မြန်မာနိုင်ငံက ကာဒီနယ် ရဟန်းအမတ် Charles Maung Bo ကို အာရှ ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးများအဖွဲ့ FABC ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြောက်လိုက်ကြပါတယ်။
အမေရိကန် အခြေစိုက် ဆော်ဒီသတင်းစာဆရာ အသတ်ခံခဲ့ရတဲ့လုပ်ရပ်ကြောင့် ဆော်ဒီနိုင်ငံကို ကျောခိုင်းခဲ့မယ်ဆိုရင်၊ ဆိုးရွားတဲ့အမှားတခု ဖြစ်လိမ့်မယ်လို့ သမ္မတ Donald Trump က သတိပေး လိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol ရဲ့ ဥက္ကဋ္ဌသစ်အဖြစ် တောင်ကိုရီးယား နိုင်ငံသား Kim Jong Yang ကို အထွေထွေညီလာခံမှာ ဒီကနေ့ပဲ မဲခွဲရွေးချယ်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း တောမီးလောင်ကျွမ်းမှုမှာ သေဆုံးသူ ၈၁ ယောက် ရှိခဲ့ပြီး အခုအချိန်မှာတော့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ အနေနဲ့သူတိုရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ရှာဖွေနေကြပါတယ်။
Interpol လို့ခေါ်တဲ့နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် တောင်ကိုရီးယားနိုင်ငံက Kim Jong Yang ကိုအမေရိကန် ပြည်ထောင်စုက ထောက်ခံတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က မနေ့တုန်းကပဲပြောလိုက်ပါ တယ်။
စစ်မက်ဆိုင်ရာပြစ်မှုကျူးလွန်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ပစ်မှုတွေမှာ တာဝန်ရှိသူတွေ ကိုအရေးမယူပဲထားတဲ့လုပ်ရပ်တွေကို အဆုံးသတ်ဖို့နဲ့ စစ်ပြေးရှောင်အိုးအိမ်မဲ့ဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးမှုတွေကို ခွင့်ပြုဖို့ ဥရောပရောက် တိုင်းရင်းသားကိုယ်စားလှယ်တွေ ကတောင်းဆိုလိုက်ပါတယ်။
အမေရိကန်အခြေစိုက် ဆော်ဒီနွယ်ဖွား သတင်းထောက်တဦးကို ရက်စက်စွာ သတ်ဖြတ်လိုက်တာကြောင့် ဆော်ဒီအာရေးဗီးယားကို စွန့်ပယ်လိုက်မယ်ဆိုရင် ကြီးမားတဲ့ မှားယွင်းမှုကြီးဖြစ်မယ်လို့ သမ္မတ Donald Trump က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ထဲမှာ ရေနယ်နိမိတ်အငြင်းပွားနေတဲ့ တရုတ်နဲ့ ဖိလစ်ပိုင်ကြား ဖိလစ်ပိုင်ကမ်းလွန်မှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပူးတွဲတူးဖော်ရေးသဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုထဲကို တရားဝင် ဝင်ရောက်လာတာ မဟုတ်သူတွေကို ခိုလှုံခွင့်လျှောက်ထားခွင့်တားမြစ်တဲ့သမ္မတ DonaldTrump ရဲ့ဥပဒေသစ်ကို ယာယီဆိုင်းငံ့ထားဖို့ ပြည်ထောင်စုတရားသူကြီးတယောက်က ဆုံးဖြတ်လိုက်ပါတယ်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေးကို လူထုအတွက် တကယ်တမ်း အကျိုးရှိမယ့်နည်းလမ်းနဲ့ ပြင်ဆင်ဖို့ ကြိုးစားသွားမယ်လို့ ပြည်သူ့ ပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောကြားလိုက်ပါတယ်။
ဂျပန် Nissan ကားကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌ Carlos Ghosn ကို ငွေကြေး အလွဲသုံးစားလုပ်မှုစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးလိုက်ပါတယ်။
၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားဝင်နှောင့်ယှက်ခဲ့သလားဆိုတာ စုံစမ်းနေတဲ့ အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့မေးမြန်းချက်တွေကို မျက်နှာချင်းဆိုင် ဖြေချင်မှ ဖြေကြားမယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။
ဟောင်ကောင်မှာ ၂၀၁၄ ခုနှစ်တုန်းက စီးပွားရေးအချက်အချာကျတဲ့နေရာမှာ ပိတ်ဆို့ သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီရေးတောင်းဆိုလှုပ်ရှားသူ ၉ ယောက်ကို ဒီကနေ့ စတင်စစ်ဆေးပါတယ်။
မြန်မာအစိုးရ ဟိုတယ်နဲ့ ခရီးသွှွားလုပ်ငန်းဝန်ကြီးဌာနက စနေနေ့မှာ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ အခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ၂.၈၄ သန်း လာရောက် လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယ ရူပီးငွေ သန်း(၃၀)တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံက ရွှေချောင်းတွေကို အိန္ဒိယနိုင်ငံထဲ တရားမဝင် သယ်ဆောင်မှုအတွက် အနောက်ဘန်ဂေါ ပြည်နယ်သား တဦးကို ဖမ်းဆီးခဲ့တယ်လို့ DRI အိန္ဒိယ အခွန်ဘဏ္ဍာဆိုင်ရာ ထောက်လှမ်းရေးဌာနက တနင်္ဂနွေ မနေ့တုန်းက ပြောပါတယ်။
၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ရုရှားရဲ့ ဝင်ရောက် စွက်ဖက်မှုတွေအကြောင်း စုံစမ်း ဖော်ထုတ်နေတဲ့ အထူး စုံစမ်း စစ်ဆေးရေးမှူး Robert Mueller နဲ့ တဦးချင်းထိုင်ပြီး လူတွေ့ မေးမြန်းခွင့် ပြုမှာမဟုတ်ဘူးလို့ သမ္မတ Donald Trump က ပြောပါတယ်။
Papua New Guinea နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ညီလာခံဟာ တရားဝင် သဘောတူညီချက် တစုံတရာ မရရှိဘဲ တနင်္ဂနွေနေ့က ပြီးဆုံးသွားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံမှာ အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ ထက်မနည်း သေဆုံးသွားတယ်လို့ ဆီးရီးယားသတင်းမီဒီယားတွေ နဲ့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖဲ့ွ့က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် ရွေးကောက်ပွဲ မဲရလဒ်တွေကို ပြန်လည် ရေတွက်မှုက ဒီကနေ့ တနင်္ဂနွေနေ့မှာ အပြီးသတ်ဖို့ ရှိနေပါတယ်။
ဆော်ဒီသတင်းထောက် Jamal Khashoggi အသတ်ခံရမှုနဲ့ပတ်သက်တဲ့ အပြီးသတ် ဆုံးဖြတ်ချက်ကို အမေရိကန်အစိုးရက မချရသေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်