ဒုံးလက်နက်တွေ ကွယ်ဝှက်ထားနိုင်တဲ့ မြောက်ကိုရီးယားက အသိမပေးပဲ ထားတဲ့ စခန်း ၁၃ ခု ရှိနေတယ်လို့ ဝါရှင်တန် အခြေစိုက် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဗဟိုဌာနက ပြောပါတယ်။
၂၀၁၈ အရှေ့တောင်အာရှ အာဆီယံ ဆူဇူူကီးဖလားဘောလုံးပွဲမှာတော့ မြန်မာအသင်းက ပွဲဦးထွက်အနိုင်ရသွားပါတယ်။
California ပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ အရှိန်ပြင်းပြင်းနဲ့ ဆက်လက်လောင်ကျွမ်းနေတဲ့ မီးကြောင့် သေဆုံးသူ ၃၀ ထက်မနည်း ရှိနေပါပြီ။ မီးကူးစက်မှုကို ဆိုးစေတဲ့ ခြောက်သွေ့တဲ့ ရာသီဥတုနဲ့ လေတိုက်နှုန်းပြင်းထန်မှုက အနည်းဆုံး အင်္ဂါနေ့အထိ ဆက်ပြီးဖြစ်နေဦးမယ်လို့ မိုးလေဝသပညာရှင်တွေ ခန့်မှန်းထားကြပါတယ်။
အရှေ့တောင်အာရှတဝန်း ဒီနှစ်ထဲဖမ်းမိတဲ့ စိတ်ကြွဆေးပြားအရေအတွက်အရ မြန်မာနိုင်ငံကနေ methamphetamine စိတ်ကြွဆေးထုတ်လုပ်မှု နောက်ထပ် စံချိန်တင်များတယ်လို့ ရည်ညွှန်းပြနေပါတယ်။
စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်သား၊ စစ်သမီးတွေကို ဂုဏ်ပြုတဲ့ စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့ Veterans Day ကို အမေရိကန်ပြည်ထောင်စုမှာ တနင်္ဂနွေနေ့က ကျင်းခဲ့ပါတယ်။
အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ ရခိုင်ပြည်နယ်အခြေနေနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်လို့ မျှော်လင့်ရသလို စင်္ကာပူကတော့ အလှည့်ကျသဘာပတိ အနေနဲ့ ဒီလိုဆွေးနွေးမှုကို ထောက်ခံကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ရိုက်တားစ်သတင်းမှာ ဖေါ်ပြထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ရဲ့ နေရပ်ရင်း၊ ဒါမှမဟုတ် သူတို့ သွားလိုတဲ့ နေရာကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာနဲ့ သူတို့ရဲ့ သဘောဆန္ဒနဲ့အညီ ပြန်ပို့နိုင်ရေးအတွက် UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ထောက်ခံကြောင်းနိုဝင်ဘာ ၁၁ ရက်၊ တနင်္ဂနွေနေ့ က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း နဲ့ မြောက်ပိုင်းမှာလောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်နိုင်ဖို့ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ အပူတပြင်းကျိုးပမ်းနေကြပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁ နာရီ အချိန်ဟာဆိုရင် ပထမ ကမ္ဘာစစ်ကို အဆုံးသတ်ခဲ့တာ နှစ်ပေါင်း ၁၀၀ တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်အတွင်း သေဆုံးခဲ့ရသူ လူန်းသန်းပေါင်း များစွာကို အောက်မေ့ သတိယတဲ့ အနေနဲ့ နိုင်ငံပေါင်း ၇၀ က ခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံ Arc de Triomphe မုခ်ဦးမှာ စုစည်းခဲ့ကြပါတယ်။
အိမ်ဖြူတော်ဆိုင်ရာ သတင်းထောက်တယောက်ကို အိမ်ဖြူတော်ထဲဝင် သတင်းယူခွင့်တားမြစ်လိုက်တာနဲ့ပတ်သက်လို့ အိမ်ဖြူတော်ပြောခွင့်ရက ကြာသပတေးနေ့မှာ ကာကွယ်တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု California ပြည်နယ်တောင်ပိုင်းက အရက်ဘားနဲ့ Club တခုမှာ လူ ၁၂ ဦးသေဆုံးအောင်ပစ်ခတ်ခဲ့သူဟာ အသက် ၂၈ နှစ်အရွယ် Ian David Long ဆိုသူဖြစ်တယ်လို့ အာဏာပိုင်တွေပြောကြားလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့ စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကိုထက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေက မြန်မာနိုင်ငံကို အတင်းပြန်ပို့မယ့် လူ ၂၀၀၀ ကျော်ထဲမှာ သူတို့ပါဝင်နေလို့ စိုးရိမ်နေရပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို မကြာခင်ရက်ပိုင်းအတွင်း ကုလသမဂ္ဂမှာ ချမှတ်ဖို့ ပြင်ဆင်နေပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းက ဘားဆိုင်တခုမှာ မနေ့ညပိုင်းက သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တဦး အပါအဝင် လူ ၁၂ ယောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဘင်္ဂလား ပင်လယ်အော်ကနေ မလေးရှားနိုင်ငံဘက်ကို ဦးတည် ထွက်ခွာလာတဲ့ ငါးဖမ်းလှေပေါ်ကနေ ရိုဟင်ဂျာ ၃၃ ဦးကို ဘင်္ဂလားဒေရှ့် ကမ်းခြေစောင့်တပ်က ကယ်တင်ခဲ့ပြီး လူကုန်ကူးသူ အဖြစ် သံသယနဲ့ လူ ၆ ဦးကို ဖမ်းဆီးထားကြောင်း တာဝန်ရှိသူ တဦးက မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ တရားမဝင် ကူးသန်းရောင်းဝယ်မှုလုပ်တဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တေါကို အမေရိကန်က ဆက်လက် ဒဏ်ခတ်အပြစ်ပေးသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
သူ့ကို တရားရေးဌာန အကြီးအကဲရာထူးက နုတ်ထွက်ဖို့ သမ္မတ Trump ရဲ့ မေတ္တာရပ်ခံချက်ကို သူလိုက်နာတာဖြစ်တယ်လို့ ရှေ့နေချုပ် Jeff Sessions က သူ့ရဲ့ စာတစောင်မှာ ဖေါ်ပြထားပါတယ်။
သမ္မတ Donald Trump ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ဘာတွေ သက်ရောက်မှု ရှိမယ် ဆိုတာကို အမေရိကန်ရဲ့ မိတ်ဖက်တွေနဲ့ ပြိုင်ဘက်တွေက တွက်ချက်နေကြချိန်မှာပဲ ကမ္ဘာ့ခေါင်းဆောင်တွေက ရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောဆိုနေကြပါတယ်။
သတင်းအကျဉ်းချုပ် (၁၁-၀၇-၂၀၁၈)
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း ဓာတုပစ္စည်းသုံး စိတ်ကြွဆေးပြား - အထူးသဖြင့် မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေ ထုတ်လုပ်မှုဟာဆိုရင် ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးရတဲ့ အခြေအနေမျိုး အထိကို ရောက်လာနေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်