အမေရိကန်ပြည်ထောင်စုရဲ့ ၄၁ ယောက်မြောက် သမ္မတ George H.W. Bush ကွယ်လွန်သွားလို့ ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်အဖြစ် ဒီဇင်္ဘာ ၅ ရက်နေ့ကို တနိုင်ငံလုံး ဝမ်းနည်းပူဆွေးခြင်းရက် သတ်မှတ်ပြီး ဝါရှင်တန်မြို့တော်က National Cathedral ဘုရားကျောင်းမှာ အခမ်းအနားကျင်းပမှာပါ။
တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံထဲဖြစ်နေတဲ့ ပုံရိပ်ကို အပြောင်းအလဲလုပ်နိုင်ဖို့ တရုတ်အစိုးရဖက်က ပိုပြင်းပြင်းထန်ထန် လှုပ်ရှားလာတယ်လို့ အမေရိကန်ရှိ ဝါရင့် တရုတ်အရေး ကျွမ်းကျင်သူတွေက ဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump အနေနဲ့ ရုရှားသမ္မတ Vladimir Putin နဲ့ G20 စီးပွားရေးအင်အားကြီးနိုင်ငံများထိပ်သီးပွဲ ပြင်ပမှာ တွေ့ဖို့ အရင်ပြင်ထားတာကို ရုတ်တရက် ဖျက်သိမ်းပစ်လိုက်ပါတယ်။
အိန္ဒိယ၊ မြန်မာနဲ့ထိုင်း သုံးနိုင်ငံကိုဆက်စပ်ပြီးဖေါက်လုပ်နေတဲ့အဝေးပြေးလမ်းမကို လာမယ့်နှစ်အနည်းငယ်အတွင်း အပြီး သတ်နိုင်အောင်လုပ်ဆောင်နိုင်ရေး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကလေ့လာကြည့်ရှုနေတယ်လို့ တွဲဘက်နိုင်ငံခြား ရေးဝန်ကြီး Anurag Bhushan က မနေ့ကပဲပြောလိုက်ပါတယ်။
မျိုးဗီဇပြုပြင်ပြောင်းလဲမှု သုတေသန လုပ်ကိုင်နေသူတွေအားလုံး လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံ သိပ္ပံပညာဝန်ကြီးဌာနက ဒီကနေ့ပဲ အမိန့်ထုတ်လိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချစ်ကြည်ရေး ခရီးစဉ်နဲ့ အာရှ-ပစိဖိတ်ထိပ်သီး အစည်းအဝေးပွဲ တက်ရောက်ဖို့ နီပေါနိုင်ငံမှာ ရောက်နေပါတယ်။
ရုရှားနိုင်ငံနဲ့ တင်းမာမှုတွေ ကြုံနေရချိန်မှာ ယူကရိန်းနိုင်ငံ လုံခြုံရေးအတွက် Azov ပင်လယ်မှာ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) က စစ်သင်္ဘောတွေ စေလွှတ်ဖို့ ယူကရိန်းသမ္မတက အကူအညီ တောင်းလိုက်ပါတယ်။
Yemen နိုင်ငံမှာ Saudi အစိုးရဦးဆောင်တိုက်နေတဲ့ စစ်ပွဲမှာ အမေရိကန်ပါဝင်မှုအဆုံးသတ်ရေး ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်မှာ ထောက်ခံမဲ ၆၃ မဲ ကန့်ကွက်မဲ ၃၇ မဲနဲ့ ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပါတယ်။
HIV ရောဂါပိုး ရှိနေတဲ့ဖခင်တဦးထံက AIDS ဖြစ်စေနိုင်တဲ့ ရောဂါပိုး မကူးစက်နိုင်အောင် အမွှာ သမီးမိန်းကလေး နှစ် ဦးရဲ့ DNA ကို CRISPR (ခရစ်စ်ပါ) လို့ခေါ်တဲ့ အဆင့်မြင့်နည်းပညာကို အသုံးပြုပြီး အောင်မြင်စွာ မျိုးဗီဇ ပြုပြင်နိုင်ခဲ့ကြောင်း
သတင်းစာဆရာ Khashoggi ကို ဆော်ဒီအိမ်ရှေ့မင်းသားက သတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ တင်ပြခဲ့တဲ့ CIA အကြီးအကဲ Gina Haspel ဒီကနေ့ပြုလုပ်တဲ့ တံခါးပိတ်အစည်းအဝေးပွဲမှာ ပါဝင်ခြင်းမရှိတဲ့အတွက် ပါတီနှစ်ရပ်လုံးရဲ့ အထက်လွှတ်တော်အမတ်တွေက အပြင်းအထန် မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။
