ကမ္ဘာ့ဖလားနိုင်မယ့် အသင်း တိရစ္ဆာန်တွေကို ခန့်မှန်းခိုင်းတဲ့ အစဉ်အလာအတိုင်း စိန့် ပီတာစဘတ်မြို့မှာ ရုရှားနဲ့ အီဂျစ်နိုင်ငံ အလံပါတဲ့ အစာပုံးနှစ်ခုကို ချပြီး ကျားနဲ့ကြောင်ကို ရွေးခိုင်းခဲ့ပါတယ်။
သတင်းအကျဉ်းချုပ် ၀၆.၁၉.၂၀၁၈
အဖမ်းဆီးခံ Reuters သတင်းသမား ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကို ဇွန်လ ၁၈ ရက် တနင်္လာနေ့က One World Media အဖွဲ့က ဆုချီးမြှင့်လိုက်သလို Society of Publishers in Asia အာရှဒေသတွင်း ထုတ်ဝေသူများအဖွဲ့ SOPA က ကိုဝလုံးအပါအဝင် ရိုက်တားစ် သတင်းသမားတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဌ Jim Yong Kim တို့ဟာ အခုလာမယ့် ဇူလိုင်လ ၁ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazarဒေသမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုသွားဖို့ရှိတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်က လာတဲ့သတင်းတွေမှာဖေါ်ပြထားပါတယ်။
အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်ဒေသမှာ အထောက်အထားမပါပဲ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်လာကြသူတွေရဲ့ ရင်သွေးတွေကို မိဘတွေနဲ့ ခွဲပြီး တကွဲတပြားစီ ထိန်းသိမ်းထားတဲ့ ကိစ္စအတွက် လူတွေ ဒေါသထွက်နေကြချိန်မှာပဲ အမေရိကန်ပြည်ထောင်စုဟာ ရွှေ့ပြောင်းအခြေချသူတွေနေထိုင်ရာ စခန်းတခု မဟုတ်သလို ဒုက္ခသည်တွေကို လက်ခံထားရာ နေရာတခုလည်း မဟုတ်ဘူးလို့ သမ္မတ Donald Trump က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
တူနီးရှားနဲ့ အင်္ဂလန်ပွဲမှာ အင်္ဂလန်က တူနီးရှားကို (၂ ဂိုး- ၁ဂိုးနဲ့)နိုင်ခဲ့ပါတယ်။
အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေကို အခုသီတင်းပတ်အတွင်း ကြီးမားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အောက်လွှတ်တော်မှာ ပြင်ဆင်နေကြချိန်မှာဘဲ အထောက်အထားမပါဘဲ တိုင်းပြည်အတွင်း ဝင်လာကြသူတွေရဲ့ ရင်သွေးတွေကို မိဘတွေနဲ့ တကွဲတပြားစီ ခွဲခြား ထိန်းသိမ်းထားတဲ့ကိစ္စကို သမ္မတ Trump အစိုးရက ခုခံကာကွယ်နေပါတယ်။
ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေရဲ့ ၅ ရက်မြောက်နေ့အဖြစ် ရုရှားနိုင်ငံမှာ ဒီကနေ့ ဆက်လက် ကျင်းပတာမှာ မကြာသေးခင် မိနစ်ပိုင်းအတွင်းက ပြီးဆုံးသွားတဲ့ အုပ်စု (F) က ဆွီဒင်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ပွဲစဉ်မှာ ဆွီဒင်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ကို တနင်္ဂနွေနေ့က ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ဟာ ဒီကနေ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုအသိုင်းဝိုင်းတွေနဲ့ တွေ့ဆုံခဲ့ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မင်းသားကြီး Norodom Ranariddh ဟာ တနင်္ဂနွေနေ့ ကားမတော်မဆဖြစ်မှုမှာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တယ်လို့ ကမ္ဘောဒီးယားရဲတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မတော်တဆဖြစ်မှုမှာ သူ့ကြင်ယာတော် သေဆုံးခဲ့ရပြီး ၇ ဦးထက်မနဲ ဒဏ်ရာတွေ ရခဲ့ပါတယ်။
