ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ရပ်နဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဇွန် ၁၃ နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်၊၊
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ စကာၤပူမှာ တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်ကို ပြန်လာပြီ ဖြစ်တဲ့ အမေရိကန် သမ္မတ Donald Trump က မြောက်ကိုရီးယားရဲ့နျူးကလီးယား ခြိမ်းခြောက်မှု မရှိတော့ဘူးလို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
၂၀၂၆ ခုနှစ် အတွက် ကမ္ဘာ့ဖလားဘောလုံးပွဲကိုတော့ ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန် ပြည်ထောင်စုတို့ ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပခွင့်ကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် FIFA က ပေးအပ်လိုက်ပါတယ်။
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Boris Johnson က မြန်မာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုံးနဲ့ ဆက်သွယ်ပြောကြားပြီး ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ ဖိအားပေးဖို့ ကြိုးစားခဲ့တဲ့ အကြောင်း တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အသက်၅နှစ်ကနေ ၁၇နှစ်အကြားရှိတဲ့ ကလေးဦးရေပေါင်း ၁၂သန်းရှိပါတယ်။ အဲဒီအထဲက ၁.၃သန်းဟာ ကလေး အလုပ်သမားတွေဖြစ်ပြီး ၆သိန်းလောက်က အသက်အန္တရယ်ကြုံရနိုင်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေကြရတယ် လို့ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့က ဇွန်လ၁၂ရက်နေ့ မနေ့တုန်းက ကျရောက်တဲ့ နိုင်ငံတကာ ကလေးလုပ်အားပပျောက် ရေးနေ့မှာ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း DVB ရုပ်မြင်သံကြားအစီအစဉ်ကနေ ထပ်ဆင့် ထုတ်လွှင့်ပေးနေတဲ့ RFA လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်းရဲ့ အပတ်စဉ်အစီအစဉ်တွေကို တနင်းလာနေ့ကစပြီး ရုပ်သိမ်းလိုက်ပြီဖြစ်တယ်လို့ RFA က ကြေညာပါတယ်။
သတင်းအကျဉ်းချုပ် ၀၆.၁၂.၂၀၁၈
အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ စကာၤပူမှာ ဒီကနေ့ လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက်ထဲမှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းဘက်က ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယား လုံး၀ ကင်းစင်ရေး သူ့ရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ထပ်ပြီး အာမခံခဲ့သလို အမေရိကန် သမ္မတ Donald Trump ဘက်ကတော့ မြောက်ကိုရီးယားနိုင်ငံကို လုံခြုံရေး အာမခံချက် ပေးဖို့ ကတိပြုခဲ့ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ရဲ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို စင်္ကာပူစံတော်ချိန် အင်္ဂါနေ့ မနက် ၉ နာရီ ဝါရှင်တန်စံတော်ချိန် တနင်္လာနေ့ည ၉ နာရီ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲမှာ စင်္ကာပူ Sentosa အပန်းဖြေကျွန်းရှိ Cappela ဟော်တယ်မှာ ကျင်းပနေပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ရဲ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို စင်္ကာပူစံတော်ချိန် အင်္ဂါနေ့ မနက် ၉ နာရီ ဝါရှင်တန်စံတော်ချိန် တနင်္လာနေ့ည ၉ နာရီ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲမှာ စင်္ကာပူ Sentosa အပမ်းဖြေကျွန်းရှိ Cappela ဟော်တယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ သူ့ရဲ့ ဘဝတသက်တာမှာ အရေးအပါဆုံး ဖြစ်လာနိုင်တဲ့ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် နာရီပိုင်းလောက်ပဲ လိုတော့တဲ့ အချိန်မှာ စိတ်အေးလက်အေးနဲ့ ယုံကြည်မှု အပြည့်ရှိတဲ့ ပုံတွေ့နေရပါတယ်။ သူဟာ စင်္ကာပူရဲ့ ညအလှကို ခံစားရင်း လက်ကိုင်ဖုံးနဲ့ ကိုယ့်ကိုယ်ကို ဓါတ်ပုံရိုက် ဆဲလ်ဖီဆွဲသလို ဘေးမှာ အားပေးသူတွေနဲ့ တွေ့ရတာပါ။
