မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်သွားဖို့ G 7 စက်မှုထိပ်သီး ၇ နိုင်ငံက ကတိပြုကြောင်း ပူးတွဲ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲကျင်းပဖို့ရက် နီးကပ်လာတာနဲ့ အမျှ စင်္ကာပူအာဏာပိုင်တွေကလည်း လုံခြုံရေးတွေကို တိုးမြှင့် ချမှတ်လာနေပြီ ဖြစ်ပါတယ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ရဲ့ မူလနေရာတွေကိုပဲဖြစ်ဖြစ်၊ သူတို့ရွေးချယ်တဲ့နေရာကိုပဲ ဖြစ်ဖြစ် ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်း ဂုဏ်သိက္ခာရှိစွာ ရေရှည်ခိုင်မာတဲ့နည်းလမ်းနဲ့ ပြန်နိုင်ရေး အခြေအနေတွေ ဖန်တီးရေး ကို အားပေးတဲ့ UNHCR ၊ UNDP နဲ့ မြန်မာအစိုးရတို့ကြား နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးတာကို ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဇွန်လ ၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တရပ်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စာနယ်ဇင်းပိုင်း ရဲစွမ်းသတ္တိအတွက် ၂၀၁၇ ခုနှစ် James Foley Medill ဆု ချီးမြှင့်လိုက်တဲ့အကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။
ဒီခေတ်ကြီးမှာ သတင်းတွေကို ရှောင်လွှဲလို့မရတဲ့ အနေထားဖြစ်နေပြီး အမေရိကန်ပြည်ထောင်စုမှာ ရေဒီယိုနဲ့ ရုပ်သံ သတင်းဌာနတွေ၊ သတင်းဝက်ဘ်ဆိုက်တွေနဲ့ ဆိုရှယ်မီဒီယာတွေကနေ ၂၄ နာရီပတ်လုံး သတင်းတွေ မပြတ်ရနေတာကြောင့် အမေရိကန်တွေဟာ သတင်းတွေများလွန်းတဲ့အတွက် စိတ်ပျက်ငြီးငွေ့ နေကြပုံပေါ်ပါတယ်
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဝင် အသင်းတွေထဲက ကြာသပတေးနေ့မှာ ခြေစမ်းပွဲကစားတဲ့ အသင်းတွေထဲမှာ အုပ်စု F က တောင်ကိုရီးယားအသင်းက ဘိုလီးဗီးယားအသင်းနဲ့ အိမ်ကွင်းမှာ ဂိုးမရှိသရေ ကျသွားပါတယ်။
“ဆက်စပ်နေတဲ့ သမိုင်းကြောင်းကိစ္စရပ်တွေအားလုံးကို မြန်မာနိုင်ငံပြင်ပက လူ အနည်းငယ်လောက်နဲ့ မြန်မာနိုင်ငံတွင်းမှာတောင်မှ လူအနည်းငယ်လောက်ပဲ သတိထားမိကြပါတယ်။ ဒါကြောင့် ဒါက ပြင်ပ ကမ္ဘာအတွက်တင် မဟုတ်ပါဘူး၊ နိုင်ငံတွင်းက ကျမတို့လူထုအနေနဲ့လည်း ဘာဖြစ်နေတယ်၊ ကျမတို့ လုပ်ဆောင်တာတွေဟာ ဘာ့ကြောင့်လုပ်တယ်ဆိုတာ နားလည်ဖို့လိုပါတယ်။"-ဒေါ်အောင်ဆန်းစုကြည်
ကနေဒါနိုင်ငံမှာ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) ညီလာခံအတွင်း အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေအပေါ် မဟာမိတ်တွေက ဝေဖန်မှုတွေ ကြုံရနိုင်ပေမဲ့ သမ္မတ Donald Trump ကတော့ သူ့မူဝါဒအတိုင်း အခိုင်အမာ ရပ်တည်သွားမှာဖြစ်ကြောင်း သမ္မတရဲ့ ထိပ်တန်းစီးပွားရေး အကြံပေးပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။
အမေရိကန်ထုတ် ပစ္စည်းတွေ အသုံးပြုခွင့် တားမြစ်လိုက်တဲ့အတွက် လုပ်ငန်းတွေထိခိုက်နေတဲ့ တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ ZTE ကို ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးဖို့ သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Ross က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ဇွန် ၉ ရက်မှာ ကျင်းပမယ့် အထူးတိုးချဲ့ညီလာခံမှာ ရိုဟင်ဂျာ ပဋိပက္ခ အပြင် ကိစ္စရပ်တော်တော်များများကို ဝန်ကြီးချုပ် Hasina က ပါဝင်ဆွေးနွေးဖို့ ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး