အမေရိကန်သမ္မတဟောင်း George H.W. Bush ရဲ့ ဈာပန အခမ်းအနားကို ဝါရှင်တန်မြို့တော်ရှိ National Cathedral ဘုရားရှစ်ခိုးကျောင်းမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာမှာ အမေရိကန်ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်တွေနဲ့အတူ ကမ္ဘာတဝန်း လက်ရှိနဲ့ ခေါင်းဆောင်ဟောင်းတွေ တက်ရောက်
ကွယ်လွန်သူ (၄၁)ဦးမြောက် အမေရိကန်သမ္မတဟောင်း George H.W. Bush ရဲ့ ဈာပန အခမ်းအနားကို ဝါရှင်တန်ရှိ National Cathedral ဘုရားရှစ်ခိုးကျောင်းမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာ အမေရိကန်ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်တွေ၊ ကမ္ဘာတဝန်း လက်ရှိနဲ့ ခေါင်းဆောင်ဟောင်းတွေ၊အမေရိကန်နိုင်ငံသားတွေက နောက်ဆုံးဂါဝရ ပြုခဲ့ကြပါတယ်။
အီရန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ တုန်းက နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၅ ထောင်လောက် ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုကို ဖုံးကွယ်ထားမှု အတွက် လူသားမျိုးနွယ် အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အပြစ်ရှိတယ်လို့ နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ AI ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အပေါ် ရုရှားတို့ ဝင်ရောက် နှောင့်ယှက်မှုနဲ့ ပတ်သက်ပြီး လက်ရှိ စုံစမ်းစစ်ဆေးမှု အတွင်း အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Flynn က ထိထိရောက်ရောက် ပံ့ပိုးပေးခဲ့တယ်လို့ အထူးစုံစမ်းရေးမှူး Robert Mueller က ပြောဆိုပြီး Flynn ကို ထောင်ဒဏ်အပြစ်မပေးဖို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ၄၁ ဆက်မြောက် သမ္မတဖြစ်တဲ့ ကွယ်လွန်သူ George H.W. Bush အတွက် နိုင်ငံတော် ဈာပန အခန်းအနား မကျင်းပခင် အင်္ဂါနေ့မှာ အမေရိကန်အလံလွှမ်းခြုံထားတဲ့ သမ္မတ Bush ရဲ့ ရုပ်ကလပ်ထားရှိရာ ဝါရှင်တန် ဒီစီက လွှတ်တော် ဗဟိုခန်းမထဲကို ပြည်သူတွေ တဖွဲဖွဲ လာရောက် ဂါရဝပြုနေကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်ပေါ်လစီ တစိတ်တဒေသအဖြစ်နဲ့ မြန်မာနိုင်ငံကို အိန္ဒိယသမ္မတ Ram Nath Kovind ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ သွားရောက်လည်ပတ်တဲ့အခါ ရိုဟင်ဂျာဒုက္ခသည်တွေအရေးက ထိပ်တန်း ဦးစားပေးအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။
ဝါရှင်တန်မြို့တော်၊ လွှတ်တော်အဆောက်အအုံ၊ ဗဟိုခန်းမကြီးမှာထားရှိတဲ့ ကွယ်လွန်သူ ၄၁ ဆက်မြောက် အမေရိကန်သမ္မတဟောင်း George H.W. Bush ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့က တိတ်ဆိတ်စွာ ဂါရ၀ ပြုခဲ့ကြပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင်တွေလို့ ယုံကြည်ရတဲ့ အမျိုးသား ၂၀ လိုက်ပါလာတဲ့ စက်လှေတစင်း အင်ဒိုနီးရှားနိုင်ငံ ဆူမာတျား ကျွန်းကို ဆိုက်ကပ်လာပါတယ်။
