ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေကို ကြာသပတေးနေ့က ကစားကြတာမှာ အုပ်စု G က အင်္ဂလန်နဲ့ ဘယ်လ်ဂျီယမ်ပွဲမှာ ဘယ်လ်ဂျီယမ်က ၁ ဂိုး ဂိုးမရှိ၊ ပနားမားနဲ့ တူနီးရှားပွဲမှာ တူနီးရှားက ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင်ရသွားကြ ပါတယ်။
ကြာသပတေးနေ့က မေရီလန်းပြည်နယ်၊ Annapolis မြို့က သတင်းစာတိုက် ရုံးခန်းတွေမှာ သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရသူ အနည်းဆုံး ၅ ဦးရှိနေပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ မနက်ဖြန် ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့အထိ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ပြီး ဒါကာ မြို့တော်အပြင် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် အများအပြား ခိုလုံနေထိုင်နေတဲ့ နယ်စပ်က Cox’s Bazar မြို့ကိုလည်း သွားရောက်မယ့်အကြောင်း ကုလသမဂ္ဂက ဒီကနေ့ သတင်းထုတ်ပြန် ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ဟာ လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့မှာ ဖင်လန်နိုင်ငံ၊ Helsinki မြို့မှာ ပထမဆုံးအကြိမ် တရားဝင် ထိပ်သီးစည်းဝေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့က သဘာ၀ လိုဏ်ဂူအတွင်း လွန်ခဲ့တဲ့ ၅ ရက်ကတည်းက ပျောက်ဆုံးနေတဲ့ ကျောင်းသားလူငယ် ၁၂ ဦးနဲ့ သူတို့ရဲ့ ဘောလုံးနည်းပြကို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အမေရိကန်စစ်တပ်လည်း ပါဝင် ကူညီလာပြီ ဖြစ်ပါတယ်။ အဲဒီ နေရာမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သူတို့ပိတ်မိနေတဲ့ ဂူထဲမှာ ရေကြီးမှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့က လိုဏ်ဂူအတွင်း လွန်ခဲ့တဲ့ ၅ ရက်ကတည်းက ပျောက်ဆုံးနေတဲ့ ကျောင်းသားလူငယ် ၁၂ ဦးနဲ့ သူတို့ရဲ့ ဘောလုံးနည်းပြကို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အမေရိကန်စစ်တပ်လည်း ပါဝင် ကူညီလာပြီ ဖြစ်ပါတယ်။ အဲဒီ နေရာမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သူတို့ပိတ်မိနေတဲ့ ဂူထဲမှာ ရေကြီးမှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်းအတွက် ၂၄ နာရီလုံး တောက်လျှောက် အကူအညီပေးနိုင်တဲ့ စက်ပစ္စည်းနဲ့ လူအင်အား အပြည့်အစုံ သူတို့မှာ ပါလာကြောင်း ဒီကနေ့ ထိုင်းနိုင်ငံကို ရောက်လာတဲ့ အမေရိကန် ရှာဖွေ၊ ကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak နဲ့ ဆက်စပ်မှုရှိတဲ့ အဆောက်အဦးတွေကို ဝင်ရောက် စီးနင်းရာကနေ စုစုပေါင်း ဒေါ်လာ ၂၇၅ သန်း နီးပါး တန်ဖိုးရှိတဲ့ ငွေသား၊ လက်ဝတ်ရတနာနဲ့ လက်ကိုင်အိတ်တွေကို သိမ်းဆည်းရမိတယ်လို့ မလေးရှားရဲက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ စတင်တဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ထိပ်တန်းစစ်တပ်တပ်မှူး။ တပ်မှူးကြီးတွေအပါအဝင် မြန်မာတာဝန်ရှိသူ ၁၃ ယောက်ဟာ ရိုဟင်ဂျာတွေအပေါ် လူသားထုအပေါ်ကျူးလွန်တဲ့ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရှိထားတယ်လို့ Amnesty International လူ့အခွင့်အရေးအဖဲ့ွကြီးက ပြောကြားခဲ့ပါတယ်။
