အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ဖြစ်ကြောင်း သမ္မတ Donald Trump က ကြာသပတေးနေ့မှာ ပြောပါတယ်။
ဆီရီးယားမှာ IS စစ်သွေးကြွတွေကို အနိုင်ရပြီမို့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန်ရုတ်သိမ်းမယ်လို့ သမ္မတ Donald Trump ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တဲ့အပေါ် အိမ်ဖြူတော်က ကာကွယ်ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကို နှိမ်နင်းနိုင်ခဲ့ကြောင်း သမ္မတ Donald Trump က တွစ်တာမှာ ရေးသားခဲ့ပြီး မကြာခင်မှာပဲ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်တွေကို စတင်ရုပ်သိမ်းခဲ့ကြောင်း သမ္မတအိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အမေရိကန်အထက်လွှတ်တော်က ရီပတ်ဘလစ်ကင်နဲ့ ဒီမိုကရက် အမတ်တွေ စုပေါင်းပြီး နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ထံ ဗုဒ္ဓဟူး နေ့က စာရေးသားပေးပို့ရာမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်ရေး ကျူးလွန်မှုကို genocide လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ်သတ်မှတ်ဖို့ တိုက်တွန်းထားပါတယ်။
ချောမွေ့ပြီး သဘာဝအတိုင်း ကြည်လင်နေတဲ့အသားအရည်ရဖို့ အမျိုးသားတွေစိတ်ဝင်စားမှုရှိလာတဲ့ ရှေ့ပြေးလက္ခဏာတွေကို တွေ့လာနေရပါပြီ။ ရေမွှေးနဲ့ အလှကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Chanel နဲ့ Estee Lauder တို့ဟာ အမျိုးသားတွေအတွက် အသားအရည်ထိန်း အလှကုန်တွေကို အစပျိုးထုတ်လုပ်လာပါတယ်။
အင်္ဂလန်က ကမ္ဘာကျော်ဘောလုံးအသင်းတခုဖြစ်တဲ့ Manchester United အသင်းက နော်ဝေနိုင်ငံသား Ole Gunnar Solskjaer ကို ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးတဲ့အထိ အသင်းမန်နေဂျာ အဖြစ် ငှားရမ်းလိုက်ပါတယ်။
မဲခေါင်မြစ်ကြောင်းထဲမှာ မြန်မာ၊ ထိုင်း၊ လာအိုနဲ့ တရုတ်တို့ ဦးဆောင်ပြီး ၇၇ ကြိမ်မြောက် ပူးတွဲကင်းလှည့်မှုကို ပူးတွဲကင်းလှည့်မှုကို အင်္ဂါနေ့မှာ စတင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်နယ်ထဲက Xishuangbanna ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မှာရှိတဲ့ ဂွမ်လီ ဆိပ်ကမ်းကနေ စတင်ကင်းလှည့်မှာ ဖြစ်ပါတယ်။
သမ္မတ Trump ဟာ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေနဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းအောင် သူ့ကိုယ်ပိုင် Trump Foundation ကို အသုံးချခဲ့တယ်လို့ နယူးယောက်တရားသူကြီးချုပ်က တရားစွဲဆိုခဲ့တာကြောင့် အဲဒီ လူမှုရေး ဖောင်ဒေးရှင်းကို ဖျက်သိမ်းပစ်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
မြန်မာအစိုးရရဲ့ အချက်အလက်စုဆောင်းမှုဌာန E-Government Data Center တည်ဆောက်ရေး အမေရိကန်ဒေါ်လာ ၉၃.၈ သန်းကို ကိုရီးယားသွင်းကုန်ပို့ကုန်ဘဏ်က ချေးငွေယူဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်း Reuters သတင်းမှာ မနေ့ကဖေါ်ပြပါတယ်။
