထွက်နည်းလို့ ညည်းနေကြပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ဥတုရာသီပြောင်းလဲမှုဒဏ်ကို အခံရဆုံးနိုင်ငံတနိုင်ငံဖြစ်ပြီး အပူချိန်မြင့်တက်တာရယ်၊ ရေရှားပါးတာရယ်ကြောင့် တချို့ဒေသတွေမှာ သရက်သီးထွက်နှုန်းက ၄၀% လောက်ထိ ကျဆင်းသွားပါတယ်။
ကွယ်လွန်သူ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဘုရားကျောင်းကနေ ဈာပနအခမ်းအနားကျင်းပမယ့် နာရေးခန်းမထိ သယ်ဆောင်တဲ့ လမ်းတလျှောက် ထောင်နဲ့ချီတဲ့ ပြည်သူတွေ နောက်ဆုံး ဂါရဝပြု နှုတ်ဆက်ကြပါတယ်။
ကမ္ဘာ့လူဦးရေဟာလာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ သန်း ၈ ထောင်ပြည့်မယ်လို့ တွက်ချက်ထားကြောင်း ဇူလိုင်လ ၁၁ ရက်နေ့မှာကျရောက်တဲ့ကမ္ဘာ့လူဦးရေနေ့မှာ ကုလသမဂ္ဂကထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ်လူဦးရေအစီရင်ခံစာထဲမှာဖေါ်ပြထားပါတယ်။
ကိုဗစ်ကပ်ဘေးကအစ တရုတ်နိုင်ငံကအကြွေးတွေ ပြန်မဆပ်နိုင်တာအဆုံး အကြောင်းရပ်မျိုးစုံနဲ့ နိုင်ငံမှာ အစားအသောက်နဲ့ လောင်စာပြတ်လပ်ပြီး နိုင်ငံစီးပွားရေးပြိုကျရတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတနဲ့ ဝန်ကြီးချုပ်ရာထူးက ဆင်းပေးဖို့ သဘောတူလိုက်ရပါတယ်။ ဒေါသထွက်နေကြသူတွေ အများကြီး သမ္မတ အိမ်တော်ကို ဝင်ရောက်ခဲ့ကြတာပါ။
သီရိလင်္ကာသမ္မတနဲ့ ဝန်ကြီးချုပ်တို့ ရာထူးက နုတ်ထွက်တဲ့ အချိန်ထိ မြို့တော်ကိုလံဘိုမှာရှိတဲ့ သမ္မတအိမ်တော်နဲ့ ဝန်ကြီးချုပ် နေအိမ်တွေကို ဆက်လက်သိမ်းပိုက်ထားမယ်လို့ ဆန္ဒပြသူတွေက တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayut Chan-ocha နဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ သွားရောက်တွေ့ဆုံခဲ့ ပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်း Chasiv Yar မြို့ (၅) ထပ် အဆောက်အအုံတခုကို တနင်္ဂနွေနေ့မှာ ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အနည်းဆုံး လူ (၆) ဦးသေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်