အမေရိကန် နယ်စပ်လုံခြုံရေး အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ဂွာတီမာလာ ကလေးတဦး ထပ်မံ သေဆုံးသွားတဲ့အတွက် အကြောင်းရင်းကို သိနိုင်အောင် စုံစမ်းဖော်ထုတ်ဖို့ လွှတ်တော်အမတ်တဦး အပါအဝင် တိုက်တွန်းမှုတွေ ထွက်ပေါ်လာပါတယ်။
ဂျပန်နိုင်ငံက ရှေ့နှစ်ထဲ စီးပွားဖြစ် ဝေလငါးဖမ်းဆီးမှုတွေ ပြန်လည်စတင်မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လာမယ့် တနင်္ဂနွေနေ့ ကျင်းပမယ့် အခြေအတင် အငြင်းပွါးဖွယ်ဖြစ်နေတဲ့ ရွေးကောက်ပွဲကာလ အတွင်း Cox’s Bazar ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ၃ ရက်ကြာ အဝင်အထွက် ပိတ်ထားမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေက တနင်္လာနေ့က ပြောပါတယ်။
အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်ရေးအတွက် သူတောင်းထားတဲ့ ဘတ်ဂျက် မရမချင်း အစိုးရယန္တရား လည်ပတ်မှုတချို့ ဆက်လက် ရပ်ဆိုင်းထားမယ်လို့ သမ္မတ Donald Trump က အင်္ဂါနေ့မှာ ပြောကြားလိုက်တဲ့အတွက် အစိုးရယန္တရား ရပ်ဆိုင်းထားရမှုတွေ အဆုံးသတ်မယ့်အရေးနဲ့ အလှမ်းကွာဝေးနေဆဲ ဖြစ်ပါတယ်။
အမေရိကန် နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေ ထိန်းသိမ်းထားတဲ့ ဂွာတီမာလာ ကလေးငယ် နောက်တဦး ထပ်မံသေဆုံးခဲ့ရပါတယ်။
ကမ္ဘာပေါ်က လူပုဂ္ဂိုလ်တွေ၊ နိုင်ငံတွေ၊ ယဉ်ကျေးမှုတွေကြား တဦးနဲ့တဦး ရိုင်းပင်းကူညီကြဖို့ဆုတောင်းတယ်လို့ ပုပ်ရဟန်းမင်းကြီးက Christmas နေ့ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Sunda ရေလက်ကြားတဖက်တချက်မှာ စနေနေ့က ဆူနာမီဒီလှိုင်းကြီးတွေရိုက်ခတ်ခံရမှုကြောင့် သေဆုံးသူ ၄၂၉ ယောက်ရှိသွားပြီလို့ အင်ဒိုနီးရှား သဘာဝဘေးဒဏ်ကူညီကယ်ဆယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာ အမေရိကန်အစိုးရ ယန္တရားတချို့ အနည်းဆုံး ကြာသပတေးနေ့အထိ ပိတ်ထားရမယ့် အခြေအနေကနေ သီတင်းပတ် အနည်းငယ်ကြာတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဒီသတင်းထောက် ၂ ဦးဟာ မြန်မာအတွက် ဘယ်လိုအန္တရာယ်မှ မပေးခဲ့ပဲ သူတို့အလုပ်တာဝန်ကို ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြောင်းနဲ့ သူတို့လို သတင်းထောက်တွေ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်တာတွေကို အမှန်အတိုင်း သတင်းတင်ပြခွင့်မရရင် မြန်မာမှာ ဒီမိုကရေစီသိပ်မရှိပဲ လွတ်လပ်ခွင့်နည်းပါးတဲ့ နိုင်ငံဖြစ်သွားမယ်လို့ထောက်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Sunda ရေလက်ကြားတဖက်တချက်မှာ ဆူနာမီဒဏ်ကြောင့် သေဆုံးသူ တနင်္လာနေ့မှာ ၃၇၃ ယောက်ရှိတဲ့အချိန်မှာဘဲ ကယ်ဆယ် ကူညီရေးလုပ်ငန်းတွေအတွက် အင်ဒိုနီးရှားအစိုးရ လိုအပ်တဲ့ အကူအညီတွေကို ပေးသွားဖို့ အဆင်သင့်ရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Sunda ရေလက်ကြားတဖက်တချက်မှာ ဆူနာမီဒဏ်ကြောင့် သေဆုံးသူ တနင်္လာနေ့မှာ ၃၇၃ ယောက်ရှိသွားပြီလို့ သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးတာဝန်ရှိသူတွေက ပြောပါတယ်။
