စင်္ကာပူနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့က ကျင်းပတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား သမိုင်းဝင် ထိပ်သီးဆွေးနွေး ပွဲအတွက် ကုန်ကျငွေဟာ အမေရိကန် ဒေါ်လာ ၁၂ သန်းရှိတယ်လို့ စင်္ကာပူအစိုးရက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အရင်က သတင်းတွေမှာတော့ ဒေါ်လာ ၁၅ သန်းနီးပါး ရှိမယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
တူရကီနိုင်ငံမှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ သမ္မတ Recep Tayyip Erdogan က ပြောသလို သူ့ရဲ့ AK ပါတီနဲ့ မဟာမိတ်တွေ လွှတ်တော်အမတ်နေရာအများစုကို အနိုင်ရတယ်လို့လည်း ပြောပါတယ်။
မက္ကဆီကို နယ်စပ်ကို ဖြတ်ပြီး အမေရိကန် ပြည်ထောင်စုကို တရားမဝင် ဝင်ရောက်လာကြသူတွေထဲကနေ ဒီသတင်းပတ်တွေ အတွင်း မိဘတွေနဲ့ ခွဲခြား ထိန်းသိမ်းထားတဲ့ ကလေးငယ် ၂၀၅၃ ဦး ရှိနေတဲ့ နေရာတွေကို သိရှိထားပြီး အခုတော့ မိသားစုနဲ့ ပြန်လည် ပေါင်းစည်းနိုင်ရေး ဆောင်ရွက်နေကြောင်း အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်ဖြစ်တဲ့ အုပ်စု G ရဲ့ ဒုတိယ အုပ်စုပတ်လည် ပြိုင်ပွဲဖြစ်တဲ့ အင်္ဂလန်နဲ့ ပနားမားအသင်းတိုှ့ ယှဉ်ပြိုင် ကစားခဲ့ကြတာမှာ အင်္ဂလန်အသင်းက ခြေစွမ်းပြပြီး ပြိုင်ဘက်အသင်းကို ၆ ဂိုး၊ ၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရသွားပါတယ်။
ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေ ဆက်လက်ကစားရာမှာ ဒီကနေ့မှာတော့ ပထမဆုံးပွဲအဖြစ် ဘယ်လ်ဂျီယံနဲ့ တူနီးရှားတို့ ကစားခဲ့ကြရာမှာ ဘယ်လ်ဂျီယံက ၅ ဂိုး၊ တူနီးရှားက ၂ ဂိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။
နျူကလီးယားလက်နက်ဖျက်သိမ်းရေးအစီအစဉ်အပြည့်အဝဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေ မြောက်ကိုရီးယားမှာ စတင်နေပြီလို့ အမေရိ ကန် သမ္မတ Donald Trump က မနေ့တုန်းကပဲ ပြောလိုက်ပါတယ်။
မနေ့ကနောက်ဆုံးကစားခဲ့တဲ့ အုပ်စု Dက အာဂျင်တီးနားနဲ့ ခရိုအေးရှားပွဲကတော့ အထူးခြားဆုံးလို့ ဆိုရမှာပါ။ ကမ္ဘာ့ဖလားကို ၂ကြိမ်ပိုင်ခဲ့ဖူးတဲ့ ကမ္ဘာကျော်အာဂျင်တီးနားဟာ ခရိုအေးရှားအသင်းကို ၃ဂိုး ဂိုးမရှိနဲ့အရှုံးပေး ခဲ့ရပါတယ်။ လူကြိုက်များတဲ့ အာဂျင်တီးနားဘောသမား မက်ဆီ ဒီတပွဲမှာလည်းခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
ICRC လို့ခေါ်တဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ ဥက္ကဌ Peter Maurer ဟာ ICRC အဖွဲ့ဝင်တွေလုပ်ကိုင်ဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazarဒေသတွေက အခြေအနေတွေကို သွားရောက်လေ့လာဖို့ ဇွန်လ၂၅ရက် ကနေ ဇူလိုင်၃ရက်နေ့အထိ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို အလည်အပတ်ရောက်လာပါလိမ့်မယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှာ ဖြစ်ပွါးတဲ့တိုက်ပွဲတွေ အဆုံးသတ်နိုင်ဖို့ ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်ထည်ဖေါ်နိုင်ရေး ရုရှားသမ္မတ Vladimir Putin နဲ့ ယူကရိန်း သမ္မတ Petro Poroshenko တို့ ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားသတင်းမီဒီယာတွေမှာဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးနဲ့ တာဝန်ခံမှုတွေရှိဖို့ ယုံကြည်စိတ်ချနိုင်မယ့် စုံစမ်းစစ်ဆေးမှုတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဆုံးသတ်မှာ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ထိပ်သီးတွေ့ဆုံဖို့ စီစဉ်နေကြောင်း နီးစပ်သူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြနေကြပါတယ်။ သမ္မတTrump ရဲ့ ရှေ့လ ဥရောပခရီးစဉ်အတွင်း ထိပ်သီးတွေ့ဆုံဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်နေကြတာပါ။
ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အုပ်စုပွဲစဉ်တွေ ဒီကနေ့ ဆက်လက်ယှဉ်ပြိုင်ရာမှာ ပထမဆုံးပွဲစဉ်အဖြစ် ဒိန်းမတ်နဲ့ သြစတြေးလျအသင်းတို့ ကစားနေကြပါပြီ။ ဒိန်းမတ်အသင်းဟာ ပွဲဦးထွက် အုပ်စုပွဲစဉ်တွေမှာ ပီရူးအသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ကစားပြီး လတ်တလော အုပ်စု C မှာ ဒုတိယနေရာရထားပါတယ်။
မနေ့ကကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပေါ်တူဂီနဲ့မော်ရိုကိုပွဲမှာ ပေါ်တူဂီက ၁ဂိုး ဂိုးမရှိနဲ့အနိုင်ရသွားပါတယ်။ ပေါ်တူဂီအတွက် ဒီဂိုးကို ရော်နယ်ဒို ကပွဲစပြီး လေးမိနစ်အကြာမှာသွင်းယူလိုက်တာပါ၊၊ မော်ရိုကိုအသင်းဟာ ကစားတဲ့နေရာမှာ ပေါ်တူဂီထက်ခြေသာပြီး အားသွန်ခွန်စိုက်ကစားနိုင်ပေမဲ့ ဂိုးသွင်းမသေချာတဲ့အတွက် ပြန်လည်မချေပနိုင်ဖြစ်သွားပါတယ်။
ရုရှားမှာ ကျင်းပနေတဲ့ ကမ္ဘာဖလားပွဲစဉ်တွေမှာတော့ အုပ်စု B ပေါ်တူဂီနဲ့ မော်ရိုကိုတို့ မော်စကိုမြို့တော်က Luzhniki ကွင်းမှာ အခု ကစားနေကြပါပြီ။ အုပ်စုပွဲ အတွင်း မော်ရိုကို အသင်းက အီရန်ကို ရှုံးထားပြီး ပေါ်တူဂီ အသင်းကတော့ စပိန်နဲ့ သရေကစားထားတာပါ။ အခုပွဲမှာတော့ ပေါ်တူဂီဘက်က အနိုင်ရဖို့ သေချာပေါက်လို့လည်း ခန့်မှန်းထားကြပါတယ်။
အင်ဒိုနီးရှား နိုင်ငံ ဆူမတြားကျွန်းက လူသိများ ကျော်ကြားတဲ့ ရေကန်ကြီးထဲမှာ ဒီသတင်းပတ် အစောပိုင်းတုန်းက ကူးတို့ရေယာဉ် နစ်မြုပ်ခဲ့ပြီးနောက် လူပေါင်း ၁၉၀ ကျော် ပျောက်ဆုံးနေတယ်လို့ အာဏပိုင်တွေက ပြောဆိုထားပါတယ်။
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း အခြေခံ အခွင့်အရေးတွေ ရရှိရေး တောင်းဆိုဆန္ဒပြကြပါတယ်။
အမေရိကန် နိုင်ငံထဲမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို အရေးယူချင်တယ် ဆိုရင် သူတို့ဆီက ကလေးငယ်တွေကို အဝေးမှာ ရွှေ့ထားရမှာ ဖြစ်ပါတယ်လို့ အမေရိကန်သမ္မတ Donald Trump ကပြောပါတယ်။
အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်း နယ်စပ်မှာ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက မိဘတွေနဲ့ခွဲထားတဲ့ ကလေးငယ်တွေရဲ့ မိဘတွေနဲ့ ပြန်တွေ့ရဖို့ ငိုယိုတောင်းပန်နေကြတဲ့ အသံဖိုင် တခု မနေ့ တနလာၤနေ့က ထွက်ပေါ်လာပြီးနောက်မှာတော့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုကို လုံး၀ သည်းမခံတဲ့ အမေရိကန် သမ္မတ Donald Trump အစိုးရရဲ့ မူဝါဒသစ်နဲ့ အစိုးရ အနေနဲ့ ထပ်ပြီး ဝေဖန်ခံနေရပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံး သေဒဏ်စီရင်ခဲ့တာနဲ့ ပတ်သက်လို့ AmnestyInternational အဖွဲ့ကြီးက ပြစ်တင် ဝေဖန်လိုက်ပါတယ်။ ဘန်ကောက်မြို့တော် အပြင်ဘက်က အကျဉ်းထောင် တခုမှာ အသက် ၂၆ နှစ်အရွယ် Theerasak Longi ကို တနင်္လာနေ့က ဆေးထိုးပြီး သေဒဏ်စီရင်ခဲ့တယ်လို့ အကျဉ်းထောင် ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။
မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ပြီးခဲ့တဲ့ သီတင်းပတ် စကာၤပူက ထိပ်သီးဆွေးနွေးပွဲမှာ ရရှိထားတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ကြောင်း တရုတ်သမ္မတရဲ့ ပြောဆိုချက်ကို တရုတ်နိုင်ငံပိုင် CCTV က ဖော်ပြပါတယ်။ တရုတ်ကို လာတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို ကြိုဆိုခဲ့တဲ့ တရုတ် သမ္မတ Xi က အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်