နှစ်စဉ် ဟိန္ဒူဘုရားဖူးတွေ လာရောက်တဲ့ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ သောကြာနေ့က ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက်ကြောင့် ရေကြီးရေလျှံပြီး အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ရပါတယ်။
စနေနေ့က ကိုလံဘိုမြို့တော်မှာရှိတဲ့ သမ္မတအိမ်တော်ကို ထောင်နဲ့ချီတဲ့ ဆန္ဒပြသူဝင်ရောက်စီးနင်းခဲ့ကြသလို၊ ဝန်ကြီးချုပ်အိမ်ကိုလည်း မီးရှို့ခဲ့ကြပြီးနောက် သမ္မတက ရာထူးကထွက်ပေးဖဖို့ လက်ခံလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အမေရိကန်ပြည်သူတွေကိုယ်စား သမ္မတ Joe Biden က စိတ်မကောင်းကြောင်း ဒီနေ့ စနေနေ့မှာ ဖုန်းနဲ့ဆက်သွယ်ပြောကြားခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ပြောကြားပါတယ်။
အမေရိကန် နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း G20 အစည်းအဝေးပြင်ပမှာ (၅) နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ အမေရိကန်နဲ့တရုတ်ရဲ့ ဆက်ဆံရေးဟာ အကျိုးသက်ရောက်မှုကြီးမားတဲ့ ဆက်ဆံရေးဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးအကြပ်အတည်းတွေ ဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ ဒီကနေ့စနေနေ့မှာပဲ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေက သမ္မတကို ရာထူးကနှုတ်ထွက်ပေးဖို့တောင်းဆိုကြပြီး၊ သမတအိမ်တော်ဝင်းအတွင်း ချိုးဖျက်ဝင်ရောက်ခဲ့ကြပါတယ်။
Twitter လူမှုကွန်ရက်ကို ဒေါ်လာ (၄၄) ဘီလျံနဲ့ဝယ်ယူဖို့ သဘောတူထားချက်ကို ဖျက်လိုက်တဲ့အတွက် Tesla ကုမ္ပဏီ CEO Elon Musk ကို တရားစွဲမယ်လို့ Twitter ကုမ္ပဏီက ပြောပါတယ်။
ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ သောကြာနေ့က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး မိန်ခွန်းပြောနေစဉ် ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ဝမ်းနည်းတုံလှုပ်ကြောင်း ပြောဆိုကြပါတယ်။ ကြေကွဲစရာပါလို့လည်း အမေရိကန်သမ္မတ Joe Biden က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။
ယူကရိန်းအရှေ့ပိုင်း Donbas နဲ့ တခြားနေရာတွေမှာ တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေကို၊ ပစ်မှတ်ထား၊ ဟန့်တားဖျက်ဆီးနိုင်ဖို့ ရည်ရွယ်ပြီး အမေရိကန်က ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီတွေ ပေးမယ့်အကြောင်း ကြေညာလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ဒီကနေ့ ဇူလိုင်လ ၈ရက် နိုင်ငံတောင်ပိုင်း နာရာမြို့ မီးရထားဘူတာရုံတခုအပြင်မှာ အထက်လွှတ်တော်အမတ်နေရာ ဝင်ပြိုင်မယ့်သူတယောက်အတွက် မဲဆွယ်စည်းရုံးနေစဉ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကမ္ဘာအရပ်ရပ်က အစ္စလာမ်ဘာသာဝင် Hajj ဘုရားဖူးသူ တသန်းလောက်နဲ့ စည်ကားနေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် မက္ကာမြို့မှာ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ၂ နှစ်ကြာချမှတ်ခဲ့ပြီးနောက်ပိုင်း တနှစ်တခါကျင်းပတဲ့ မက္ကာ ဘုရားဖူးပွဲတော်က ခုလိုပြန်ပြီး စည်းကားလာတာပါ။
မက္ကဆီကိုနိုင်ငံက မြို့လေးတမြို့ရဲ့ မြို့တော်ဝန်တဦးဟာ ဇွန်လ ၃၀ရက်နေ့က မိချောင်းတကောင်ကို အစဉ်အလာအခမ်းအနားကျင်းပပြီး လက်ထပ်ယူခဲ့ပါတယ်။ ဆန်ပေဒရိုဟွာမေလူလာမြို့တော်ဝန် ဗစ်တာဟူဂိုဆိုဆာဟာ မင်္ဂလာဆောင်အခမ်းအနားအတွင်း ကြိုးနဲ့စည်းထားတဲ့ မိချောင်းရဲ့ နှာခေါင်းကို သူရဲ့ နှုတ်ခမ်းနဲ့ နမ်းရှုံ့ခဲ့ပါသေးတယ်။
တရုတ်အစိုးရက သူ့ပိုင်နက်ဖြစ်တယ်လို့ ပြောထားတဲ့ ထိုင်ဝမ်မှာ ကိုယ်တိုင်ဒီဇိုင်းဆွဲ၊ ကိုယ်တိုင်ထုတ် လေ့ကျင့်ရေးတိုက်လေယာဉ်သစ်ကို ဇူလိုင် ၆ ရက်နေ့က ထုတ်ပြလိုက်ပါတယ်။ ထိုင်ဝမ်အစိုးရရဲ့ အာကာသနည်းပညာကော်ပိုရေးရှင်းထုတ်လုပ်တာဖြစ်ပြီး ၂၀၂၀ ခုနှစ်ကစလို့ စမ်းသပ်ပျံသန်းနေခဲ့တာပါ။
အမေရိကန်ပြည်ထောင်စု Chicago မြို့မှာ လွတ်လပ်ရေးနေ့က ၇ ဦးထက်မနည်းသေဆုံးအောင် ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို အာမခံ မပေးဖို့ တရားသူကြီးကို လျှောက်ထားမယ်လု့ိ ထိပ်တန်းအစိုးရရှေ့နေက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ နှစ် ၂၀ ကျော်ကာလအတွင်း အဆိုးဆုံး ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်နေရပြီး နေရာတကာ ဈေးတွေမြင့်တက်နေပါတယ်။ တောင်ကိုရီးယားမှာ နေထိုင်စရိတ်က အရင်နှစ် ဇွန်လနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ ၇.၄% တက်သွားတာပါ။
အမေရိကန် ချီကာဂိုမြို့ ဆင်ခြေဖုံးက Highland Park ရပ်ကွက်မှာ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ အခမ်းအနားက ပစ်ခတ်မှုမှာ သေနတ်သမားဟာ အချက် ၇၀ ကျော် ပစ်ခတ်ခဲ့ပြီး ထိတ်လန့်တကြား ထွက်ပြေးသူတွေထဲမှာ အမျိုးသမီးလို ဝတ်ဆင်ပြီး ထွက်ပြေးခဲ့ကြောင်း အင်္ဂါနေ့မှာ ရဲက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ၂ ကြိမ် ဆွေးနွေးဖို့ ရှိနေတာမှာ ပထမ ဆွေးနွေးပွဲမှာတော့ နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးထားမယ့်ပုံ ရပြီး ဒုတိယ ဆွေးနွေးပွဲမှာတော့ နိုင်ငံတကာ ကိစ္စတွေကို ဆွေးနွေးမယ့် အနေအထားရှိကြောင်း သံတမန် သတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ အင်္ဂါနေ့မှာ ထိုင်းနိုင်ငံကို ခရီးဆက်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ရော ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နဲ့ပါ ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်