မလေးရှားနိုင်ငံ ပီနန်ကျွန်းအရှေ့မြောက်ပိုင်းက George Town မြို့မှာ တနင်္ဂနွေနေ့က မြန်မာအမျိုးသားတဦးဟာ သူနဲ့တအိမ်ထဲ ငှါးရမ်းနေထိုင်သူ တဦးနဲ့ ရန်ဖြစ်ရာကနေ ဓါးနဲ့ထိုးခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ဂျော့ရှ်တောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပိဋက ၃ ပုံဆိုင်ရာ ညီလာခံကို တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမားက အိန္ဒိယနိုင်ငံ၊ Bihar ပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာမှာ ဒီဇင်ဘာ ၂၂ ရက်၊ စနေနေ့ ဖွင့်လှစ်ပေးလိုက်ပါတယ်။
ရာထူးက အနားယူသွားတဲ့ ကာကွယ်ရေးဝန်ကြီး Jim Mattis နေရာမှာ လက်ထောက် ကာကွယ်ရေးဝန်ကြီး Patrick Shanahan ကို ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ယာယီ အစားထိုး ခန့်အပ်သွားမယ်လို့ သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
ဆီးရီးယားကနေပြီးတော့ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်ဖို့အတွက် သမ္မတ Trump ရဲ့ ရုပ်ခြည်းဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ IS နှိမ်နှင်းရေး နိုင်ငံတကာညွှန့်ပေါင်းအဖွဲ့ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Brett McGurk ရာထူးကနေ နုတ်ထွက်သွားပါတယ်။
အင်ဒိုးနီးရှားဒေသစံချိန် စနေနေ့ နှောင်းပိုင်းအချိန်တုန်းက အင်ဒိုးနီးရှားနိုင်ငံရဲ့ Sunda ကမ်းမြှောင်ဒေသတလျောက်မှာ ရေလှိုင်းကြီးတွေ ရိုက်ခတ်သွားခဲ့လို့ သေဆုံးသူအရေအတွက်ဟာ အခုဆိုရင် ၂၂၂ဦးအထိ လက်တလောက်ရရှိထားပြီးတော့ လူပေါင်း ၈၄၃ ဦးလည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။
လစ်ဗျားကမ်းလွန်ပင်လယ်ပြင်မှာ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည် ၃၀၀ ကို စပိန် NGO အဖွဲ့တခုဖြစ်တဲ့ Proactiva Open Arms အဖွဲ့က သောကြာနေ့မှာ ကယ်တင်လိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် ဖျက်သိမ်းရေးအတွက် သံတမန်ရေး တိုးမြှင့်ဆောင်ရွက်မှု အစိတ်အပိုင်းတခုအဖြစ်လာမယ့်နှစ်မှာ တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကြီးကြီးကျယ်ကျယ်မလုပ်ပဲ အငယ်စားပဲ လုပ်လိုတဲ့ ဆန္ဒရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀၀ ဝန်းကျင်က ရှင်သန်နေထိုင်ခဲ့တဲ့ ဒိုင်နိုဆော ရုပ်ကြွင်းကို အီတလီနိုင်ငံ မြောက်ပိုင်း Lombardy အရပ်မှာ တွေ့ရှိခဲ့ပါတယ်။
သမ္မတဟာ နယ်စပ်လုံခြုံရေးကိစ္စအတွက် အင်မတန် စိုးရိမ် ပူပန်နေကြောင်း အိမ်ဖြူတော်မှာ သမ္မတ Trump နဲ့ တွေ့ဆုံပြီး ပြန်ထွက်လာတဲ့အချိန် အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်