တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe ဟာ မြန်မာ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှုးကြီး စိုးဝင်း၊ ထိုင်းလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Luechai Ruddit တို့ကို ဘီဂျင်းမြို.တော်မှာ တနေ့ထဲ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ One China Policy - တရုတ်တနိုင်ငံထဲ ပေါ်လစီကို ဆက်လက် ထားရှိသွားမယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
ပါပူဝါနယူးဂီနီမှာ ကျင်းပတဲ့ အာရှနဲ့ ပစိဖိတ်ဒေသပူးပေါင်းဆောင်းရွက်ရေးအဖွဲ့ APEC ညီလာခံတက်ရောက်နေတဲ့ အမေရိကန် ဒုသမ္မတ Mike Pence နဲ့ တရုတ်သမ္မတ Xi Jinping တို့ဟာ ညီလာခံမိန့်ခွန်းပြောကြားစဉ်အတွင်း အမေရိကန်နဲ့ တရုတ်တို့ရဲ့ စီးပွါးရေးရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြောကြားခဲ့ပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသားက သတင်းထောက် Jamal Khashoggi ကိုသတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ကောက်ချက်ချခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းမှာ လူသေဆုံးမှုအများဆုံးဖြစ်တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် ပျောက်ဆုံးသူဦးရေဟာ ၁ ထောင်ကျော်သွားပြီးဖြစ်ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၇၁ ယောက်ရှိသွားပြီဖြစ်တယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်တဲ့ တော်မီးကို အတော်လေး ထိန်းချုပ်ငြိမ်းသတ်လာနိုင်နေချိန်မှာ၊ သေဆုံးသူက အနည်းဆုံး ၆၃ ဦး ရှိပြီး၊ နောက်ထပ်လူပေါင်း ၆၀၀ ကျော်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
CNN သတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် Jim Acosta ရဲ့ အမေရိကန်သမ္မတအိမ်ဖြူတော်မှာသတင်းယူခွင့်ရုပ် သိမ်းခံထားရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ သတင်းယူပိုင်ခွင့်ကိုပြန်ပေးအပ်ဖို့ ဝါရှင်တန်ဒီစီမြို့တော်ရဲ့ တရားသူကြီး Timothy Kelly က သမ္မတဒေါ်နလ်ထရမ့်အစိုးရကို မနေ့ကပဲ အမိန့်ချမှတ်ခဲ့ပါတယ်။
ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံခွဲထွက်ရေးကိစ္စ လွှတ်တော်ကနေဆုံးဖြတ်ချက်ချနိုင်ဖို့ အရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရ တဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေက ဆုံးဖြတ်ချက်မှုကြမ်းထွက်ပေါ်လာရေး ဗြိတိန်ပြည်သူတွေသူ့ဘက်ကနေရပ်တည်ပေး ကြဖို့ မနေ့ကပဲတိုက်တွန်းလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ သက်ရှိထင်ရှား ကျန်နေသေးတဲ့ ခမာနီခေါင်းဆောင် ၂ ယောက်ဟာ၊ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက လူမျိုးတုန်း သတ်ဖြတ်မှုတွေအတွက် အပြစ်ရှိကြောင်း နိုင်ငံတကာ တရားခွင်က ဆုံးဖြတ်လိုက်ပြီး ထောင်ဒဏ်တသက် အပြစ်ပေးလိုက်ပါတယ်။
ဥရောပသမဂ္ဂထဲက ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးသဘောတူညီချက် မူကြမ်းကို ဗြိတိန်အစိုးရအဖွဲ့က သဘောတူလိုက်ပါပြီ။
သတင်းထောက် Jim Acosta အိမ်ဖြူတော် သတင်းယူခွင့် ပြန်လည် ရရှိရေး CNN က တရားစွဲဆိုတဲ့ အမှုကို သူတို့ရဲ့ ပြိုင်ဘက် Fox News အပါအဝင် သတင်းဌာနကြီးတွေ အများအပြားက ထောက်ခံ ပံ့ပိုးပေးမယ်လို့ ကြေညာကြပါတယ်။
အမေရိကန်အောက်လွှတ်တော်မှာ ဒီမိုကရက်တွေ နောက်ထပ် အမတ်တနေရာ ရရှိသွားပါပြီ။ နယူးဂျာစီပြည်နယ်ရဲ့ တတိယမဲဆန္ဒနယ်မှာ လူသစ်နိုင်ငံရေးသမား Andy Kim အနိုင်ရကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်တာပါ။
သီရိလင်္ကာနိုင်ငံမှာ ဝန်ကြီးချုပ် Mahinda Rajapaksa အပေါ် အယုံအကြည်မရှိ အဆိုကို ဒီကနေ့ပဲ လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တဲ့အတွက် နိုင်ငံရေး အကျပ်အတည်းတွေလည်း ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။
ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ Hamas နဲ့ အပစ်အခတ် ရပ်စဲခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ နုတ်ထွက်တဲ့အကြောင်း အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး Avigdor Lieberman က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ခဲ့ရတဲ့ တောမီးလောင်ကျွမ်းမှုမှာ သေဆုံးသူတွေရဲ့ အလောင်းတွေကို ရှာဖွေရေးအဖွဲ့ဝင်တွေ ထပ်မံတွေ့ရှိခဲ့တဲ့အတွက် သေဆုံးသူအရေအတွက် စုစုပေါင်းဟာ အခုဆိုရင် ၄၈ ယောက်အထိ ရှိသွားပါပြီ။
စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကနေ မြန်မာနိုင်ငံက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ရက်စက်မှုတွေမှာ တာဝန်ရှိသူတွေကို အပြည့်အ၀ အရေးယူပေးရေး တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်ကြဖို့ ပြင်ဆင်နေပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ တပြိုင်ထဲလောင်နေတဲ့ တောမီးတွေကို ထောင်ပေါင်းများစွာသော မီးသတ်သမားတွေ ငြိမ်းသတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီတောမီးတွေကြောင့် အနည်းဆုံး လူ ၄၄ ဦး သေဆုံးပြီး ၂၂၈ ဦးလောက်လဲ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
Singapore မှာ ဒီကနေ့ကျင်းပတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲ ကြေညာချက်မူကြမ်းထဲမှာ ရခိုင်ပြည်နယ်က ဆိုးဝါးရက်စက်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့သူတွေကို အပြည့်အဝအရေးယူဖို့ တောင်းဆိုထားပါတယ်။
နိုဝင်ဘာလလယ်ကစပြီး ရိုဟင်ဂျာဒုက္ခသည် ၂ ထောင်ကျော်ကို မြန်မာနိုင်ငံဖက် ပြန်ပို့မယ့်ကိစ္စကို ဆိုင်းထားဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
California ပြည်နယ်မြောက်ပိုင်းမှာ အရှိန်ပြင်းပြင်းနဲ့ လောင်းကျွမ်းနေတဲ့ မီးကြောင့် သေဆုံးသူ ၄၂ ယောက်ထက် မနည်းရှိသွားပါပြီ။ ဒါဟာ ပြည်နယ်သမိုင်းမှာ သေဆုံးမှုအများဆုံး မီးလောင်ကျွမ်းမှုဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်