အမေရိကန်ပြည်ထောင်စုက အကြီးမားဆုံးကားကုမ္ပဏီဖြစ်တဲ့ GM လို့အတိုကောက်ခေါ်တဲ့ General Motors က ကုမ္ပဏီ လုပ်အားရဲ့ ၁၅ရာခိုင်နှုန်းကိုလျှော့ချမယ်လို့ မနေ့ကပဲကြေညာပါတယ်။
ပင်လယ်နက်ထဲမှာ ယူကရိန်းရေတပ်သင်္ဘော ၂ စီးကို ရုရှားဖက်က ပစ်ခတ်ခဲ့သလို ဆွဲသင်္ဘော ၁ စီးကို ဝင်တိုက်ခဲ့ပြီးနောက် ဒီသင်္ဘောတွေဟာ ရုရှားရေပိုင်နက်ထဲကို တရားမဝင် ဝင်ရောက်ခဲ့တယ်လို့ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံမှာ သူလျှိုလုပ်မှုနဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ထောင်ဒဏ် တသက်တကျွန်းကျခဲ့တဲ့ ဗြိတိန်ပညာရှင် Matthew Hedges ကို UAE နိုင်ငံက ဒီကနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
အိန္ဒိယ နိုင်ငံက စီးပွားရေးအချက်အခြာကျတဲ့ Mumbai မြို့မှာ လူပေါင်း ၁၆၀ ကျော်သေဆုံးခဲ့တဲ့ အကြမ်းဖက်ဝါဒီတို့ရဲ့ တိုက်ခိုက်ခံရမှု ဒီကနေ့ ၁၀ နှစ်ပြည့်ပါတယ်။
ရွေ့ပြောင်းနေထိုင်လိုသူတွေက တနင်္ဂနွေနေ့က မက္ကဆီကို နယ်စပ်ကို ဖြတ်ပြီး အမေရိကန်ပြည်ထောင်စုအတွင်း အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပြီးတဲ့နောက် အမေရိကန်ဘက်က San Diego နဲ့ မက္ကဆီကိုဘက်က Tijuana အကြားမှာရှိတဲ့ San Ysidro နယ်စပ်ဂိတ်ကို အမေရိကန် အာဏာပိုင်တွေက ပိတ်ပစ်လိုက်ပါတယ်။
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်စေယုံတင်မကဘဲ လူ့ကျင့်ဝတ် သိက္ခာအရ စော်ကားရာရောက်စေပြီး လူ့အသိုင်းဝိုင်းအတွင်း ရှက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားလိုက်ပါတယ်။
ရုရှားရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပင်လယ်နက်အတွင်းမှာရှိတဲ့ ယူကရိန်း ရေတပ်သင်္ဘော ၂ စင်းကို ရုရှားက တနင်္ဂနွေနေ့က ပစ်ခတ်လိုက်ပြီး တတိယမြောက် တစင်းကိုတော့ သင်္ဘောချင်း အတင်း ဝင်တိုက်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ လောင်စာဆီဈေးတွေတက်လာနေတဲ့အပေါ် လူတွေထောင်နဲ့ချီဆန္ဒပြနေကြပြီး၊ စနေနေ့ကတော့ ၈ ရက်မြောက်နေ့အဖြစ်နဲ့ ဆန္ဒပြကြတာမှာ ဆန္ဒပြတဲ့သူတွေနဲ့ ရဲတွေနဲ့ ပဋိပက္ခတွေဖြစ်ခဲ့ကြပါတယ်။
လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင် ဆန္ဒပြပွဲတွေ ဥရောပ တလွှားမှာ မနေ့ စနေနေ့က ကျင်းပခဲ့ကြပြီး လူပေါင်း သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။
ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ရေး သဘောတူညီချက်ကို ဥရောပ သမဂ္ဂဘက်က အတည်ပြုလိုက်ပါပြီ။