ခတ္တမန်ဒူမှာ မြန်မာနိုင်ငံက ထွက်ပြေးခိုလှုံခဲ့ကြတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထံက အန္တရာယ်ရှိနိုင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အတော်တော်များများ စေလွှတ်ချထားမယ်လို့ ရဲလုံခြုံရေးသတင်းရပ်ကွက်ကို ကိုးကားပြီး နီပေါလ်သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
Nancy Pelosi ကို ဒီမိုကရက်အမတ်တွေက အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုကြပေမယ့် ဇန်နဝါရီလမှာ ကျင်းပမယ့် အောက်လွှတ်တော် မျက်နှာစုံညီ စည်းဝေးပွဲမှာတော့ သူဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
အထူးစုံစမ်းရေးမှုး Robert Mueller ကို သမ္မတ Donald Trump ကအလုပ်ကထုတ်မပစ်နိုင်အောင် ဟန့်တားမယ့် မူကြမ်းကို သူ့အနေနဲ့ ကန့်ကွက်တာမျိုးလုပ်ကောင်းလုပ်မယ်လို့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnell ကပြောပါတယ်။
ရုရှားနိုင်ငံပိုင်အဖြစ် သွတ်သွင်းထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှာ လေကြောင်းရန် ကာကွယ်ရေး စနစ်အတွက် နောက်ထပ် မစ်ဇိုင်းဒုံးတွေ ထပ်မံပို့ဆောင်သွားမှာဖြစ်ကြောင်း ရုရှားစစ်တပ်က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
ပိုင်နက်ကျူးလွန်တယ်ဆိုပြီး တနင်္ဂနွေနေ့တုန်းက ပင်လယ်နက်ထဲမှာ ရုရှားရေတပ်ကနေ ဖမ်းဆီးခဲ့တဲ့ ယူကရိမ်းသင်္ဘော သား ၂၄ဦးထဲက ၁၂ ဦးကို ၂လဖမ်းဆီးထားဖို့ ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားဒေသက တရားရုံးတခုကနေ အမိန့်ချ မှတ်လိုက်ပါတယ်။
အိန္ဒိယနဲ့မြန်မာ၂နိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကူညီတဲ့အနေနဲ့ အမေရိကန်ဒေါ်လာ ငါးသန်းအိန္ဒိဘက်က ထပ်ပြီးပေးလိုက်တဲ့အကြောင်း အိန္ဒိယနိုင်ငံထုတ် First Post သတင်းမှာမနေ့က ဖေါ်ပြထားပါတယ်။
ယူကရိန်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်တဲ့အတွက် ယူကရိန်းအရှေ့ပိုင်းမှာ ရန်လိုမှုတွေပိုဆိုးလာလိမ့်မယ်လို့ ရုရှားက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှ-ပစိဖိတ် ထိပ်သီးစည်းဝေးပွဲ ၂၀၁၈ အခမ်းအနားကို တက်ဖို့အတွက် နီပေါနိုင်ငံ၊ ခတ္တမန္ဓူမြို့ကို မကြာခင် တရားဝင် သွားရောက်မယ်လို့ နိုင်ငံခြားရေးဌာနက တနင်္လာနေ့မှာ ကြေညာပါတယ်။
ပင်လယ်နက်အတွင်း ယူကရိန်းရေတပ်သင်္ဘော ၃ စင်းနဲ့အတူ ဝန်ထမ်းတွေ အားလုံးကို ရုရှားတို့ ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးတဲ့နောက် ယူကရိန်းနိုင်ငံအတွင်းက ဒေသတချို့မှာ မာရှယ်လော - ညမထွက်ရအမိန့် ထုတ်ပြန်ဖို့ သမ္မတ Petro Poroshenko ရဲ့ အဆိုပြုချက်ကို လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။
အင်္ဂါဂြိုလ်ပေါ်မှာ အမေရိကန်အာကာသအေဂျင်စီ NASA ကလွှတ်တင်တဲ့ InSight ဆိုတဲ့ မောင်းသူမဲ့အာကာသစူးစမ်း လေ့လာရေး ယာဉ်တစီး အောင်အောင် မြင်မြင်ဆင်းသက်နိုင်ခဲ့ပြီလို့ နာဆာက ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်