အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အာကာသ ခရီးသွားယာဉ်တစီး အာကာသထဲကို စမ်းသပ်ပျံသန်းမှုအဖြစ် မနေ့က ထွက်ခွါသွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသွားတွေ အနေနဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ အခါ ဒီဇင်ဘာလ ၁၃ ရက် ကြာသပတေးနေ့ ကစပြီး နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး နိုင်ငံတကာ လေဆိပ်တွေကနေ ဝင်ရောက်လာချိန်မှာ ဆိုက်ရောက် ဗီဇာ (visa on arrival) ကို တောင်းခံ နိုင်ကြတော့မှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ တရုတ်တို့ ကုန်သွယ်ရေးပြဿနာဟာ အာရှနဲ့ ပစိဖိတ်ဒေသတွင်း အလုပ်အကိုင် သန်းပေါင်းများစွာအတွက် မရေမရာ ဖြစ်စေတယ်လို့ ကုလသမဂ္ဂ အာရှပစိဖိတ်ဒေသတွင်း စီးပွါးရေးနဲ့ လူမှုကော်မရှင်အဖွဲ့ ESCAP က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတ Donald Trump က သူဟာ သူ့ကိုယ်ရေးရှေ့နေဟောင်း Michael Cohen ကို ဥပဒေချိုးဖေါက်ဖို့ ဘယ်တုန်းကမှ မညွှန်ကြား ခဲ့ဘူးလို့ ကြာသပတေးနေ့က ပြောပါတယ်။
မြန်မာနိုင်ငံကို နှစ်ရက်ကြာ ရောက်ရှိနေတဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
၂၀၁၈-၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ၆% ကျော်ပဲရှိမယ်လို့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့က ခန့်မှန်းပါတယ်။
ယီမင် နိုင်ငံပြည်တွင်းစစ်မှာ Saudi Arabia နိုင်ငံဦးဆောင်တဲ့ စစ်ရေးနဲ့ဝင်ရောက်ဖြေရှင်းမှုအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုအဆုံးသတ်ရေး ဆုံးဖြတ်ချက်ကို ဒီကနေ့ အမေရိကန်အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။
တရုတ်နည်းပညာကုမ္ပဏီတခုရဲ့အမှုဆောင်အရာရှိတဦးကို ကနေဒါအာဏာပိုင်တွေက အခုလအစောပိုင်းမှာ ဖမ်းဆီးလိုက်ပြီးတဲ့နာက် ဒုတိယမြောက် ကနေဒါနိုင်ငံသားတစ်ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ တရုတ်အာဏာပိုင်တွေဘက်က အတည်ပြုလိုက်ပါတယ်။
တရုတ်ပြည်ဆိုင်ရာ ကနေဒါ သံတမန်ဟောင်းတဦးကို တရုတ်နိုင်ငံ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တနင်္လာနေ့က ဖမ်းဆီးခဲ့ကြောင်း တရုတ်အစိုးရက ဗုဒွဟူးနေ့မှာ ကြေညာပါတယ်။
ရိုဟင်ဂျာ ပဋိပက္ခကို လစ်လျူရှုပြီး မြန်မာ အပေါ် ချီးကျူးခဲ့တယ်ဆိုပြီး အကြီးအကျယ် ဝေဖန်ခံနေရတဲ့ လူမှုကွန်ယက် တွစ်တာရဲ့ အမှုဆောင် အရာရှိချုပ် Jack Dorsey က သူရဲ့ ပြောဆိုချက်ကို ကာကွယ်ပြောဆိုပါတယ်။
ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ နောက်ဆုံး ရိုက်ခတ်မှုတခုအဖြစ် ဗြိတိန်ဝန်ကြီးချုပ် Theresa May ဟာ သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီကနေ အယုံအကြည်မရှိအဆို တင်သွင်းခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
ဘင်္ဂလားဒေရှ့်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်မှာ တင်းမာမှုတွေ တိုးလာတာနဲ့ အတူနိုင်ငံရေးပါတီတွေကြား ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပြီး ပါတီ စည်းရုံးရေး ဝန်ထမ်း ၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီပြီး ထိုက်ခိုက်ဒဏ်ရာ ရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ပြင်သစ် နိုင်ငံ Strasbourg မြို့လယ်က ခရစ်စမတ် ပစ္စည်းတွေ ရောင်းတဲ့ ဈေးမှာ သေနတ်သမား လက်ချက်နဲ့ လူ ၂ ဦး သေဆုံးခဲ့ပြီးနောက် သေနတ်သမားကို ပြင်သစ်အာဏာပိုင်တို့ လိုက်လံရှာဖွေနေပါတယ်။
မက္ကဆီကိုနယ်စပ် တလျှောက် နယ်စပ်တံတိုင်းကာရံဖို့ ကိစ္စဟာ နိုင်ငံတော်အတွက် အရေးပေါ် လုပ်ရမယ့်အလုပ်ကို တုံ့ပြန် လုပ်ဆောင်တာလို့ ကြေညာရင်း နဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တွေကြား မပြေမလည်ဖြစ်ခဲ့ကြပါတယ်။
တရုတ်နည်းပညာ ကုမ္ပဏီအကြီးအကဲ Meng Wanzhou ကို အမေရိကန်ပြည်ထောင်စုရဲ့ ပန်ကြားချက်အရ ကနေဒါအစိုးရက ဖမ်းဆီးခဲ့ပြီးတဲ့နောက် ကနေဒါနဲ့ တရုတ်တို့ကြား တင်းမာမှုတွေ တိုးနေချိန်မှာပဲ တရုတ်အစိုးရက ကနေဒါသံတမန်ဟောင်း တဦးကို တရုတ်နိုင်ငံထဲမှာ ဖမ်းဆီး ထားလိုက်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ လုံခြုံရေးတပ်တွေရဲ့ ရက်စက် တဲ့ နယ်မြေရှင်းလင်းမှုဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်းနဲ့ ထောင်ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးတို့ကို ချက်ချင်း ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုတဲ့ ဆုံးဖြတ်ချက် ကို ကန် အောက်လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။
Time မဂ္ဂဇင်းကြီးက ၂၀၁၈ ခုနှစ်ရဲ့ အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် Reuters သတင်းထောက် ၂ ယောက်အပါအဝင် ထူးခြားတဲ့ သတင်းထောက်တချို့ကို ရွေးချယ်ပြီး အမှန်တရားကို ကာကွယ်စောင့်ရှောက်သူများအဖြစ်သတ်မှတ် ဂုဏ်ပြုလိုက်ပါတယ်။
စိန်ခေါ်မှုတွေရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအခြေအနေကို အိန္ဒိယ နိုင်ငံက နားလည်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အပြည့်အဝ ထောက်ခံ ပံ့ပိုးသွားမယ်လို့ မြန်မာနိုင်ငံမှာရောက်နေတဲ့ အိန္ဒိယ သမ္မတ Ram Nath Kovind ကဒီကနေ့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်နှိမ်နှင်းမှုဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ သတ်မှတ်ကြေညာဖို့ အမေရိကန်အောက်လွှတ်တော်မှာ ဒီကနေ့ဆုံးဖြတ်ချက်ချဖို့ရှိပါတယ်။
မြန်မာနိုင်ငံကို ၅ ရက်ကြာ တရားဝင်ခရီးစဉ် စတင်ဖို့ အိန္ဒိယသမ္မတ Ram Nath Kovind ဟာ တနင်္လာနေ့က နေပြည်တော်ကို ရောက်သွားပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်