ပြင်သစ်အစိုးရကို လှုပ်ခါသွားစေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး ပထမဆုံးအကြိမ်အဖြစ် သမ္မတ Emmanuel Macron က ရိုကျိုးပေမယ့် ခိုင်မာစွာ လူထုရှေ့မှောက်မှာ တောင်းပန်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံ အီးယူထဲက နုတ်ထွက်မယ့် Brexit အစီအစဉ်ဟာ မူလကတည်းက ဖရိုဖရဲ ဖြစ်နေခဲ့ရာက Brexit ကိစ္စ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို ဝန်ကြီးချုပ် Theresa May က ရက်ရွှေ့ဆိုင်းလိုက်တဲ့အတွက် အခြေအနေတွေ ပိုပြီး ရှုပ်ထွေး သွားစေခဲ့ပါတယ်။
Twitter လူမှုကွန်ယက်ရဲ့ အမှုဆောင်အရာရှိချုပ် Jack Dorsey ဟာ မြန်မာနိုင်ငံလာရောက်ပြီး ဝိပဿနာ တရားထိုင်ခဲ့ပြီးနောက် မြန်မာပြည်ကို သွားရောက်ကြဖို့ တိုက်တွန်းခဲ့တဲ့အပေါ် အတော်လေး ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်။
အလိုတော်ပြည့်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အရိယာဝံသကို ကမ္ဘာ့ဗုဒ္ဓဘာသာအဖွဲ့တခုဖြစ်တဲ့ World Alliance of Buddhists (WAB) နဲ့ ကမ္ဘာ့ရဟန်းပျိုအဖွဲ့ (World Buddhist Sangha Youth, WBSY) အဖွဲ့တို့က ကမ္ဘာလုံးဆိုင်ရာ ဓမ္မငြိမ်းချမ်းရေးဆု (“Global Dhamma Peace Laureate Golden Award”) ချီးမြှင့်လိုက်ပါတယ်။
Canada နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ Huawei နည်းပညာကုမ္ပဏီကြီးရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲကို ဒီကနေ့ ရုံးထုတ်ဖို့ရှိပြီး သူ့ကိုအာမခံပေး မပေးကြားနာဆုံးဖြတ်မှာဖြစ်ပါတယ်။
စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ အခုတကြိမ် မြန်မာနိုင်ငံကို ဘာကြောင့်လာကြတယ်ဆိုတာနဲ့ သူတို့ ခရီးစဉ် အသေးစိတ်ကို ဖော်ပြမထားပေမယ့် ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်တာနဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။
တရုတ်နိုင်ငံက နည်းပညာကုမ္ပဏီအကြီးအကဲကို လိမ်လည်မှုနဲ့ ကနေဒါနိုင်ငံမှာ ဖမ်းဆီးလိုက်ပြီး အမေရိကန်နိုင်ငံကို ပို့ပေးဖို့ အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို တရုတ်အစိုးရ တနင်္ဂနွေနေ့မှာ ဆင့်ခေါ် သတိပေးလိုက်ပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အင်တာနက်ကို အသုံးပြုနေကြတယ်လို့ နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းသမဂ္ဂ ITU က ပထမဦးဆုံးအကြိမ် ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖေါ်ပြထားပါတယ်။ ဒီနှစ်ကုန်ပိုင်းအထိ လေ့လာချက်တွေအရ ကမ္ဘာ့လူဦးရေ (၃.၉) ဘီလျံလောက်က အင်တာနက်အွန်လိုင်းမှာ ရှိနေတယ်လို့ဆိုပါတယ်။
မလေးရှာနိုင်ငံ ပီနန်းကျွန်းမှာ လူကုန်ကူးသူတွေလို့ ယူဆရတဲ့ အသက် ၃၅ နဲ့ ၄၅နှစ်ကြား မြန်မာအမျိုးသား ၂ဦးနဲ့ အမျိုးသမီး ၁ဦးတို့ပါဝင်တဲ့ အဖွဲ့ကို မလေးရဲတွေ ဖေါ်ထုတ် ဖမ်းဆီးလိုက်ပါတယ်။
ချို့တဲ့တဲ့ ယီမင်နိုင်ငံတွင်းမှာ စစ်ကြောင့် နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံ ရှိတဲ့ လူဦးရေ သန်း ၂၀ ကျော် အတွက် စားနပ်ရိက္ခာ မလောက်မင ဖြစ်နေပါတယ်။