တနင်္ဂနွေနေ့က ဂျာမနီနဲ့ပွဲမှာ မက္ကဆီကိုအသင်း အနိုင်ရလိုက်ပြီးတဲ့နောက် မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကို စီးတီးမြို့တော်မှာ ဘောလုံးပွဲကြည့်နေတဲ့ ပရိသတ်တွေ ထခုန်တာကြောင့် ငလျင်ငယ်တခု လှုပ်သွားသလိုမျိုးထိ ငလျင်တိုင်းစက်တွေမှာ သွားပေါ်ပါ တယ်။
“ဒုက္ခသည်ဆိုင်ရာ ကမ္ဘာ့ သဘောတူစာချုပ်” တခုကို ဒီနှစ်အတွင်း ရအောင်လုပ်ဖို့ အစိုးရတွေရဲ့ ရည်မှန်းချက်ဟာ ပဋိပက္ခနဲ့ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှုတွေကြောင့် နိုင်ငံစွန့်ခွါ ထွက်ပြေးရသူတွေအတွက် အထောက်အပံ့နဲ့ အကာအကွယ်ပေးရေး၊ တာဝန်ခံမှုနဲ့ လူသားဆန်မှုတွေ ပါဝင်တဲ့ သဘောတူညီချက်တရပ် ရနိုင်ဖို့ဖြစ်မယ်” လို့ သူမျှော်လင့်ကြောင်း ပုပ်ရဟန်းမင်း ကြီး Francis ကပြောပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်းမှာ ဒီကနေ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး လူ ၅၀ ဒဏ်ရာရခဲ့ပါတယ်။
လစ်ဗျားကမ်းလွန်ကနေ ပြီးခဲ့တဲ့ သတင်းပတ်တုန်းက ရွှေ့ပြောင်းအခြေချသူတွေကို ကယ်တင်လာတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ Aquarius သဘောၤကို အီတလီနဲ့ မော်လ်တာ နိုင်ငံတို့မှာ ကမ်းကပ်ခွင့် ငြင်းပယ်ခံခဲ့ရပြီးနောက် ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ စပိန်နိုင်ငံကို ဆိုက်ရောက်လာခဲ့ပါပြီ
အမေရိကန်နိုင်ငံသား ၉၀ % လောက်က ဘုရားသခင်ကို ယုံကြည်ကြပြီး ဘုရားသခင်ဟာ ဘယ်လိုပုံစံရှိမယ်လို့ ဒီအမေရိကန်တွေ ထင်ကြသလဲ ဆိုတာကို လေ့လာမှုတရပ် သုတေသနလုပ်ခဲ့ကြပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးတာတွေမှာ အမေရိကန် အစိုးရရဲ့ တောင်းဆိုချက်တွေကို ကောင်စီက လိုက်လျောနိုင်ခြင်းမရှိဘူးလို့ တက်ကြွလှုပ်ရှားသူတွေနဲ့ သံတမန်တွေကပြောပါ တယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးတို့ဟာ ထိုင်းနိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်ကို ဒီကနေ့ စတင်တာမှာ ညနေပိုင်းက ဘန်ကောက်မြို့ကို ရောက်သွားပြီ ဖြစ်ပါတယ်။ သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးတို့ဟာ ဝန်ကြီးချုပ် Prayut Chan-o-cha ရဲ့ ဖိတ်ကြားချက်အရ အခုလို သွားရောက်တာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်ဒေသမှာ စစ်ရေးအရ တင်းမာမှုတွေ လျော့ချရေးအတွက် ရည်ရွယ်ပြီး တောင်နဲ့ မြောက်ကိုရီးယားက ထိပ်တန်း စစ်ဘက်အရာရှိတွေ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဆယ်စုနှစ်တခုအတွင်း ပထမဆုံးအကြိမ် အခုလို တွေ့ဆုံခြင်းလဲ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ မကြာခင် မိနစ်ပိုင်းအတွင်းမှာ စတင်မှာ ဖြစ်ပါတယ်။ ပွဲဦးထွက်အဖြစ် အုပ်စု A က အိမ်ရှင် ရုရှားနဲ့ ဆော်ဒီအာရေးဗီးယားအသင်းတို့ ကစားကြမှာပါ။
ရိုဟင်ဂျာ ဒုက္ခသည်တွေ သူတို့ နေရပ်ရင်းကို ဂုဏ်သိက္ခာ ရှိရှိ လုံလုံခြုံခြုံ ပြန်နိုင်မယ့် အခြေနေတွေ ဖန်တီးပေးဖို့ ကုလသမဂ္ဂအဖွဲ့စည်း နှစ် ခုနဲ့ မြန်မာတို့ကြား မကြာသေးခင်ကမှရရှိခဲ့တဲ့ နားလည်မှုစာချွန်လွှာ MoU ပါ သဘောတူညီမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအဖွဲ့ UNHCR က ဘင်္ဂလားဒေ့ရှ် အစိုးရကို အကြမ်းဖျင်း ရှင်းလင်းပြောပြခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်