A H မာမွတ်အာလီက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Global Peace Index လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အညွှန်းကိန်းအစီရင်ခံစာမှာ ဒီနှစ် မြန်မာနိုင်ငံဟာ ၁၅ မှတ် ကျသွားခဲ့ပြီး အဆင့် ၁၂၂ မှာ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝန်းက ယူဆထားတဲ့ ကုမ္ပဏီတခု အပါအဝင် တရုတ်နိုင်ငံက နည်းပညာလုပ်ငန်း ၄ ခုကို သတင်းအချက်အလက်တွေ ဝေမျှပေးဖို့ သဘောတူ လက်ခံထားခဲ့ကြောင်း Facebook အင်တာနက် လူမှုကွန်ယက်က ဝန်ခံပြောဆိုလိုက်ပါတယ်။
လက်ကိုင်အိတ်တွေနဲ့ နာမည်ကြီးတဲ့ ဒီဇိုင်နာ Kate Spade ကို သူ့နေထိုင်ရာ Park Avenue က တိုက်ခန်းအတွင်း မနေ့ အင်္ဂါနေ့က သေဆုံးနေတာကို တွေ့ခဲ့ရပြီး ရဲကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အဖြစ် ယူဆထားပါတယ်။
ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို နိုင်ငံတကာစုံစမ်းရေးမှူးတွေ ကူညီစုံစမ်းခွင့်ပြုဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်မှု စွပ်စွဲချက်အားလုံးကို စုံစမ်းဖော်ထုတ်မယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ကတိကို အသိအမှတ်ပြုပေမဲ့ အပြောထက် လက်တွေလုပ်တာကို မြင်လိုတယ်လို့ မြန်မာအစိုးရခေါင်းဆောင်တွေဆီ လုံခြုံရေးကောင်စီက ပေးပို့တဲ့စာထဲမှာ ပြတ်ပြတ်သားသား ရေးသားထားတယ်လို့ စာကိုဖတ်ရတဲ့ AP သတင်းဌာနက ပြောပါတယ်။
အီရန်နဲ့စီးပွားရေးဆက်လုပ်နေမယ်ဆိုရင် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေအနေနဲ့ အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်အရေးယူမှုအထိ ခံရနိုင်တယ်လို့သတိပေးလိုက်ပါတယ်။
၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Donald Trump ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး အဖွဲ့နဲ့ ရုရှားကြား ပတ်သက် ဆက်နွယ်မှုတွေကို နှစ်နဲ့ချီ စုံစမ်းစစ်ဆေးမှုမှာ ရှေ့နေချုပ် Jeff Sessions က မကြီးကြပ်ခဲ့တဲ့ အပေါ် သမ္မတ Donald Trump က ပြစ်တင်လိုက်ပြီး ဒီကနေ့ အင်္ဂါနေ့မှာ ရှေ့နေချုပ် Jeff Sessions ကို ထပ်မံပြီး ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက်လိုက်ပါတယ်။
အရေးပေါ် ရန်ပုံငွေ မရရင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ ထိခိုက်နိုင်တယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်း တခုဖြစ်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ IOM အဖွဲ့က ပြောဆိုလိုက်ပါတယ်။
သတင်းအကျဉ်းချုပ် ၀၆.၀၅.၂၀၁၈
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ ဧပြီလက အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ဟာ ဇွန်လလယ်မှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Faren Haq က တနင်္လာနေ့က VOA ကို အတည်ပြု ပြောကြားခဲ့ပါတယ်။
သမ္မတ Donald Trump က သူ့ကိုယ်သူ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးနိုင်တဲ့ “အကြွင်းမဲ့ အခွင့်အရေး” တခု သူ့မှာရှိတယ်လို့ တနင်္လာနေ့က ပြောလိုက်ပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲနဲ့ ရုရှားနိုင်ငံအကြား အဆက်အစပ်ကို ဖက်ဒရယ် အစိုးရက စုံစမ်းစစ်ဆေးနေတာဟာ “အခြေခံဥပဒေနဲ့ လုံးဝ ကိုက်ညီမှုမရှိဘူး” ဆိုပြီးတော့လည်း Twitter မှာရေးပါတယ်။
နောက်ထပ်ကြည့်ရှုရန်