ရုရှားထောက်လှမ်းရေးလုပ်ငန်းအတွက် အထောက်အကူဖြစ်စေမယ့် ပစ္စည်းတွေနဲ့ နည်းပညာတွေ ပေးဖို့အတွက် မသမာတဲ့ ကွန်ပြူတာ ဆိုင်ဘာလှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲပြီးရုရှားက ကုမ္ပဏီ ၅ ခု နဲ့ လူပုဂ္ဂိုလ် ၃ ဦးကို အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့က အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးတို့ဟာ ဝန်ကြီးချုပ် Prayut Chan-o-cha ရဲ့ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံကို မကြာခင် သွားရောက် လည်ပတ်မှာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ရဲ့ ပထမဆုံးအကြိမ် ထိပ်သီးစည်းဝေးပွဲ မတိုင်ခင်မှာဘဲ ဒီ ဆွေးနွေးမှုက ထွက်လာတဲ့ ဘယ်ရလာဒ်မျိုးမဆိုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နဲ့ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ် ပစ်လွတ်မှုတွေကို အဆုံးသတ်စေမယ့် ရလဒ်မျိုး ဖြစ်မယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
စပိန် တင်းနစ်အကျော်အမော် Rafael Nadal ဟာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားတဲ့ ပြင်သစ် အိုးပင်းန် တင်းနစ်ပြိုင်ပွဲ အမျိုးသား တဦးချင်း ဗိုလ်လုပွဲမှာ သြစတြီးယား တင်းနစ်ကစားသမား Dominic Thiem ကို သုံးပွဲပြတ် အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
ထိပ်သီးအစည်းအဝေးလုပ်ဖို့ အမေရိကန်ဘက်က အဆင်သင့်ဖြစ်ပြီဆိုရင် သူ့အနေနဲ့လည်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ တွေ့ချင်ပါတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်Sheikh Hasina က ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် လေးချက်ပါ အဆိုပြုချက်တရပ်ကို တင်ပြလိုက်ပါတယ်။ ကနေဒါနိုင်ငံမှာ စနေနေ့ကကျင်းပတဲ့ G-7 ထိပ်သီးအစည်းအဝေးအပြီး အထူးတိုးချဲ့အစည်းအဝေးမှာ စီးပွား ရေးအင်အားကြီး ခုနစ်နိုင်ငံကို ဝန်ကြီးချုပ် Hasina က သူ့ရဲ့အဆိုပြုချက်ကို တင်ပြလိုက်တာပါ။
သမ္မတ Donald Trump ရဲ့ အရေးပါတဲ့ လက်ထောက်တဦးက ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာ “ကျနော်တို့ကို နောက်ကျော ဒါးနဲ့ထိုးတယ်” လို့ တနင်္ဂနွေနေ့က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေ အတွက် တန်းတူခွင့်ပညာသင်ကြားခွင့်နဲ့ လူ့အခွင့်အရေး တွေ အတွက် နှစ်မြုပ်ဆောင်ရွက်ခဲ့မှု အတွက် ရှေ့နေ ဦးကျော်လှအောင်ကို Aurora ဆု ချီးမြှင့်လိုက်ပြီး ဒေါ်လာ ၁ သန်း ၁ သိန်း ဆုချီးမြှင့်လိုက်ပါတယ်။ အာမေးနီးယား လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာသူတွေရဲ့ ကိုယ်စား Aurora လူသားချင်းစာနာမှုဆိုင်ရာ ဦးဆောင်လှုပ်ရှားမှုက ပေးအပ်တဲ့ ၂၀၁၈ ခုနှစ် အတွက် Aurora ဆုကို ရိုဟင်ဂျာ ရှေ့နေ ဦးကျော်လှအောင်ကို ချီးမြှင့်ခဲ့တာပါ။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ဖို့ အမေရိကန် သမ္မတ Donald Trump စကာၤပူနိုင်ငံကို ဒီကနေ့ ရောက်ရှိနေပါပြီ။ ဆွေးနွေးပွဲ အပေါ်မှာ ယုံကြည်မှု အပြည့်ရှိကြောင်းလည်း အမေရိကန် သမ္မတ Trump က ပြောဆိုထားတာပါ။
နောက်ထပ်ကြည့်ရှုရန်