ရိုဟင်ဂျာတွေကို နိုင်ငံသား ဖြစ်ခွင့်၊ ပြန်လည် အခြေချခွင့် မပေးရေး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ခိုးဝင် ဘင်္ဂလီတွေလို့ သုံးနှုန်းတဲ့ ဆန္ဒပြပွဲကိုတော့ ဘုန်းတော်ကြီးတွေ ဦးဆောင်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံက လူနည်းစု Sikh ဘာသာဝင်တွေအနေနဲ့ ပါကစ္စတန်နိုင်ငံအတွင်းက သမိုင်းဝင် Sikhကျောင်းတော်ကို အလည်အပတ်လာနိုင်အောင်လို့ နယ်စပ်ဂိတ်အသစ်တခု ဖွင့်လှစ်ပေးဖို့ အိန္ဒိယနဲ့ပါကစ္စတန်၂နိုင်ငံအကြားသဘောတူညီ ခဲ့ကြပါတယ်။
အီးယူ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံခွဲထွက်ရေးမှာ စနစ်တကျနဲ့ချောချောမွေ့မွေ့ရှိစေမယ့် နိုင်ငံရေးဆိုင်ရာကြေညာ ချက်မူကြမ်းတရပ်ကို ဥရောပသမဂ္ဂနဲ့ ညလုံးပေါက်ပြောဆိုဆွေးနွေးမှုတွေအပြီး သဘောတူညီချက်ရခဲ့တယ်လို့ ဗြိတိန် ကပြောပါတယ်။
လက်တင်အမေရိက နိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ အထောက်အထားမဲ့လူတွေကို အမေရိကန်အစိုးရအနေနဲ့ မဟန့်တားနိုင်ဘူးဆိုရင်၊ အမေရိကန်-မက္ကဆီကို နယ်စပ်ကို ပိတ်ပစ်မယ်လို့ သမ္မတ Donald Trump က မနေ့ ကြာသပတေးနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံပြန်ပို့ရေးမှာ ယုံကြည်စိတ်ချရတဲ့ေ နရပ်ပြန်နိုင်ရေး အစီအစဉ်ဖြစ်ဖို့ သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပြုတဲ့ အာမခံချက်တွေ မဖြစ်မနေပါဝင်ဖို့ လိုတယ်လို့ မလေးရှားအစိုးရက ယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdullah က ပြောဆိုလိုက်ပါတယ်။
အမေရိကန် တရားရေးစနစ်နဲ့ ပတ်သက်လို့ သမ္မတ Donald Trump နဲ့ တရားရုံးချုပ် တရားသူကြီး John Roberts တို့ကြား ထူးထူးခြားခြား အချင်းများနေကြပါတယ်။
အမေရိကန် Mexico နယ်စပ်ကို ပို့ထားတဲ့တပ်ဖွဲ့တွေကို တရားဥပဒေစိုးမိုးရေးလုပ်ရပ်တွေ လုပ်နိုင်ဖို့ Trump အစိုးရက လုပ်ခွင့်ပေးထားတဲ့အပြင် လိုအပ်ရင် လက်နက်သုံးခွင့်ကိုပါ ပေးထားပါတယ်။
EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံထွက်သွားပြီးနောက်ပိုင်း အနာဂါတ်ဆက်ဆံရေးနဲ့ပါတ်သက်တဲ့ ကြေညာစာတမ်းမူကြမ်းကို EU နဲ့ ဗြိတိန်အစိုးရကြား သဘောတူနိုင်ခဲ့ပြီးနောက် ကောင်းမွန်တဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May ကပြောကြားလိုက်ပါတယ်။
LDC ခေါ် ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံတွေအဖြစ် (၄၇)နိုင်ငံ သတ်မှတ်ရာမှာ မြန်မာနိုင်ငံလည်းပါဝင်နေပါတယ်။ မြန်မာနိုင်ငံနဲ့အတူ ဒေသတွင်းနိုင်ငံတွေဖြစ်ကြတဲ့ လာအို၊ ကမ္ဘောဒီးယားတို့ အပြင် ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်နဲ့ နီပေါလ် နိုင်ငံတို့ ပါဝင်ကြတာတွေ့ရပါတယ်။
မက္ကဆီကို နယ်စပ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမေရီကန် တပ်ဖွဲ့ဝင်တွေအနေနဲ့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်တာအပြင် လိုအပ်ရင် လက်နက်အင်အားပါ အသုံးပြုဖို့ သမ္မတ Donald Trump အစိုးရက ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်