ဇွန်လ၂၆ရက်နေ့က ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေထဲမှာ အုပ်စုCက သြစတေးလျနဲ့ပီရူးပွဲမှာတော့ ပီရူးက ၂ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပေမဲ့လည်း ၂သင်းလုံးက နောက်တဆင့်တက်ဖို့အမှတ်မမှီတာကြောင့် ထွက်သွားခဲ့ပါပြီ။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေး ကူညီဖို့ ကုလသမဂ္ဂက အခိုင်အမာဆုံးဖြတ်ထားတဲ့အကြောင်း ကုလသမဂ္ဂငြိမ်းချမ်းရေးထိမ်းတပ်လုပ်ငန်းစဉ်များဆိုင်ရာ လက်ထောက်အတွင်း ရေးမှူးချုပ် Jean Pierre Lacroix က တနင်္ဂနွေညက ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတုန်းမှာ သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပြီး ဥရောပသမဂ္ဂ (EU) နဲ့ ကနေဒါနိုင်ငံတွေက မြန်မာလုံခြုံရေး အရာရှိတွေအပေါ် ပြစ်ဒဏ်ခတ် အရေးယူလိုက်တဲ့အပေါ် အမေရိကန်က ကြိုဆိုလိုက်ပါတယ်။
လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေကို ဆန်းစစ်ဖို့ မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC ဥက္ကဌ Peter Maurer ဟာ ဒီကနေ့ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်ကို သွားရောက်ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ထဲက ရေဝင်နေတဲ့ လှိုဏ်ဂူတခုထဲ အလည်အပတ်ဝင်သွားရာက ပျောက်ဆုံးနေတဲ့ လူငယ်ဘောလုံးအသင်းက လူငယ် ၁၂ ယောက်နဲ့ နည်းပြဆရာတဦးတို့ကို ရှာဖွေတဲ့လုပ်ငန်းတွေ ပြန်စနေပါပြီ။
ဗီယက်နမ် နိုင်ငံ မြောက်ပိုင်းမှာ မိုးသည်းထန်ပြီး ရေကြီး မြေပြိုတာကြောင့် ၁၅ ဦး သေဆုံးခဲ့ရပါတယ်။ သဘာ၀ ဘေးဒဏ် အတွင်း အိမ်တွေ မျောပါ၊ ကောက်ပဲသီးနှံတွေနဲ့ လမ်းတွေလည်း ပျက်စီးခဲ့ရပြီး အနည်းဆုံး ၁၁ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဘေးဒုက္ခ ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနက ပြောဆိုထားပါတယ်။
သတင်းအကျဉ်းချုပ် (၀၆-၂၆-၂၀၁၈)
ဆော်ဒီ အာရေးဘီးယားနိုင်ငံမှာ အမျိုးသမီးတွေ ယာဉ်မောင်းခွင့်ကို နှစ်ပေါင်းများစွာ ပိတ်ပင်ကန့်သတ်ထားတာ ရုပ်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် ဆော်ဒီစံတော်ချိန် တနင်္ဂနွေညသန်းခေါင်ကစပြီး အမျိုးသမီးတွေ ယာဉ်မောင်းခွင့် ရသွားပါပြီ။
အီရန်နိုင်ငံရဲ့ ပိုပြီးတော့ဆိုးလာတဲ့ စီးပွားရေးအခြေအနေအပေါ် မကျေနပ်ကြတဲ့ အီရန်နိုင်ငံသား ရာပေါင်းများစွာဟာ တနင်္လာနေ့ က တီဟီရန်မြို့တော်မှာ စုဝေးဆန္ဒပြကြတာကြောင့် နှစ်ပေါင်းများစွာအတွင်း အီရန်အစိုးရဆန့်ကျင်ရေး အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်သွားပါတယ်။
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်ချုပ်ချယ်မှု၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်မှု စွပ်စွဲချက်နဲ့ မြန်မာ လုံခြုံရေး အရာရှိ ၇ ဦးကို EU ဥရောပ သမဂ္ဂက ပစ်မှတ်ထားဒဏ်ခတ် အရေးယူပါတယ်။
ထိုင်းနိုင်ငံမှာ လူငယ်ဘောလုံးသမား ၁၂ ယောက်နဲ့ နည်းပြဆရာတဦး လှိုဏ်ဂူတခုထဲ အလည်အပတ်သွားချိန်မှာ ရေတက်လာရာက ပျောက်ဆုံးနေတဲ့အတွက် အရေးပေါ် ကယ်ဆယ်နိုင်ဖို့ ရှာဖွေနေတာ ဒီနေ့ဆိုရင် ၃ ရက်ရှိလာနေပါပြီ။
တရားမဝင်ဝင်ရောက်သူတွေကို ဌာနပြန်ပို့ဖို့ ကောင်းတယ်လို့ Trump ပြော၊ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် ကန့်သတ်ချက်တွေမဖယ်ရှားဘူးဆိုရင် လက်တုံ့ပြန်တာတွေရင်ဆိုင်ရမယ်လို့ ကုန်သွယ်ဘက်နိုင်ငံတွေကို သမ္မတTrump သတိပေး
နောက်ထပ်ကြည့်ရှုရန်