အမေရိကန်သမ္မတ Donald Trump က သူနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်အကြား ပုဂ္ဂိုလ်ရေးအရ အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြောင်း တနင်္လာနေ့မှာ ထပ်လောင်း ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ၄၁ ယောက်မြောက် သမ္မတဖြစ်တဲ့ သမ္မတဟောင်း George H.W. Bush ပြီးခဲ့တဲ သောကြာနေ့က ကွယ်လွန်သွားပြီးတဲ့နောက် ၊ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က လာမယ့် ဗုဒ္ဓဟူးနေ့ကို တနိုင်ငံလုံးကြေကွဲဝမ်းနည်းဖွယ်နေ့အဖြစ်နဲ့ သတ်မှတ်ကြေညာလိုက်ပါတယ်။
မနက်ဖြန်အင်္ဂါနေ့ကျင်းပမယ့် NATO အဖွဲ့စည်းဝေးပွဲမှာ ယူကရိန်းရေတပ်သင်္ဘောတွေ ရုရှားဖမ်းထားတဲ့ကိစ္စကို ဦးစားပေးဆွေးနွေးကြမယ့်ပုံရပါတယ်။
၂၀၁၉ ဇန်နဝါရီလကစပြီး ရေနံထုတ်လုပ်ရောင်းချတဲ့နိုင်ငံများအဖွဲ့ OPEC ကနေနုတ်ထွက်တော့မယ်လို့ Qatar နိုင်ငံက ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ခရစ်ယာန် ဂျကာတာအုပ်ချုပ်ရေးမှူး ပြုတ်ကျသွားတဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ လူပေါင်း တသိန်းလောက် တနင်္ဂနွေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Khaleda Zia ဟာ အဂတိလိုက်စားမှု ၂ မှုကြောင့် ထောင်ဒဏ်ပြစ်ဒဏ်ကျခံနေရတဲ့ အတွက် ဒီဇင်ဘာလ ၃၀ မှာ ကျင်းပမယ့် နိုင်ငံ့ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းမှာ အမေရိကန်က ပြုလုပ်ခဲ့တဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း အရေးပါတဲ့ တာလီဘန် တပ်မှူးတဦး သေဆုံးသွားတာကြောင့် ဒါဟာ တာလီဘန်တို့အတွက် အင်မတန် အထိနာသွားစေတဲ ဆုံးရှုံးမှု ဖြစ်ပါတယ်။
သောကြာနေ့က ကွယ်လွန်သွားတဲ့ အမေရိကန်နိုင်ငံရဲ့ ၄၁ ဆက်မြောက်သမ္မတ George H.W. Bush ကို ဂါရဝပြုနိုင်ဖို့အတွက် ကျွင်းကျန်တဲ့ ရုပ်အလောင်းကို တနင်္လာနေ့ ညနေကနေ စပြီး ဗုဒ္ဓဟူးနေ့အစောပိုင်းအထိ ဝါရှင်တန်ဒီစီက လွှတ်တော်အဆောက်အအုံ ဗဟိုခန်းမကြီးမှာ ဂုဏ်ပြုထားရှိမှာ ဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေကြောင်း ပိုလန်နိုင်ငံမှာ စတင် ကျင်းပတဲ့ ရာသီဥတုဆိုင်ရာ ညီလာခံအစမှာ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ အကြီးအကဲ Patricia Espinosa က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ လာမယ့် ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီလလောက်မှာ တွေ့ဆုံဖို့မျှော်လင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။
ပြင်သစ် သမ္မတ Emmmanuel Macron ဟာ ၊ ပြင်သစ်ဝန်ကြီးချုပ် နဲ့ ပြည်ထဲရေးဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး အရေးပေါ် အစည်းအဝေးတရပ်ကို ဒီကနေ့မှာ ကျင်းပခဲ့ပါတယ်။
စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံ ၂၀ ရဲ့ G-20 ထိပ်သီးဆွေးနွေးပွဲအတွင်း အမေရိကန် သမ္မတ Donald Trump နဲ့ တရုတ် သမ္မတ Xi Jinping တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်မှာတော့ ကမ္ဘာ့ စီးပွားရေး အင်အား အကြီးဆုံး နှစ်နိုင်ငံကြား သဘောတူညီချက်လေး တခု ရရှိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်