အာဖဂန်နစ္စတန် အမျိုးသမီး ဘောလုံးအသင်းဝင်တွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်မှာတော့ ရှေ့နေချုပ်က အာဖဂန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ အပါအဝင် တာဝန်ရှိသူ ၅ ဦးကို ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။
ပြင်သစ်နိုင်ငံတဝန်းမှာ မနေ့ စနေနေ့က ရောင်ပြန်အကျီ ၤ အဝါရောင်ဝတ်သူတွေရဲ့ ဆန္ဒပြပွဲ အတွင်း လူပေါင်း ၂ ထောင်နီးပါး ဖမ်းဆီးခဲ့ပါတယ်။
ထင်ရှားတဲ့ တရုတ် နည်းပညာကုမ္ပဏီ အကြီးအကဲ တဦးကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး ကန်နဲ့ တရုတ် ၂ နိုင်ငံကြား ကုန်သွယ်ရေး ဆိုင်ရာ ပြေလည်မှုမရတဲ့ အခြေနေဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိနေတဲ့ ကြားကပဲ ကန် သမ္မတ အိမ်ဖြူအရာရှိတွေက ကန်- တရုတ် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ ဆက်ပြီး တင်းတင်းမာမာလုပ်နေတာတွေ့ရပါတယ်။
နျူကလီးယားလက်နက်ဖျက်သိမ်းရေးတွေလုပ်မယ်ဆိုတဲ့ကတိတွေရှိနေတဲ့အပေါ် အမေရိကန်ဘက်ကစိုးရိမ်မကင်းရှိနေ တဲ့အချိန်မှာ မြောက်ကိုရီးယားဘက်က သူ့ရဲ့တာဝေးပစ်မစ်ဇိုင်းဒုံးကျည်အခြေစိုက်စခန်းတခုကို တိုးချဲ့မွန်းမံမှုတွေလုပ်ဖို့ ကြိုးစားမှုတွေရှိနေကြောင်း အမေရိကန်ထောက်လှန်းရေးအရာရှိတွေကပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Arche ဒေသကို မကြာသေးခင်က လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည် အယောက် ၂၀ ရောက်ရှိလာတဲ့ အတွက် သူတို့ကို အင်ဒိုနီးရှား အာဏာပိုင်တွေက စစ်ဆေးမေးမြန်းနေပါတယ်။
ကနေဒါနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ Huawei ကုမ္ပဏီ ထိပ်တန်းအမှုဆောင်အရာရှိကို ချက်ခြင်းပြန်လွှတ်ပေးဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။
Flynn အတွက် ပြစ်ဒဏ်သက်ညှာခွင့်ပေးရေး အထူးစုံစမ်းရေးမှူး Mueller ရဲ့ မှတ်ချက်ထွက်ပေါ်လာပြီးနောက် တရားရုံးတင် တိုင်ကြားချက်မှာ ၂၀၁၆ ကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ကြားဝင်နှောင့်ယှက်မှု အပေါ် စုံစမ်းစစ်ဆေးမှုတွေရဲ့ အချက်အလက်သစ်တွေ ပေါ်ထွက်လာမယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုချက်တွေ အကြီးအကျယ် ထွက်ပေါ်နေပါတယ်။
ကွယ်လွန်သူ ၄၁ ဆက်မြောက် အမေရိကန်သမ္မတ George H.W. Bush ကို သူနေထိုင်ရာ Texas ပြည်နယ်၊ Houston မြို့က သီးသန့် ဈာပနအခမ်းအနားမှာ မိသားစုက ဒီကနေ့ နောက်ဆုံးအဖြစ် နှုတ်ဆက်ဂါရဝပြုမှာ ဖြစ်ပါတယ်။
Iwakuni ဂျပန်လေတပ်စခန်းကနေ လေ့ကျင့်ပျံသန်းစဉ် စစ်လေယာဉ် နှစ်စင်း ဘာကြောင့် ပျက်ကျခဲ့သလဲဆိုတဲ့ အကြောင်းအရင်းကို အခုထိ မသိရှိရသေးပါဘူး။ ဂျပန်နိုင်ငံမှာ လောလောဆယ် အမေရိကန်စစ်သား ငါးသောင်းလောက်ရှိနေပါတယ်။
အမေရိကန်သမ္မတ Donald Trump က သူ့ကိုယ်သူ အခွန်စည်းကြပ်သူလို့ ကြွေးကျော်ခဲ့တဲ့ နောက် အင်္ဂါနေ့က ကမ္ဘာ့ဈေးကွက် သွက်သွက်ခါ လှုပ်ခတ်သွားခဲ့
နောက်ထပ်ကြည့်ရှုရန်