အင်္ဂလန်က ကမ္ဘာကျော်ဘောလုံးအသင်းတခုဖြစ်တဲ့ Manchester United ကလပ်အသင်းနည်းပြ Jose Mourinho ကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။
ရိုဟင်ဂျာလူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေနဲ့ ပတ်သတ်တဲ့ကိစ္စရပ်တွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဥပေက္ခာပြုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုရီးယားလူ့အခွင့်အရေးအဖွဲ့ကြီးတဖွဲ့က သူတို့ပေးအပ်ထားတဲ့ဆုကို ပြန်ရုပ်သိမ်းမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့ ၁၇ နှစ်ကြာ ပြည်တွင်းစစ်ကို စေ့စပ် ညှိနှိုင်းတဲ့နည်းနဲ့ အဆုံးသတ်နိုင်ရေးအတွက် ဖိအားပေး လုပ်ဆောင်မှုတွေ ရှိနေချိန်မှာဘဲ အာဖဂန်-တာလီဘန်ကိုယ်စားလှယ်တွေဟာ အမေရိကန်အစိုးရ အရာရှိတွေနဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံမှာ ၁၉၈၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Sikh လူမျိုးစု ဆန့်ကျင်ရေး လူထုအုံကြွမှုတွေနဲ့ ဆက်နွယ်တဲ့ အပြင်းထန်ဆုံး တရားစီရင်မှုတခုကို နယူးဒေလီမြို့ တရားရုံးက တနင်္လာနေ့မှာ ချမှတ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ကုလသမဂ္ဂရဲ့ ပထမအကြိမ် လေ့လာမှုတွေမှာ ပါဝင်ခဲ့တဲ့ ကျေးရွာတွေမှာ လူထုအခြေပြု စီမံကိန်းတွေ ၃၅ နေရာမှာ စတင် အကောင် အထည်ဖော်ရေးအတွက် မြန်မာအစိုးရက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ခွင့်ပြုချက် ချပေးလိုက်တဲ့အပေါ် UNDP နဲ့ UNHCR တို့က ကြိုဆို လိုက်ကြပါတယ်။
သမ္မတ Trump အစိုးရနဲ့ လွှတ်တော်အကြား ဘဏ္ဍာရေးအသုံးစရိတ် သဘောတူညီချက်မရဘူးဆိုရင် လာမယ့် သောကြာနေ့ ညသန်းခေါင်မှာ အမေရိကန်အစိုးရ လည်ပတ်နေတဲ့လုပ်ငန်းအားလုံးရဲ့ လေးပုံတပုံ ရပ်ဆိုင်းသွားနိုင်ခြေရှိနေပါတယ်။
ဥရောပချန်ပီယံလိဂ် ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ဒီကနေ့ပဲ မဲနှိုက်ခဲ့ကြပါတယ်။ လက်ရှိဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ်ကတော့ နယ်သာလန်က အေဂျက်စ်အမ်စတာဒမ် နဲ့ ကစားရမှာဖြစ်ပြီး၊ ဘာစီလိုနာကတော့ ပြင်သစ် လီယွန်အသင်း နဲ့ တွေ့မှာဖြစ်ပါတယ်။
မလေးရှားအစိုးရပိုင် 1MDB ရင်းနှီးမြှုပ်နှံလုပ်ငန်းကြီးရဲ့ ငွေကြေးမသမာမှု စုံစမ်းစစ်ဆေးမှုနဲ့ဆက်စပ်ပြီး အမေရိကန်ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးကုမ္ပဏီကြီးတခုဖြစ်တဲ့ Goldman Sachs ကုမ္ပဏီနဲ့ ကုမ္ပဏီဝန်ထမ်းဟောင်း ၂ ယောက်ကို မလေးရှားအစိုးရက တရားစွဲလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က ကတိပြုပြောကြားခဲ့ပါတယ်။
သီရိလကာၤ ဝန်ကြီးချုပ် အဖြစ် Ranil Wickremesinghe ကို ပြန်ပြီး ခန့်အပ်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု အချုပ်ခန်းမှာ ဂွါတီမာလာ နိုင်ငံက အသက် ၇ နှစ် အရွယ် မိန်းကလေးငယ် ဘယ်လို သေဆုံးခဲ့ရသလဲ ဆိုတဲ့ အဖြေကို သိရဖို့ အမေရိကန် လွှတ်တော် အမတ်တွေ ဒီသတင်းပတ် အတွင်း New Mexico ကို သွားရောက်ကြမှာပါ။
နောက်ထပ်ကြည့်ရှုရန်